cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၂၇.၅.၂၀၂၄ မှ ၃၁.၅.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲက တစ်လအတွင်း တစ်တန်ကို ၃ သိန်းနီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။
  • တစ်ပတ်အတွင်းမှာ‌တော့ ငွေကြေးဈေးတည်ငြိမ်မှု မရှိပဲ ငွေလဲလှယ်နှုန်းဈေး မြင့်တက်တာ တွေကြောင့် ပို့ကုန်ပဲ အပါအဝင် ပဲ အများစု ဈေးမြင့်တက်လာပါတယ်။ ဈေးမြင့်တက် နေတာ ဖြစ်တဲ့အတွက် အရောင်းတွေကတော့ ရှိပေမယ့် အဝယ်ကတော့ အနည်းငယ် အေးနေတဲ့ အခြေအနေ ဖြစ်တယ်လို့သိရပါတယ်။ ပဲ တစ်အိတ်ကို အနိမ့်ဆုံး ၅၀၀၀ ကနေ အမြင့်ဆုံး ၅၀၀၀၀ အထိ ဈေးမြင့်တက်နေပါတယ်။

    မတ်ပဲ

    မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း ဒေါ်လာ ဈေးမြင့်တက်လာတဲ့ အတွက်ကြောင့် ပဲဈေးတွေက မြင့်တက်လာတာဖြစ်ပါတယ်။ ဈေးကွက်အတွင်းမှာတော့ ငွေကြေး‌ဈေး တည်ငြိမ်မှု မရှိတာကြောင့် အရောင်းအဝယ်တွေလည်း အေးနေပြီး ကုန်သည်တွေ အနေနဲ့ စောင့်ကြည့် နေကြတယ်လို့ သိရပါတယ်။

    ပြည်တွင်းမှာတော့ ငွေကြေးဈေး မတည်ငြိမ်မှုတွေက ပဲ ဈေးတွေကို မြင့်တက်နေစေသလို အိန္ဒိယနိုင် ငံမှာလည်း အခုနှစ် ရာသီမှာ ရာသီဥတုအခြေအကြောင့် ပဲမျိုးစုံ ထုတ်လုပ်နိုင်မှုက ၃၀ ရာခိုင်နှုန်း လောက် လျော့ကျနိုင်မယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားတာကြောင့် လက်ရှိရွေးကောက်ပွဲ ပြီးပါက ပဲ ဈေးမြင့်တက်မှုက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ မြင့်လာဦးမယ်လို့ အိန္ဒိယကုန်သည်တွေက ခန့်မှန်းထားကြောင်း အိန္ဒိယပဲ သတင်းတွေအရ သိရပါတယ်။

    ယခင် အခြေအနေက အိန္ဒိယပဲဈေး မြင့်တက်လာမှ ပြည်တွင်း မတ်ပဲ ဈေး မြင့်တက်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေကတော့ မြန်မာပြည်တွင်း ပဲ ဈေး မြင့်တက်လာမှုကို စောင့်ကြည့်ပြီး အမြင့်ဈေး နဲ့ ရောင်းဝယ်နေကြတာ ဖြစ်လို့ အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၂၂၅ ပေါက်ဈေးရှိနေပြီး ၁၇၅ ရူပီး မြင့်တက်လာပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၈၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၁၉၇၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၇၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၂၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၆၁၅ မှ ၅၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၂၅ ကျပ်ဈေး မြင့်တက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၁၅ ဒေါ်လာ မြင့်တက်လာပါတယ်။

    မတ်ပဲက တစ်လအတွင်း တစ်တန်ကို ၃ သိန်းနီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း မတ်ပဲ နည်းတူ ငွေကြေးဖောင်းပွမှုကြောင့် ဈေးတွေ မြင့်တက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။‌ ဈေးကွက်အတွင်းမှာတော့ ပဲ လက်ကျန်က နည်းနေတာ ဖြစ်ပြီး မငြိမ်သက် ဖြစ်နေတဲ့ ငွေကြေးဈေးကွက်ကြောင့် အဝယ်နားထားတဲ့ အခြေအနေ ဖြစ်တယ်လို့ ကုန်သည်အချို့ ထံကနေ သိရပါတယ်။ လှောင်လက် အချို့ကလည်း လက်ရှိ ငွေကြေးဈေး အခြေအနေရယ် အိန္ဒိယပဲ လိုအပ်မှု အခြေအနေတွေ ကို စောင့်ကြည့်ပြီး အရောင်းသိပ်မလုပ်ကြဘူးလို့လည်း သိရပါတယ်။

    အိန္ဒိယနိုင်ငံတွင်း မှာပဲစင်းငုံနီရဲ့ ဈေးမြင့်တက်လာမှုက ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့ပြီး ၃၀ ရာခိုင်နှုန်း ထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားကြပြီး အထွက်နှုန်းကလည်း ၂၀ ရာခိုင်နှုန်းထက် မနည်း လျော့ကျမယ်လို့ ထုတ်ပြန်ထားတဲ့ အတွက် ပဲစင်းငုံနီကတော့ လာမယ့် ကာလ အတွင်း အတက်ဈေး နဲ့ ပဲ ရှိနိုင်မှာ ဖြစ်တယ်လို့သုံးသပ်မှု တွေ ရှိပါတယ်။

    အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၆၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၂၂၅ ရူပီး ဈေးမြင့်တက်လာခဲ့ပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၅၅၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၂၅၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ပဲစင်းငုံနီက မေလ တစ်လ အတွင်း တစ်တန်ကို ၄ သိန်းကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်လျော့ပေမယ့် ဈေးကတော့ကျဆင်းသွားခဲ့ပါတယ်။ နယ်စုံကနေ အဝင်ရှိနေပါတယ်။ အဆက်မပြတ် မိုးရွာတဲ့အတွက် ဈေးကွက်ထဲ တစ်ပတ်အတွင်း အဝင်လျော့သွားပေမယ့်လည်း မိုးကြောင့် ပျက်စီးဆုံးရှုံးပြီး အရည်အသွေးပိုင်းဆိုင်ရာ အားနည်းတဲ့ အတွက်ကြောင့် ဈေးကောင်းမရရှိဘူးလို့လည်း သိရပါတယ်။ နေ့စဉ် ဘုရင့်နောင် ဈေးကွက်ထဲကို ပိဿာချိန် ၁သိန်း နှင့် ၁ သိန်း ခွဲ ကြား အဝင်ရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၅၀၀ မှ ၂၂၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းပါတယ်။ အခြား အမျိုးအစား ဖြစ်တဲ့ မြင်းခြံ၊တောင်တွင်း၊မင်းဘူး၊ရွှေဘို၊မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၂၀၀ ကနေ ၂၃၀၀ ကြားရှိနေပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    ပခုက္ကူ ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၂၀၀ မှ ၁၈၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၃၀၀ ကျပ်‌ဈေးကျဆင်းပါတယ်။

    ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ လ နဲ့ ယှဉ်ရင် တစ်လအတွင်း တစ်ပိဿာကို ၅၀၀ နီးပါး‌ ဈေးကျဆင်းသွားခဲ့ပါတယ်။

    ငရုတ်

    ပန်းရဲ နဲ့ မြှားနီ ငရုတ်က ဆက်တိုက်ဈေးမြင့်တက်နေခဲ့တာဖြစ်ပါတယ်။ ဈေးမြင့်တက်သလောက် လည်း အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ မြှားနီက တစ်ပိဿာကို ၅၅၀၀ မှ ၅၇၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ပန်းရဲကတော့ တစ်ပိဿာကို ၅၈၀၀ မှ ၆၀၀၀ ပေါက်‌ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ငရုတ် ပန်းရဲ နဲ့ မြှားနီက ပြီးခဲ့ လ နဲ့ နှိုင်းယှဉ် ရင် တစ်ပိဿာကို ၁၅၀၀ နီးပါးဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

    ငရုတ်ဆင်ဖြူကျွန်းက လက်ရှိမှာ တစ်ပိဿာကို ၁၁၅၀၀ မှ ၁၂၀၀၀ ရှိပြီး ဈေးငြိမ်နေပေမယ့် ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင်တော့ တစ်လအတွင်း တစ်ပိဿာကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါ တယ်။

    မေမီမောင်(AMIA)

    .......

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views169views2201