ငါးလေးဖရုံလုံးကြော်
အရွယ်ရောက်ပြီးသူများအတွက် ၄၈ ဂရမ်(၃ ကျပ်သား) အထက်နှင့် ၆လ-၂၃လ အရွယ် ကလေးငယ်များအတွက် ၂၄ ဂရမ်(၁ ကျပ်ခွဲသား)သည် တစ်နေ့တာအတွက် အာဟာရဓာတ်များကို အလုံအလောက်ဖြည့်ဆည်းပေးနိုင်ပါသည်။
ငရုတ်ဆုံနှင့် ငရုတ်ကျည်ပွေ့၊ လက်လှည့်ကြိတ်စက်၊ ဇွန်း၊ ဓား၊ ပန်းကန်နှင့် ကြော်ရန်ဒယ်အိုး
ငါးကလေးများ(ငါးဉီးခေါင်းအပါအဝင်) - ၁၈-၂၀ ကောင်
ပြုတ်ပြီးချေထားသော ဖရုံသီး - ဟင်းချိုပန်းကန်လုံးအသေးတဝက်
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၄ မွှာ
ဂျင်း - ၂ စိတ်
နနွင်း - ဇွန်းသေးတဝက်
အိုင်အိုဒင်းဆား - အနည်းငယ်
ဆီ - အသင့်အတင့်
၁။ ဟင်းလျာမပြင်ဆင်မီ လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။
၂။ ငါးကို ရေဖြင့်(၂)ကြိမ် ဆေးကြောပါ၊ ငါးဦးခေါင်းကိုမဖြတ်ရ။
၃။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းကို ရော၍ထောင်းပြီး ဘေးတွင်တင်ထားပါ။
၄။ ငါးငယ်လေးများကို တစ်ကောင်လုံး ကြေညက်သည်အထိ ထောင်းပါ သို့မဟုတ် ကြိတ်ပါ။
၅။ ငါးကို ပန်းကန်ထဲတွင် ထည့်ထားပါ၊ ပြီးနောက် ချေထားသည့်ဖရုံသီးကို ထည့်ပါ။
၆။ ထောင်းထားသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့မှ အရည်ညှစ်ယူပါ။
၇။ နနွင်းနှင့် အိုင်အိုဒင်းဆားအနည်းငယ်ကို လိုသလောက်ထည့်ပါ။
၈။ အနေတော်အလုံးလေးများ လုံးပါ။
၉။ ဖရုံသီးနှင့်ငါးအလုံးလေးများကို ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါ။
ဤဟင်းလျာချက်ပြုတ်နည်းတွင် လိုအပ်သောငါးပမာဏမှာ ၁၂.၅ ကျပ်သား(အဝက်သား)ဖြစ်သည်။
------
Update from WorldFish Myanmar
Feed the Future Burma Fish for Livelihoods funded by USAIDစာစောင်မှကောက်နှုတ်ချက်
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။