ငါးမြစ်ချင်းရဲ့ စိတ်ဝင်စားစရာအချက်များ
ငါးမြစ်ချင်းဟာ ရေချိုငါးဖြစ်ပြီး တောင်အာရှမှာ တွေ့ရများပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာလည်း တွေ့ရတက်ပါတယ်။
မျိုးပွားခြင်း
ငါးမြစ်ချင်းဟာ သဘာဝနည်းအားဖြင့်ဆိုရင် ၃ နှစ်သားမှာ အရွယ်ရောက်မိတ်လိုက်ကြလေ့ရှိပါတယ်။ ငါးမြစ်ချင်းအမတစ်ကောင်ဟာ ဥရေ (၀.၃)သန်းခန့်ထိ ဥနိုင်ပါတယ်။ ရေရှင်ဖြစ်တဲ့ မြစ်ချောင်းများတွင် ဥဥလေ့ရှိပြီး ဧပြီလနှင့် ဇူလိုင်လများတွင် ဥလေ့ရှိပါတယ်။ သို့သော် ငါးမြစ်ချင်းကို ဆေးထိုးသားဖောက်နည်းဖြင့်လည်း မျိုးပွားလို့ရပါတယ်။
ပြုစုစောင့်ရှောင်နည်း
ငါးမြစ်ချင်းမွေးမယ်ဆိုရင်တော့ ငါးကန်အမျိုးအစား (၃)မျိုးခွဲထားနိုင်ရင် ကောင်းပါတယ်။ နံပါတ်တစ်က ငါးမှုန်ပျိုးတဲ့ကန်၊ နံပါတ်နှစ်က ငါးမှုန်ကနေ ငါးသားပေါက် အထိမွေးတဲ့ကန်နဲ့၊ နံပါတ်သုံးကတော့ အကောင်ကြီးအထိမွေးတဲ့ကန်ဆိုပြီး ခွဲထားသင့်ပါတယ်။
စိတ်ဝင်စားစရာအချက်များ
- ငါးမြစ်ချင်းမှာ စိတ်ဝင်စားစရာအချက်တွေ ရှိပါတယ်-
- ပတ်ဝန်းကျင်အနေအထား အမျိုးမျိုးမှာ ရှင်သန်ပေါက်ဖွားနိုင်ခြင်း
- အပင်မျှောလှေးနဲ့ အကောင်မျှောလှေးနှစ်ခုလုံးကို စားသုံးပြီး အသက်ရှင်နိုင်ခြင်း
- စားသုံးမှုများလာခြင်း
အာဟာရဓါတ်ပါဝင်မှု
- ဗိုက်တာမင် အေ၊ ဘီ၊ စီနဲ့ ဒီ ပါဝင်ခြင်း
- အိုမီဂါသရီး ဖက်တီအက်စစ်ပါဝင်ခြင်း
- ပရိုတင်း၊ ကယ်လ်စီယမ်၊ သံဓါတ်နှင့် ဇင့်ဓါတ်ပါဝင်ခြင်း
ထွက်တိုး
Source: https://ostrali.com/characteristics-of-rohu-fish-in-points/
------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
https://htwettoe.com/organization/4
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။