cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် စပါး၊ ငါးအကြံပြုချက်  

. ရာသီဥတု သတင်းများ
(မကွေးတိုင်းဒေသကြီး)   
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ မြို့နယ်တွင် မိုးရွာရန် (၁၅)ရာခိုင်နှုန်းမှ (၉၀)ရာခိုင်နှုန်း၊ မင်းဘူးမြို့နယ်တွင် မိုးရွာရန် (၁၅)ရာခိုင်နှုန်းမှ (၉ဝ) ရာခိုင်နှုန်း၊ စလင်းမြို့နယ်တွင် မိုးရွာရန် (၆)ရာခိုင်နှုန်းမှ (၆၅)ရာခိုင်နှုန်း၊ စေတုတ္တရာမြို့နယ်တွင် မိုးရွာရန် (၇) ရာခိုင်နှုန်းမှ (၄၉)ရာခိုင်နှုန်း၊ အသီးသီးရှိပြီး ဇွန်လ (၃)ရက်နေ့နှင့် (၄)ရက်နေ့များတွင် တိမ်ထူ မိုးအုံ့၍ ကျန်ရက် များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 

    စိုက်ပျိုးရေးအကြံပြုချက် 

    မြေပဲစိုက်ခင်း ပေါင်းနှိမ်နင်းနည်း 

    မြေပဲစိုက်ခင်းတွင် အပင်သက်တမ်း ၄၅ ရက်မတိုင်ခင်မှာ ပေါင်းကို ကို နိုင်အောင် မနှိမ်နင်းနိုင်ဘူးဆိုရင် အထွက်ကို ထိခိုက်နိုင်ပါတယ်။ လက်ပေါင်းလိုက်ပြီး နှိမ်နင်းနိုင်သလို ဓါတုဆေး အသုံးပြုပြီးလည်း နှိမ်နင်းနိုင် ပါတယ်။ 

    လက်ပေါင်းလိုက်ခြင်း 

    - ပထမအဆင့်ကို စိုက်ပျိုးပြီး (၇) ရက်ခန့်မှာ ပြုလုပ်ပေးပါ။၊ 

    - ဒုတိယအဆင့်ကိုတော့ စိုက်ပျိုးပြီး ၂၁-၂၈ ရက်အတွင်း နှိမ်နင်းပေးပါ။ 

    - နောက်ဆုံး ပေါင်းသင်အဆင့်မှာတော့ ပေါင်းကြီးထွားမှုပေါ် မူတည်ပြီး၊ စိုက်ပျိုးပြီး ရက် ၆၀ ထက် နောက်မကျဘဲ ပြုလုပ်ရပါမယ်။ 

    ဓါတုဆေးဖြင့်ပေါင်းနှိမ်နင်းခြင်း 

    ဓါတုဆေး အနေနဲ့က မျိုးစေ့ချပြီး ၁-၃ ရက်အတွင်း “ကြိုတင်ပေါင်းသတ်ဆေး” (မျိုးညှောင့်မပေါက်မီ သုံးသောဆေး) Pendimethalin ( ပန်ဒီမီသလင်း) တစ်ဧကလျှင် တစ်လီတာ မှ တစ်လီတာခွဲကို ဆေးဖျန်းပုံး ၁၀ ပုံးမှာ ဖျော်ပြီး နှိမ်နင်းနိုင်ပါတယ်။ ပေါင်းပင်ပေါက်ရောက်မှု အခြေအနေ အလွန်များပြားနေပါက “ရွေးချယ်ပေါင်း သတ်ဆေး” ကို မြေပဲပင်များ မစိုက်ပျိုးမီ အသုံးပြုရပါမယ်။ စိုက်ပျိုးပြီးနောက်ပိုင်း ပေါင်းပင်များကို ရေ (၄) ဂါလံမှာ ဟာလိုဇီဖော့ပ်-အာရ်-မီသိုင်း စားပွဲတင်ဇွန်း ၂-၃ ဇွန်း နှုန်းဖြင့် ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။ 

    ပေါင်းသတ်ဆေးများ သုံးပြီးပြီးချင်း မြေပဲကို ချက်ချင်းစိုက်ပျိုးခြင်းကို ဦးကြီးတို့ ရှောင်ကြဉ်သင့်ပါတယ်။ မြေပဲစိုက်ပြီးနောက်ပိုင်း ပေါင်းသတ်ဆေး အသုံးပြုရန် လိုအပ်လာပါက မြေပဲပင်ငယ်လေးများကို ထိခိုက်မှု မရှိစေဖို့ အရှိန်မပြင်းတဲ့ ဆေးဖျန်းခေါင်းကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။ 

    Source- ICRISAT 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် 

    ဇွန်လ ပထမပတ်အတွင်း မိုးဆက်လက် ရွာသွန်းမှာဖြစ်တဲ့အတွက် အောက်ပါအချက်တွေကို ဆောင်ရွက် ထားဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ 

    - ပုဇွန်ကန်များအနေဖြင့် ကန်ရေလှည့်ပေးရန်၊ 

    - မနက်စောစောတွင် ကန်နံဘေးတွင် ပုဇွန်များ ကပ်နေခြင်းရှိ/မရှိ စစ်ဆေးပေးရန်၊ 

    - မိုးရွာချိန် အပူချိန် ရုတ်တရက်ပြောင်းလဲနိုင်သဖြင့် ဂရုစိုက်ရန်၊ 

    - မိုးအုံ့ချိန်၊ မိုးရွာချိန်တွင် အစာကျွေးခြင်း ရပ်ထားရန်၊  

    - မျိုးငါးများ ကန်အတွင်းမထည့်မီ ကန်အတွင်းရှိ ရေအနည်းငယ်ယူ၍ အဆိုပါရေဖြင့် မျိုးငါးများကို တစ်ခုခုထဲထည့်ပြီးမှ ကန်အတွင်းသို့ ထည့်ပေးရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက -

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes5comments0
views232views2173