cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၃.၆.၂၀၂၄ မှ ၇.၆.၂၀၂၄)

. ဈေးကွက်သတင်းများ
တစ်လလုံး ဆက်တိုက် ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲက မေလ ပထမပတ်မှာ စတင် ဈေး ကျဆင်း သွားပါတယ်။
  • မတ်ပဲ

    ပြီးခဲ့တဲ့ တစ်လလုံး ဆက်တိုက် ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲက မေလ ပထမပတ်မှာ စတင် ဈေး ကျဆင်း သွားပါတယ်။ ငွေကြေးလဲလှယ်နှုန်းကြောင့် ဈေးမြင့်တက်ခဲ့ပြီးနောက် အစိုးရက ဒေါ်လာ ဈေး ကို ထိန်းချုပ်ခဲ့ပြီး တစ်ပတ်အတွင်း ပဲဈေးတွေ ဈေးပြန်ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေပေမယ့် ငွေကြေးဈေးအခြေအနေကြောင့် လှောင်ထားပြီး စောင့်ကြည့်နေတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ကုန်သည်အချို့ ထံကနေ သိရပါတယ်။

    အိန္ဒိယနိုင်ငံမှာလည်း ရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်လို့ တက်လာမယ့် အစိုးရက ပဲဈေး မြင့်တက် နေတာတွေ နဲ့ပတ်သတ်ပြီး ဘယ်လို ထိန်းချုပ်မလဲ ဆိုတာစောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ် နေပါတယ်။

    ဒါပေမယ့် အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်တဲ့ ၂၀၂၃/၂၀၂၄ ကောက်ပဲ သီးနှံအထွက်နှုန်း တတိယအကြို ခန့်မှန်းချက်ကတော့ ပြီးခဲ့တဲ့ ရာသီနဲ့ စာရင် ပဲမျိုးစုံ ထွက်ရှိမှု နှုန်းက ၆ ရာခိုင်နှုန်းခန့် အထွက်နှုန်းလျော့ခဲ့ပြီး မတ်ပဲက ပြီးခဲ့တဲ့ ရာသီက ၂.၉၁ သန်းရှိခဲ့ရာမှ အခု ခန့်မှန်းချက်အရ ၂.၆၃သန်းသာ ရှိတယ်လို့ အိန္ဒိယသတင်းစာတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။

    အိန္ဒိယလိုအပ်ချက်က ဆက်ရှိနေမှာ ဖြစ်ပေမယ့် မတ်ပဲကို မြန်မာအပြင် အခြား ဘရာဇီးနိုင်ငံ၊ အာဂျင်တီးနား နိုင်ငံတို့ကပါ တင်သွင်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။

    လက်ရှိ အခြေအနေအရကတော့ မြန်မာနည်းတူ အိန္ဒိယနိုင်ငံမှာပါ ဈေးနှုန်းတွေ ကျဆင်းနေတာ ဖြစ်ပြီး တော့ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၁၅၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၇၅ ရူပီး ဈေးကျဆင်းသွားပါတယ်။ 

    ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၈၉၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို  ၃၆၇၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၅၀ မှ ၅၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ် ဈေးအနည်းငယ်သာ ကျဆင်းပါတယ်။ ပြည်တွင်း လက်ကျန် လည်း နည်းနေတာ ဖြစ်ပြီး လက်ရှိ ငွေဈေးအခြေအနေ နဲ့ အိန္ဒိယလိုအပ်ချက်တွေကြောင့် ဈေးကွက်ထဲ အရောင်းအဝယ် သိပ်မရှိဘူးလို့ သိရပါတယ်။ လှောင်ထားနေဆဲ အခြေအနေ ဖြစ်တာကြောင့် ပဲဈေးက အများကြီး ကျဆင်းနိုင်ခြေ မရှိဘူးလို့လည်း ကုန်သည်အချို့က ခန့်မှန်းပါတယ်။

    အိန္ဒိယက ထုတ်ပြန်တဲ့ အထွက်နှုန်း ခန့်မှန်းချက်မှာတော့ ပဲစင်းငုံနီက ၃.၃၁ သန်းကနေ ၃.၃၉ သန်းထိ ထွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။အမှန်တကယ် ထွက်မယ်မထွက်ဆိုတာကတော့ စောင့်ကြည့် ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ရာသီဥတု အခြေအနေ မကောင်း တာကြောင့် ပဲစင်းငုံနီရဲ့ အထွက်နှုန်းက ၂၀ ရာခိုင်နှုန်းထွက် မနည်း လျော့ကျမယ်လို့ ကုန်သည်တွေက ခန့်မှန်းခဲ့လို့ လာမယ့် ကာလအတွင်းမှာလည်း အတက်ဈေးနဲ့ ပဲ ရှိနိုင်ဦးမယ်လို့ ဆိုထားကြပါတယ်။

    အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၁၀၀ ရူပီး ဈေးကျဆင်းပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၄၅၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၅၀၀၀ ကျပ်သာ ဈေးကျဆင်းပါတယ်။ 

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာတော့ ဈေးမြင့်တက်ပေမယ့် နယ်ဈေးကွက်တွေမှာတော့ အနည်းငယ်ဈေးပြန်ကျဆင်းသွားတဲ့ အခြေအနေပါ။ ဈေးကွက်ထဲ ပဲတွေ အဝင်များတဲ့အတွက် အနည်းငယ်ဈေးပြန်ကျဆင်းသွားတာ ဖြစ်သလို ဈေးကွက်ထဲ ငွေလဲလှယ်နှုန်းဈေး အခြေအနေကြောင့် အဝယ်နည်းပြီး အရောင်းများလို့လည်း သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်၊ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၈၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၅ ကျပ်၊ ပဲတီစိမ်းဝါးခယ်မကတော့ တစ်ပိဿာကို ၃၁၃၀ မှ ၄၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၆၅၀၀၀ မှ ၁၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ နယ်ဈေးကွက်တွေ ဖြစ်တဲ့ ပခုက္ကူ၊မုံရွာ တို့ မှာလည်း တစ်တင်းကို ၃၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

    ကုလားပဲ

    ကုလားပဲ ဈေးတွေလည်း ဈေးကွက်အတွင်း ကျဆင်းသွားပါတယ်။ အရောင်းအဝယ် အနည်းငယ် ရှိ နေပေမယ့် အကျဈေး နဲ့ ရှိနေလို့ ပါးတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ငွေကြေး‌ဈေး အခြေအနေ စောင့်ကြည့်တာရယ် ပဲ အဝင်များတာရယ်ကြောင့် ဈေးချ ဝယ်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၁၆၅ မှ ၄၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ကုလားပဲလုံးဖြူကြီး ကတစ်ပိဿာကို ၄၃၃၀ မှ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ ခြမ်းကတော့ တစ်ပိဿာကို ၅၄၅၀ မှ ၅၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ကုလားပဲလုံးv2 က တစ်အိတ်ကို ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ကုလားပဲ 929 က တစ်အိတ်ကို ၂၃၈၀၀၀ မှ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၂၈၀၀၀ မှ ၂၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

    မေမီမောင်(AMIA)

    ---

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes5comments0
views115views3237