cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသ ခန့်မှန်းချက်နှင့် စိုက်ပျိုးရေး အကြံပြုချက် 

. ရာသီဥတု သတင်းများ
စပါးကြဲပက်စိုက်ပျိုးနည်း (အခြောက်/အစို) Broadcasting (Wet/Dry)
  • ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ မေလ (၃၁)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂ဝ တွင် အချို့မြို့နယ်များတွင် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၆)အထိရှိတဲ့အတွက် မိုးရွာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

     

    စိုက်ပျိုးရေးအကြံပြုချက် 

    စပါးကြဲပက်စိုက်ပျိုးနည်း (အခြောက်/အစို) Broadcasting (Wet/Dry) 

     

    ၁။ မျိုးစေ့ချခြင်း  

    တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၂)တင်း အသုံးပြုရမည်။ အခြောက်ကြဲပက်စိုက်ပျိုးရာတွင် မျိုးစေ့ကို အခြောက်အတိုင်း ကြဲပက်ပြီး ကြမ်းရိုက်၍ ဖုံးအုပ်ရမည်။ အစိုကြဲပက်စိုက်ပျိုးရာတွင်စပါးစေ့များကို (၂၄)နာရီကြာ ရေစိမ်၍ ရေပေါ်ပေါ်သော မျိုးစေ့များကို ဖယ်ရှားကာ (၂၄)နာရီကြာ မျိုးအုပ်ရမည်။ မျိုးစပါးကို စာပါးစပ်ပြူ အနေအထားတွင် ကြဲပက်ရမည်။ မျိုးစေ့ကြဲပက်ရာတွင်ညီညာစေရန် ဂရုပြုရမည်။ မျိုးစေ့ကြဲပက်စက်ကိရိယာကို အသုံးပြု၍လည်း စိုက်ပျိုးနိုင်သည်။ မျိုးစေ့ချပြီးချိန်မှ (၅)ရက်အတွင်း ကြွက်၊ငှက်၊တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်းမှ ကြိုတင်ကာကွယ်မှုများပြုလုပ်ရမည်။ အပင်ပေါက်ပြီးနောက် (၁)လအတွင်း ကောက်ပင်ဖာခြင်းလုပ်ငန်းကို ဆောင်ရွက် ရပါမည်။ 

     

    ၂။ မြေဩဇာကျွေးခြင်း  

    နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ် သုံးစွဲပါ။ ကောက်ရိုး၊ နှမ်းရိုး၊ စပါးခွံစသည့် သီးနှံအကြွင်း အကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်ပါက အပင်၏ အနည်းလိုအာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။ ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ(၅)ရက်အလိုတွင် အိတ်ဝက်စီ(တစ်အိတ်/ဧကနှုန်း) မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာတစ်ဧက တစ်စိတ် (၁/၄အိတ်)/ဧက နှုန်း ထည့်သွင်းပေးပါ။ မြေဆီလွှာဓါတ်ခွဲခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံချက် ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်းအသုံးပြုပါ။ စပါးအရွက်အရောင်တိုင်းကဒ် (LCC)ကို အသုံးပြု၍ နိုက်ထရိုဂျင် ဓါတ်မြေဩဇာ လိုအပ်ချက်ကို အလွယ်တကူ သိရှိနိုင်ပါသည်။ 

     

    ၃။ ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း  

    ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ အပင်ပေါက်ပြီး(၂)ပတ်အတွင်း ရေမမြုပ်စေရန် သတိပြုရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက် (၂၀-၂၅)ရက် အတွင်းရေထုတ်ပေးရပါမည်။ ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေ သည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက် များအား နှိမ်နင်းနိုင်သည်။ လက်ဖြင့်ပေါင်းမြက်နုတ်ခြင်း၊ ပေါင်းသတ်ဆေးဖြင့်ဖြစ်စေ ပေါင်းမြက်နှိမ် နှင်းခြင်းကို အပင် ပေါက်ပြီး (၁) ပတ်မှ (၁)လအတွင်း ဆောင်ရွက်ရပါမည်။ စပါးမျိုးစေ့မကြဲမီနှင့် စပါးပင်ပေါက်ပြီး ပေါင်းပင်အမျိုးအစား ပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာ အသုံးပြုဖို့ တိုက်တွန်းလိုက်ရပါ တယ်ခင်ဗျာ။ 

    Source: စိုက်ပျိုးရေးဦးစီးဌာန 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes9comments0
views189views1284