cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲမျိုးစုံတွင် အဓိကကျရောက်သော ပိုးမွှားများ

. ပိုးမွှား
ပုံနှင့်တကွ အသေးစိတ် ဖော်ပြပေးထားပါသည်။
  • ၁။ ငမြောင်တောင် 

    သိပ္ပံအမည် - Spodoptera litura 

    လက္ခဏာရပ် 

    ပျိုးခင်းတွင် ဆိုးဝါးစွာ ကျရောက်သည်။ အပင်ငယ်စဉ်တွင် အရွက်အစိမ်းပိုင်းကို စုပြုံ၍ ခြစ်စားကြသဖြင့် အရွက်များ ရွက်ကြောသာကျန်ပြီး အစိမ်းရောင် ပျောက်နေ၍ ဇကာပေါက်ကဲ့သို့ ဖြစ်မည်။ အကောင်ကြီး အဆင့်တွင် အရွက်များကို ကိုက်ဖြတ်စားကြသည်။ အချို့အပင်ငယ် များကို အရင်းမှ ကိုက်ဖြတ်ချတတ်သည်။ 

    ကျရောက်ချိန် 

    ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျှောက် ကျရောက်နိုင် ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    ပေါင်းမြက်များရှင်းလင်းပါ။ 

    ထယ်ရေးနက်နက်ထွန်ပေးပါ။ 

    မြေပြင်ချိန်တွင် ပိုးသတ်ဆေး 

    တမျိုးမျိုးထည့်ပါ ။ 

    မီးထောင်ချောက်ထွန်းပါ။ 

    ထိသေစားသေ ပိုးသတ်ဆေး တစ်မျိုးမျိုးအား ညနေပိုင်း တွင် 

    ပက်ဖျန်းပါ။ 


  • article
  • ၂။ ပင်စည်ထိုးယင် 

    သိပ္ပံအမည် - Ophiomyia phaseoli 

    လက္ခဏာရပ် 

    ပိုးလောက်ကောင်သည် အရွက်၏ အတွင်းသားကို ထွင်းဖောက်စားသောက်သဖြင့်အရွက်၏ အစိမ်းသားအရောင် ဖျော့လာကာ အဝါရောင်မှ မီးလောင်ထား သကဲ့သို့ တဖြည်းဖြည်း ခြောက်သွား သည်။ ခဝေးမှကြည့်ပါ ကပဲစိုက်ခင်း များမှာ တသားတည်း အစိမ်းရောင်မရှိပဲ ဖျာတချပ်ခန့် အကျယ်အဝန်းရှိသည့် အဝါ ရောင်ကွက်များ ဟိုတကွက် ဒီတကွက် ဖြစ်ပေါ်နေသည်ကို တွေ့ရပါသည်။ 

    ကျရောက်ချိန် 

    အပင်ငယ်စဉ်တွင် ကျရောက်ပါသည်။(စစိုက်ချိန်မှ ၄၅ ရက် အတွင်း) 

    ကာကွယ်နှိမ်နင်းနည်း 

    မြေပြင်ချိန်တွင် ပိုးသတ်ဆေး တမျိုးမျိုး ထည့်ပါ ။ ဖျက်ဆီးမှုလက္ခဏာ တွေ့ရသောအပင်များကို နှုတ်ယူ မီးရှို့ဖျက်ဆီးပါ။ အရွက်နုထွက်ချိန်မှစ၍ ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်း ကာကွယ် ပါ ။ 



  • article
  • ၃။ ပဲတောင့်ထိုးပိုး 

    သိပ္ပံအမည် Maruca testulalis 

    လက္ခဏာရပ် 

    အရွက်၊ အဖူး၊ အပွင့်တို့ကို လောက် ကောင်၏ ပါးစပ်မှထွက်သော ချည်မျှင်ဖြင့်လုံးထွေးလျှက်စားသောက်ဖျက်ဆီးသည်။ 

    ပိုးပေါက်ဖြစ်နေသောအသီးတောင့်ကိုခွဲကြည့်ပါ ကပဲစေ့ကို 

    စားသောက်နေသောပိုးလောက်ကောင်ကို တွေ့ရမည်။ အပေါက် ၏ ဘေးပတ်လည်တွင် ပိုးချေးများကို တွေ့နိုင်သည်။ 

    ကျရောက်ချိန် 

    ပန်းပွင့်ချိန်မှစ၍ ပင်ပိုင်း ကြီးထွားချိန် တစ်လျှောက် ကျရောက်နိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    ချည်မျှင်ဖြင့် လုံးထွေးလျှက် စားသောက်ဖျက်ဆီးထား 

    အရွက်၊ အဖူး၊ အပွင့် တို့ကို ခူးယူဖျက်ဆီးပါ။ ကျရောက်မှုများပါက အဖူး 

    ဝင်ချိန်တွင် ထိသေစားသေပိုးသတ်ဆေး တမျိုးမျိုးပက်ဖျန်းပါ။ 



  • article
  • ၄။ ပဲစေ့ထိုးပိုး 

    သိပ္ပံအမည် Callosobruchus spp. 

    လက္ခဏာရပ် 

    လောက်ကောင်များသည် အစေ့အဆံတွင်း သို့ ဝင်ရောက်စားသောက်၍ အပေါက်ရာ များနှင့် အမှုန်များကို တွေ့ရမည်။ ပဲစေ့ မျက်နှာပြင်တွင် ဘဲဥပုံ အဖြူ ရောင်ဥလေး များကို သိသာစွာ မြင်ရသည်။ 

    ကျရောက်ချိန် 

    စိုက်ခင်းမှ သိုလှောင်ချိန်ထိ ကျရောက်နိုင်သည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    သိုလှောင်ရုံများတွင် အဆိပ်ငွေ့အာနိသင်ရှိသော 

    ဆေးပြားများထည့်၍နှိမ်နင်းနိုင်သည်။ 



  • article
  • ၅။ သရစ်ပိုး 

    သိပ္ပံအမည် - Thrips tabaci 

    လက္ခဏာရပ် 

    ခေါင်ညွန့်သေခြင်း၊ ပန်းပွင့်များ ရေစိုနာ ကွက်ဖြစ်၍အရောင်ပြောင်းခြင်း၊ပုံသဏ္ဍာန် မမှန်ခြင်းတို့ဖြစ်မည်။ အရွက်များ လိပ်၍ ကုပ်နေသည်ကို တွေ့ရသည်။ 

    ကျရောက်ချိန် 

    ပျိုးပင်ပေါက်အဆင့်မှ ခူးဆွတ်ရိတ်သိမ်းချိန်ထိ ကျရောက်နိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    ပေါင်းမြက်များရှင်းလင်းပါ။ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။ ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။ 



  • article
  • ၆။ ယင်ဖြူ  

    သိပ္ပံအမည် - Bemisia tabaci 

    လက္ခဏာရပ် 

    ယင်ဖြူသည် အဝါရောင်မိုစေ့ရောဂါကို အဓိကသယ်ဆောင်သည့် ပိုးဖြစ်သည်။ အရွက်များအောက်မျက်နှာပြင်တွင် အဖြူရောင် အကြေးမှုန်စက်ကလေးများ တွေ့ရှိရသည်။ အပင်ကို ခါကြည့်ပါက ဖလံနှင့် တူသော အဖြူရောင် အကောင်ငယ်များ လျှင်မြန်စွာ ပျံထွက်လာပြီး အရွက်အောက်မျက်နှာပြင် တွင် ပြန်လည် တွယ်ကပ်ပြီး ငြိမ်နေ တတ်သည်။ 

    ကျရောက်ချိန် 

    မိုးနှောင်းရာသီတွင် တွေ့ရ တတ်သည်။  

    ကာကွယ်နှိမ်နင်းနည်း 

    ယင်ဖြူများရှိနေတတ်သည့် လက်ခံပင်များကို သီးနှံ မစိုက်ခင်တွင် ဖယ်ရှားပါ။ ရောဂါရ ပင်ကြွင်းပင်ကျန် များကို မီးရှို့ပါ။ သီးလှည့် စိုက်ပါ။ ထယ်ရေး နက်နက် ထိုးပါ။ အပင် စိပ်စိပ်စိုက်ခြင်းမှ ရှောင်ပါ။ အရွက်အောက်မျက်နှာပြင် ရောက်အောင် ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။ 



  • article
  • ၇။ ပျ 

    သိပ္ပံအမည် - Aphis craceivora 

    လက္ခဏာရပ် 

    ပျပိုးသည် ပန်းဖူးကို စုပ်စားသည်။ ပင်စည် အပေါ်ပိုင်းအရွက်နှင့် အသီးများ၊ ပင်ရည် များကိုစုပ်စားသည်။ပျပိုးကြောင့်တိုက်ရိုက် ဖျက်ဆီးမှုသည် ... မများသော်လည်း အပင်ပု ရောဂါကို သယ်ဆောင် ပြန့်ပွားခြင်းသည် အဓိကအရေးကြီးပါသည်။ ရောဂါကျနေ သော အပင်သည် ပုသည်။ အရွက်များ သေးငယ်ပြီး ဝါနေပါသည်။ ပင်စည် အခြေတွင် နီညိုရောင်၊ ကြေးနီရောင် ဖြစ်နေပါသည်။ 

    ကျရောက်ချိန် 

    အရွက်နု၊ ပင်စည်၊ အသီး ပေါ်တွင်ကျတတ်သည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး ဖြန်းပေးပါ။ ဥပမာ-အဆီဖိတ် 


  • article
likes13comments0
views526views3063