cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲစင်းငုံသီးနှံတစ်ဧက(၂၅) တင်း ထွက်ရှိရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်

. စိုက်ပျိုးနည်းစနစ်များ
အပင်ငယ်စဉ်လှေး၊ကျိုင်း၊မွှား၊ပင်ကူးနီစသည့်ပိုးများကျတက်သောကြောင့်ပင်လုံးပြန့်သတ္တိရှိသည့်ဆေးတစ်မျိုးမျိုးပတ်ဖျန်းပါ။(
  • ကြိုတင်ပြင်ဆင်ခြင်း 


    တစ်ဧက သဘာဝမြေဩဇာနွားချေး (၁၀၀-၁၅၀)တင်းရော၍ နေရာနှံ့အောင်ချပါ။နွားထယ် (သို့)ထွန်စက်ကြီးနှင့် တစ်စပ်ကမ်းပြိုအောင် အနည်းဆုံးအနက်(၆)လက်မ ရအောင်ထိုးပြီး ယူရီးယား(၈)ပြည်၊ တီဆူပါ(၂၄)ပြည်၊ပိုတက်(၁၂)ပြည်၊ ဂျစ်ပဆန်(၂၀)ပြည်ကို သမအောင်ရောမွှေပြီး မြေခံကျဲပတ်ပါ။ထွန်းရေးကောင်းစွာ ညက်အောင်သုံးစပ်မွှေပါ။ ရေဝပ်ခြင်းကင်းဝေရန်မြေမျက်နှာပြင် ညီညာစွာညှိပေးပါ။အပင်ငယ်စဉ် ရေဝပ်ပါက တစ်ညအိပ်ပင်မခံနိုင်ပါ။ မျိုးအဖြစ် မုံရွာရွှေဒင်္ဂါး ၊သူဌေးကန်၊ ရေဆင်း(၆)၊ ရေဆင်း(၇)မျိုးများကို အထွက်ကောင်းမျိုးများ အသုံးပြုပါ။မြေတွင်းအောင်းပိုးများ ကာကွယ်ရန် ဖျူရာဒန်(၁-၃)ပိဿာ/ဧကစိုက်ပျိုးမည့်မျိုးစေ့ဖြင့်လူးနယ်စိုက်ပျိုးပါ။ 


    စိုက်ပျိုးခြင်း 


    ( ၀၁ ရက်) 


    အပင်ပေါက်ကောင်း၍အပင်ပေါက်ညီညာရန်ပဲစင်းငုံမျိုးစေ့များကိုနာရီဝက်ခန့်ရေစိမ်ပြီးပဲမြစ်ဖုဇီဝမြေဩဇာတစ်ထုတ်နှင့်သ မအောင်ရောမွှေပြီးမှစိုက်ပါ။အပင်ငယ်စဉ်ညိုးသေရောဂါကျတက်သောကြောင့်မှိုသတ်ဆေးတစ်မျိုးမျိုးကိုမျိုးစေ့တစ်ပြည်လျှင်(၁)ဂရမ်နှုန်းဖြင့် လူးနယ်စိုက်ပါ၊ သက်ကြီးမျိုးအတွက် တစ်ဧကအပင်ဦးရေ(၉၆၀၀)ပင်၊သက်လတ်မျိုးအား တစ်ဧက (၁၄၅၂၀)ပင်၊ သက်လျှင်တစ်ဧက (၄၃၅၆၀)ပင်၊ဝင် ဆန့်ရန်အတွက်မျိုးစေ့နှုန်း(၄-၆)ပြည်နှုန်းသုံးပါ။အပင်ပေါက်ညီညာ၍အ ပင်ပေါက်ကောင်းရန်ထယ်ရေးအတွင်းမျိုးစေ့အတိမ်အနက်(၁-၂)လက်အတွင်းရအောင်စိုက်ပါ။ 


    (၀၄ ရက်) 


    အစေ့မှ စတင်အပင်ပေါက်သည်။  


    (၁၅ရက်) 


    အပင်ပေါက်စုံသည်။ပင်ညိုးရောဂါကာကွယ်ရန်မှုသတ်ဆေးတစ်မျိုးမျိုးပတ်ဖျန်းပါ။အပင်ငယ်စဉ်လှေး၊ကျိုင်း၊မွှား၊ပင်ကူးနီစသည့်ပိုးများကျတက်သောကြောင့်ပင်လုံးပြန့်သတ္တိရှိသည့်ဆေးတစ်မျိုးမျိုးပတ်ဖျန်းပါ။(မွှာ၊ပင်ကူးသည်ပင်ဖိုမှိုစိတ်ရောဂါကိုသယ်ဆောင်သောပိုးဖြစ်သည်။  


    (၁၅ရက်-၅ရက်) 


    ပဲပင်များကြီးထွားသန်မာဖြစ်ထွန်းရန်(NPK)နှင့်အနည်းလိုအာဟာရဓာတ်များပါဝင်သောရွက်ဖျန်းမြေဩဇာများတွင်နိုက်ထရိုဂျင်အချိုးများသည့်သင့်တော်သောရွက်ဖျန်းမြေဩဇာတစ်မျိုးမျိုးကို(၁၅)ရက်ခြားတစ်ကြိမ်ဖြင့်(၃)ကြိမ်ပတ်ဖျန်းပါ။ 


    (၁၅ရက်-၆၀ရက်) 


    ရွက်ဖောက်၊ လှေး၊ ကျိင်း၊ ရွက်စားပိုး၊ ငမြောင်တောင် ၊ပျပိုး၊ သရစ် ၊လှေးပိုး၊ ပွင့်ထွေး၍ရွက်ကပ်ပိုး ၊မွှာပင့်ကူးနီ စသည့်ပိုးများမကျရောက်စေရန် (၁၅-၆၀)ရက်သားအထိ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုး(သို့) အခြားထိသေဆေးတစ်မျိုးမျိုးဖြင့် ပတ်ဖျန်းပါ။ သီးနှံသက်တမ်းတလျောက် လုံးပင်ညိုးရောဂါ ၊ဖားဥမှိုရောဂါ၊ သံချေးမှိုရောဂါ၊ ရွက်ခြောက်ရောဂါ ကျရောက်တက်၍ သင့်တော်သော ပိုးသတ်ဆေးတစ်မျိုးမျိုးကို (၁၅)ရက်ခြားတစ်ကြိမ် (၄) ကြိမ်ပတ်ဖျန်း ပါ။  


    (၂၀ရက်-၆၀ရက်) 


    ပေါင်းမြက်ကင်းစင်ရန်(၂၀)ရက်သားလျှင်ကြားထွန်းလိုက်ပါ။(၂၅)ရက်သားတွင်သံထွန်းလိုက်ပါ။(၃၀)ရက်သားတွင်ပေါက် ပြားပေါင်းလိုက်ပါ။(၆၀)ရက်သားတွင်ပေါင်းမြက်ကင်းစင်ရန်နှင့်ရရှိထားသောမိုးရေနှင့်အစိုဓာတ်ကိုထိန်းသိမ်းနိုင်ရန်ထယ် ကြောင်းထိုးပါ။ပန်းပွင့်ချိန်တွင်ပွင့်အားကောင်း၍သီးတောင့်များရန်(NPK)အချိုးမြေဩဇာများတွင်(P)နှင့်(K)အချိုးများသောသီးပွင့်ရွက်မြေဩဇာ(၁၀)ရက်ခြား(၂)ကြိမ်ဖျန်းပါ။(သို့)ယူရီးယား(၄.၅)ဇွန်းနှင့်လက်ချား(၁)ဇွန်း၊ရေတစ်ဂါလံနှင့်ရောပြီးတစ်ဧက(၂၀)ဂါလံနှုန်း ဖျန်းပါ။  


    (၈၀ရက်-၉၀ရက်) 


    တစ်တောင့်ပါအောင်စေ့အရေအတွက် သတ်မှတ်ချက်အတိုင်း ရရှိရန်လိုအပ်ပါသည်။ တစ်တောင့်လျှင် အောင်စေ့(၃-၄)စေ့ပါရှိရန် သီးတောင့်ဖြစ်ချိန်၊ အစေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုး ဂရုစိုက်ပါ။ပင်လုံးပြန့်သတ္တိရှိသော ဆေးတစ်မျိုးမျိုးနှင့် ထိသေအာနိသင်ရှိဆေးတစ်မျိုးမျိုးအား တစ်လှည့်စီဖျန်းပါ။ အစေ့အဆံဖြစ်ထွန်းချိန်တွင် (NPK) အချိုးရွက်ဖျန်းမြေဩဇာများတွင် (P)နှင့်(K)အချိုးများသည့်ရွက်ဖျန်းမြေဩဇာတစ်မျိုးမျိုးပတ်ဖျန်းပါ။ 


    ရိတ်သိမ်းခြင်း 


    (၁၀၅ရက်-၁၄၀ရက်) 


    အတောင့်များ(၇၅-၈၅)%ရင့်မှည့်ချိန်တွင်ဆွတ်ခူးရိတ်သိမ်းပါ။(၇-၁၄)ရက်အထိနေလှန်သန့်စင်၍အစိုဓာတ်(၈-၁၀)% အောက်ထားရှိပြီးသိုလှောင်ပါ။သိုလှောင်ရာတွင်အစေ့ထိုးပိုးဝင်ရောက်တက်သဖြင့်ဆေးနှင့်လူးနယ်သိုလှောင်ပါ။  


    စိုက်ပျိုးရေးဦးစီးဌာန 

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes14comments0
views123views3474