cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းစဥ်အမြင်သဘောထားဖြေဆိုပြီးဖုန်းဘေကံစမ်းမယ်

. ငါးမွေးမြူရေးသတင်း
အခုပဲ ဖုန်းဘေကံစမ်းကြရအောင်
  • ငါး/ပုစွန် တောင်သူများ ပိုမို အဆင်ပြေစေရန်၊ နှင့် ထွက်တိုးမှ မည်သည့်နည်းပညာများ ပိုမို ထောက်ပံ့ရန်၊ ပတ်ဝန်းကျင် နှင့် ဆက်စပ်သော အကျိုး/ဆိုးကျိုးများ ပိုမို ပညာပေးနိုင်ရန် ရည်ရွယ်ပါသည်။

    ငါး/ပုစွန် တောင်သူများ၏ ငါး/ပုစွန်မွေးမြူခြင်း လုပ်ငန်း စဥ်အမြင်သဘောထားသိရှိနိုင်ရန် အတွက် မေးခွန်း (၆) ခုကို ဖြေဆိုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တောင်သူဦးကြီးများမှ သဘောထားမှတ်ချက်ပေးရန်မေးခွန်းများမှာ

    ၁။ ငါး/ပုစွန်ကန်၏ ရေအရည်အသွေးကို ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။

    ၂။ သင်၏ ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းတွင် သုံးသည့် အချို့သော (အစာကျွေးခြင်း၊ မြေသြဇာ အသုံးပြုခြင်း၊ စသည့်...) အလေ့အထများသည်ရေကိုညစ်ညမ်းစေပါသည်။

    ၃။ မမှန်ကန်သော အစာကျွေးခြင်း အလေ့အထများသည် သင့်ငါး/ပုစွန်ကန်ပတ်ဝန်း ကျင်ကို အန္တရာယ်ဖြစ်စေသည်။

    ၄။ ရေတွင် ပျော်ဝင်နေသည့် အောက်ဆီဂျင် ပမာဏ နှင့် အခြား ရေအရည်အသွေး အတိုင်းအတာများကို ပုံမှန်စစ်ဆေးခြင်းသည် သင့်ကန်အတွင်းသာမက အနီးနားပတ်ဝန်းကျင်တွင်လည်း လုပ်ဆောင်သင့်ပါသည်။

    ၅။ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ငါး/ပုစွန်မွေးမြူခြင်းဆိုင်ရာ အလေ့အကျင့် များအတွက် ငါး/ပုစွန်များ၏ကျန်းမာရေးကို ပုံမှန် စောင့်ကြည့်စစ်ဆေးခြင်းသည် အရေး ကြီးသည်။ (ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်သာမက ငါးပုစွန်များ၏ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများကို ကန့်သတ်ရန်လည်းဖြစ်သည်။)

    ၆။ အကယ်၍ ငါးပုစွန်များ၏ ကုန်ထုတ်စွမ်းအားနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကို တိုးမြှင့်လိုလျှင်၊ ငါးအစာကျွေးရမည့်ပမာဏ (FCR) တွက်ချက်ပြီးကျွေးခြင်း(ငါးကန်အတွင်းရှိ ငါးအလေးချိန်၏ ရာခိုင်နှုန်းပေါ်တွင်မူတည်၍ကျွေးရမည့် ပမာဏကိုတွက် ချက်ခြင်း) သည် ငါးမွေးမြူရေးအတွက် အဓိကကျသောလုပ်ဆောင်ချက်ဖြစ်သည်။

    ဖော်ပြပါလင့် https://forms.office.com/r/w8n39VkPG2 မှာ ဝင်ရောက်မှတ်ချက်ပေးနိုင်သလို လျှောက်ထားလွာ သို့မဟုတ် စကန်ဖတ်ပြီးတော့လည်း မှတ်ချက်ပေးနိုင်ပါတယ်။

    ပါဝင်ဖြေဆိုပေးသော တောင်သူဦးကြီး များထဲမှ တောင်သူ (၂၀) ဦးကိုရွေးချယ်ပြီး ဖုန်းဘေ ၂၀၀၀ကျပ်စီချီးမြှင့်သွားမည်ဖြစ်ပါသည်။ နှစ်ပတ်လျှင် (၅) ဦးနှုန်းဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

    မှတ်ချက်ပေးရာတွင် တစုံတရာ အဆင်မပြေမှုများရှိပါက ထွက်တိုး ကောစန်တာ ၀၉၉၇၇၉၁၀၀၀၀ ကို ရုံးချိန်အတွင်း ဆက်သွယ်ပြီး အကြံအဉာဏ်ရယူနိုင်ပါတယ်နော်။

    ***လင့်/ လျှောက်ထားလွာ တွင်ဝင်ရောက်မှတ်ချက်မပေးသောသူများကို ဖုန်းဘေမဲဖောက်ရာတွင် ပါဝင်စဥ်းစားပေးမည် မဟုတ်ပါ။

    ဖြေဆိုနည်းကို အသေးစိတ်လေ့လာရန်_ https://htwettoe.com/post/49317


  • article
likes41comments14
views464views8718