ငါးချဉ်၊ ငါးပိကောင်၊ ရေကျိုငါးပိ၊ ငါးခြောက်ပြုလုပ်နည်းများ
- မိရိုးဖလာ ရေထွက်ကုန်များ ပြုလုပ်နည်း - ၁။ လတ်ဆတ်သော ငါးအသေးကောင်များ ရွေးချယ်လက်ခံခြင်း - ၂။ သန့်ရှင်းသော ရေဖြင့်ဆေးခြင်း - ၃။ ခေါင်းဖြတ်ခြင်း၊ အကြေးခွံချွတ်၊ အူထုတ်သန့်စင်ခြင်းနှင့် ရေဆေးခြင်း - ၄။ ငါးသေးလျှင် အကောင်လိုက်ငါးချဉ်ပြုလုပ်ခြင်း သို့မဟုတ် ငါးကြီးပါက အသားလွှာခြင်းနှင့် အရိုးထွင်ခြင်း - ၅။ အသားကြိတ်စက်ဖြင့် ကြိတ်ခြင်းနှင့် အလေးဖိ၍ ၃ နာရီခန့် ရေစစ်ခြင်း။ - ၆။ ထမင်း ၂၅%၊ ဆား ၅% နှင့်ရောခြင်း (ငါးချဉ်အဟောင်းထည့်လုပ်လျှင် ပိုမြန်သည်) - ၇။ အသားကြိတ်စက်ဖြင့် နောက်တစ်ကြိမ်ကြိတ်ခြင်း သို့မဟုတ် လက်ဖြင့်စေးပိုင်နေအောင် နာနာနှယ်ခြင်း။ - ၈။ အထုပ်သေးကလေးများအတွက် အလေးချိန်ချိန်ခြင်းနှင့် တောင်စွန်ဖက်၊ ငှက်ပျောဖက်တို့ဖြင့် ထုပ်ပိုးခြင်း။ - ၉။ အပူကာ ငါးထည့်ပုံးအတွင်းထည့်၍ ၂ ရက်၊ ၃ ရက်ခန့် အသားချဉ်လာအောင်ထားခြင်း။ - ၁၀။ အေး၍ ယင်လုံသောနေရာ သို့မဟုတ် အပူကာငါးထည့်ပုံးအတွင်း ထည့်၍ သိမ်းထားခြင်း။ - #ငါးအသားချဉ်ပြုလုပ်နည်း (ကုန်ချောထွက်ရာခိုင်နှုန်းမှာ ၅၀% ဖြစ်သည်) - ၁။ လတ်ဆတ်သော ငါးအကောင်များ ရွေးချယ်လက်ခံခြင်း - ၂။ သန့်ရှင်းသော ရေဖြင့်ဆေးခြင်း - ၃။ ခေါင်းဖြတ်ခြင်း၊ အကြေးခွံချွတ်ခြင်း၊ အူထုတ်သန့်စင်ခြင်းနှင့် ရေဆေးခြင်း - ၄။ အသားလွှာခြင်း သို့မဟုတ် ငါးအသားပြုလုပ်ခြင်း၊ အရိုးထွင်ခြင်းနှင့် အသားကြိတ်စက်ဖြင့် ကြိတ်ခြင်း။ - ၅။ ထမင်း ၁၀% မှ ၂၅%၊ ဆား ၅%၊ သကြားအနည်းငယ်၊ ငရုတ်သီးအနည်းငယ်နှင့်ရောနှောခြင်း - (ငါးချဉ်အဟောင်းထည့်လုပ်လျှင် ပိုမြန်သည်) - ၆။ လက်ဖြင့်စေးပိုင်နေအောင် နာနာနှယ်ခြင်း။ - ၇။ အထုပ်သေးကလေးများအတွက် အလေးချိန်ချိန်ခြင်းနှင့် တောင်စွန်ဖက်၊ ငှက်ပျောဖက်တို့ဖြင့် ထုပ်ပိုးခြင်း။ - ၈။ အေး၍ယင်လုံသောနေရာ သို့မဟုတ် အပူကာငါးထည့်ပုံးအတွင်း ထည့်၍သိမ်းထားခြင်း။ - ငါးချဉ်/ငါးအသားချဉ် ပြုလုပ်သော ကုန်ကြမ်းအမျိုးအစားများ - ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးဘတ်၊ ငါးဖယ်၊ ငါးရံ့၊ ငါးခုံးမ၊ ငါးဘဲ - ရိုးရိုးအခန်းအပူချိန်တွင်ထားပါက သက်တမ်း ၅ ရက်မှ ၇ ရက်ခန့်အထားခံ၍ ရေခဲသေတ္တာအပူချိန် ၅ မှ ၇ ဒီဂရီစင်တီဂရိတ်တွင် ထားပါက သက်တမ်း ၁ လခန့် အထားခံပါသည်။ - #ငါးခြောက်ပြုလုပ်နည်း (ကုန်ချောထွက်ရာခိုင်နှုန်းမှာ ၂၅% မှ ၃၅% ဖြစ်သည်) - ၁။ လတ်ဆတ်သော ရေချို၊ရေငံငါးများ ရွေးချယ်လက်ခံခြင်း - ၂။ ငါးအေကြးထိုး၊ အူထုတ်သန့်စင်ခြင်းနှင့် ကိုင်တွယ်ခြင်း(ငါးအကောင်လိုက်၊ ထက်ခြမ်းခွဲ၊ အမြှောင်းလိုက်၊ ငါးအသားတုံး) - ၃။ သန့်ရှင်းသောရေဖြင့်ဆေးခြင်းနှင့် ၁၅ မိနစ်မှ နာရီဝက်ခန့်ရေစစ်ခြင်း။(ငါးအကောင်ကြီးပါက အချိန်ကြာမြင့်စွာ ရေစစ်ရပါမည်) - ၄။ သန့်ရှင်း၍ဆားပွင့်သေားသော ဆား ၅% မှ ၁၀% ဖြင့် အခြောက်နယ်ခြင်း သို့မဟုတ် ဆားရည်ပျစ်ပျစ်စိမ်ခြင်း - ၅။ ပလတ်စတစ်ခြင်းတွင် အလေးဖိ၍ တစ်ရက် သို့မဟုတ် တစ်ရက်ခွဲခန့်ထားခြင်း - ၆။ ဆားအငန်ပေါ့သွားစေရန် ရေဆေးခြင်းနှင့် ရေစစ်ခြင်း။ - ၇။ အခြောက်လှမ်းစင်ပေါ်တွင် မိုးရေကာဖျင်စ သို့မဟုတ် ပလတ်စတစ်အခင်း ခင်း၍ နေပူတွင် ၂ ရက်မှ သုံးရက်ခန့် နေလှန်းခြင်း( နေလှန်းနေစဉ် ၂ နာရီ၊ ၃ နာရီခြားတခါ အခြောက်ညီစေရန် လှန်းပေးရပါမည်။ - ၈။ အမျိုးအစား၊ အရွယ်အစားတူရာရွေး၍ ပီနံအိတ် သို့မဟုတ် မြွေရေခွံအိတ်အတွင်းသို့ ပလတ်စတစ်အိတ်ခဲ၍ ထုပ်ပိုးခြင်း။ - ၉။ အေး၍ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းထားခြင်း။ - အသုံးပြုသော ကုန်ကြမ်းအမျိုးအစားများ - ရေချို၊ ရေငန် ငါးမျိုးစုံ- ငါးရံ့၊ ကက္ကူရံ၊ ကသမျှင်၊ ငါးကျည်း၊ ငါးနုသန်း၊ ငါးတန်၊ ငါးခုံးမ၊ ငါးနှပ်(အာြဗဲ)၊ ငါးကွန်းရှပ်၊ ငါးမဲလုံး၊ ငါးကျီးကန်း၊ ငါးတံခွန်၊ ငါးစင်ရိုင်း၊ ငါးလိပ်စွန်၊ ငါးလိပ်ကျောက်၊ ငါးမြီးတံသွယ်၊ ငါးပုတ်သင်၊ နတ်ကတော်၊ ငါးတီ၊ ငါးနီတူ၊ ငါးဘတ်၊ ငါးကုန်းညို၊ ငါးမြွေထိုး၊ ငါးပုလွေ၊ ကသပိုး။ - #ငါးဆားနယ်/ငါးပိကောင်ပြုလုပ်နည်း - ၁။ လတ်ဆတ်သောရေချို၊ ရေငန်ငါးများ ရွေးချယ်လက်ခံခြင်း - ၂။ ငါးအကြေးထိုး အူထုတ်သန့်စင်ခြင်းနှင့် ရေဖြင့်သန့်အောင်ဆေးခြင်း (ငါးအကောင်လိုက်၊ ထက်ခြမ်းခွဲ၊ အမြှောင်းလိုက်၊ ငါးအသားတုံး) - ၃။ ဆား ၂၀% (သို့) ၃၀%ဖြင့် အခြောက်နယ်ခြင်း (သို့) ဆားရည်ပျစ်ပျစ်စိမ်ခြင်း - ၄။ ၂ ရက်မှ ၃ ရက်ခန့် စိမ်ထားခြင်း - ၅။ ဆားပေါ့သွားစေရန် ရေဆေးခြင်းနှင့် နေပူတွင် နေ့ဝက်ခန့် နေလှန်းခြင်း - ၆။ အရွယ်အစား၊ အမျိုးအစား၊ အလေးချိန်တူရာချိန်၍ ထုပ်ပိုးခြင်း - ၇။ ကြာရှည်ခံနိုင်အောင် သိုလှောင်သိမ်းဆည်းထားခြင်း (ငါးပိနပ်လျှင် အနံ့မွှေး၊ အသားကြေ) - အသုံးပြုသော ကုန်ကြမ်းအမျိုးအစားများ - ငါးရံ့၊ ငါးဘတ်၊ ငါးခူ၊ ငါးသလောက်၊ သင်ဝါ၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးဖယ်အောင်း၊ တီလားပီးယား၊ ငါးဇင်းပြား၊ ငါးဒါးလွယ်။ - #ငါးငပိ/ရေကျိုငါးပိပြုလုပ်ခြင်း (ကုန်ချောထွက်ရာခိုင်နှုန်းမှာ ၆၅% မှ ၇၅%ဖြစ်သည်) - ၁။ လတ်ဆတ်သော ရေချိုငါးအကောင်ကြီး/ငယ်များ ရွေးချယ်လက်ခံခြင်း - ၂။ ငါးအကြေးခွံချွတ်ခြင်း၊ ဗိုက်ဖောက်၊ အူထုတ်သန့်စင်ခြင်းနှင့် သန့်ရှင်းသောရေဖြင့် ရေဆေးခြင်းနှင့် ရေစစ်ခြင်း - ၃။ ငါးနှင့်ဆား ၁၀% ခန့်ရောနယ်၍ စဉ့်အိုး(သို့) ပလတ်စတစ်ဗန်း (သို့) သစ်သားစည်တွင် အလေးဖိ၍ တစ်ရက်၊ တစ်ရက်ခွဲခန့်ထားခြင်း - ၄။ နေပူတွင် တစ်ရက်မှ နှစ်ရက်ခန့် နေလှန်းခြင်းနှင့် ဆား ၁၅% (သို့) ၂၀%ထိ ထပ်ထည့်၍ ငရုတ်ဆုံတွင် ကျည်ပွေ့ဖြင့်ထောင်းခြင်း - ၅။ အချို့ထုတ်လုပ်သူများသည် ဆန်/ဆန်ကွဲ ခပ်ပျစ်ပျစ်ကျိုပြီး အအေးခံကာ ငါးနှင့်ရောသိပ်ကြပါသည်(အချိုးအစား ၂.၅ %) - ၆။ ထောင်းထားသောငါးများအား စဉ့်အိုးတွင် လေလုံအောင် ၄-၆ လကြာ ဖိသိပ်သိုလှောင်ခြင်း(ယင်သတိပြုရန်) - ၇။ သင့်တော်သော အလေးချိန်ချိန်၍ထုပ်ပိုးခြင်း - အသုံးပြုသော ကုန်ကြမ်းအမျိုးအစားများ - ငါးရံ့၊ ငါးပြေမ၊ ငါးဖယ်၊ ငါးဇင်ရိုင်း၊ ငါးခွေးလျှာ၊ ငါးပုလွေ၊ ငါးတံခွန်၊ ငါးပုတ်သင်၊ ငါးပြား၊ ငါးဖျင်းသလက်၊ ငါးမြီးတံသွယ်။ - Photo crd. - ------ - Update from WorldFish Myanmar - Feed the Future Burma Fish for Livelihoods funded by USAIDစာစောင်မှကောက်နှုတ်ချက် - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
