cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“မြေချဉ်လျှင် ထုံး နှင့် ဒိုလိုမိုက် ဘယ်ဟာကို ဦးစားပေး သုံးသင့်သလဲ "

. မြေဆီလွှာ
သီးနှံစိုက်ခင်းတွေမှာ ကယ်လစီယမ် ( Ca ) နှင့် မဂ္ဂနီစီယမ် ( Mg ) တို့ဟာ နှစ်မျိုးလုံး အရေးပါသော်လည်း Ca သည် Mg ထက်ပို၍များသော ပမာဏလိုအပ်ပါသည်။
  •     မြေချဉ်လျှင် ကယ်လစီယမ်ထုံး ( calcitic lime ) သုံးရမည်ဟူသော ကိစ္စမှာ တစ်ကမ္ဘာလုံးက ထောက်ခံထားသော်လည်း ဒိုလိုမိုက်ထုံး ( dolomite lime ) သုံးစွဲမှုအပေါ် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မဆိုထားနှင့် သုတေသနထွန်းကားသော နိုင်ငံကြီးတွေ၌ပင်လျှင် အငြင်းပွား နေသော အကြောင်းအရာတွေ ရှိနေပါတယ်။ 

      အဘယ့်ကြောင့်နည်း? တောင်သူတွေနားလည်အောင် အနည်းငယ်ရှင်းပြပေးပါမည်။  

                     သီးနှံစိုက်ခင်းတွေမှာ ကယ်လစီယမ် ( Ca ) နှင့် မဂ္ဂနီစီယမ် ( Mg ) တို့ဟာ နှစ်မျိုးလုံး အရေးပါသော်လည်း Ca သည် Mg ထက်ပို၍များသော ပမာဏလိုအပ်ပါသည်။ စိုက်ပျိုးမြေတွေရဲ့ Ca , Mg လိုအပ်မှုကို အချိုးချပြရရင် 

     - သဲဆန်သော မြေတွေမှာ Ca-Mg အချိုး ၇:၁ 

     - ရွံ့စေးမြေတွေမှာ Ca-Mg အချိုး ၁၀- ၁ လိုအပ်သည်ဟု ညွှန်းဆိုကြပါသည်။  

                  ထို့ကြောင့် ဘယ်နေရာမှာဖြစ်ဖြစ် Ca သည် Mg ထက်ပို၍ လိုအပ်ပါသည်။ Ca နှင့် Mg အချိုးချင်းနီးစပ်လာတာမျိုး ( ဥပမာ Ca-Mg အချိုး ၃:၁ / ၂:၁ ) ၊Ca နဲ့ Mg ပမာဏတူ ဖြစ်လာတာမျိုးဆိုလျှင် မဂ္ဂနီစီယမ် လွန်ကဲမှုပြသနာများ ဖြစ်ပေါ်လာနိုင်သည်ဟု အဆိုပြုသော အဖွဲ့အစည်းများ ရှိပါသည်။ 

       ထိုအဖွဲ့အစည်းများက Ca ၂၀% ကျော်နှင့် Mg ၁၀% ကျော်ပါဝင်ပြီး 

    Ca - Mg အချိုး ၂ : ၁ ခန့်ရှိသော ဒိုလိုမိုက်ကို နှစ်စဉ်သုံးစွဲခြင်းဖြင့် မဂ္ဂနီစီယမ် ဖောင်းပွမှု ပြသနာများ ရှိလာနိုင်သည်ဟု ထောက်ပြပါသည်။ 

         ထိုအချက်ကို ထောက်ခံသူများရှိသလို ဆန့်ကျင် ကန့်ကွက်သူများလည်း ရှိပါသည်။ စိုက်ခင်းတွေ ထဲမှာ မဂ္ဂနီစီယမ် များပြားလာခြင်းသည် ဘာပြသနာမှ မရှိ၊ ဒိုလိုမိုက်ကို နှစ်စဉ် အသုံးပြုလို့ ရသည် ဟုဆိုသော အဖွဲ့အစည်းများလည်း ရှိနေပါသည်။ 

        အဲဒီတော့ ကျွန်တော်တို့ မည်သို့ ဆုံးဖြတ်ကြမည်နည်း ။ 

        အခြားအချက်အလက်တွေကို ကြည့်ကြအုံးစို့။ 

       ထုံးနှင့် ဒိုလိုမိုက်သည် မြေချဉ်ကို ပြုပြင်ပေးနိုင်ပုံချင်း တူသော်လည်း ထုံး၏ အလုပ်လုပ်မှုက ပို၍ မြန်ဆန်ပါသည်။ မြေချဉ်ကို ထုံးထည့်လျှင် အကျိုးရလဒ်ကို တစ်လ နှစ်လ အတွင်း ရရှိနိုင်သော်လည်း ဒိုလိုမိုက်က နှစ်လမှ လေးလအထိ ကြာမြင့်တတ်ပါသည်။ 

    အကျိုးရလဒ်မြန်ဆန်ခြင်းက ထုံး၏အားသာချက်ဖြစ်ပြီး မဂ္ဂနီစီယမ် ပါဝင်ခြင်းက ဒိုလိုမိုက်၏ အားသာချက်ဖြစ်သည်။ 

    ဒါဆိုလျှင်ကိုယ့်စိုက်ခင်းက မဂ္ဂနီစီယမ် မချို့တဲ့ဘူးထင်ရင် ထုံးကိုသာ ရွေးခြယ်သင့်ပြီး မဂ္ဂနီစီယမ် ချို့တဲ့သည် ထင်လျှင်တော့ ဒိုလိုမိုက်ကို ရွေးခြယ်ရမည်ဖြစ်သည်။ 

        မဂ္ဂနီစီယမ် ချို့တဲ့လား မချို့တဲ့ဘူးလား ဘယ်လိုလုပ်သိမှာလဲ ? ဟု မေးလာမှာ ကျွန်တော်သိပါသည်။ဤ အတွက် ယျေဘူယျ သုံးသပ်ချက်တစ်ခု တင်ပြပါမည်။ 

       သဲဆန်သောမြေ၊ရေထိန်းသိမ်းမှု ညံ့သောမြေ၊ ရေတိုက်စားခံရသော မြေတွေဟာ အထူးသဖြင့် မဂ္ဂနီစီယမ် ချို့တဲ့ပါတယ်။ စိုက်ခင်းတွေမှာ အရွက်တစ်ပြင်လုံး ဝါတာမဟုတ်ဘဲ အရွက်ပေါ်မှာ အဝါရောင် အစင်းကြောင်းလေးတွေ ရှိနေတာ၊ အစိမ်းရောင် ဖျော့နေတာတွေဟာလည်း မဂ္ဂနီစီယမ် ချို့တဲ့သော လက္ခဏာတွေဖြစ်ပါတယ်။ 

       ရွှံ့စေးမြေများတွင်မူ မဂ္ဂနီစီယမ်ထိန်းသိမ်းအားကောင်းကြပြီး အချို့ဆိုလျှင်ထပ်မံဖြည့်သွင်းစရာ တောင် မလိုသေးသည်ကို တွေ့ရတတ်သည်။ 

      ထို့ကြောင့် မြေချဉ်ကိုပြင်ရာ၌ သဲဆန်သောမြေများတွင် မဂ္ဂနီစီယမ် ချို့တဲ့ နေနိုင်သည့်အတွက် ဒိုလိုမိုက်ကို ဦးစားပေး ရွေးချယ်သင့်ပြီး၊ 

    ရွှံ့စေးဆန်သော မြေများတွင်မူ မဂ္ဂနီစီယမ် ချို့တဲ့သော လက္ခဏာများ မတွေ့ရှိပါက ထုံးကို သုံးစွဲခြင်းသည်သာ ထိရောက်မြန်ဆန်သော အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။ 

       နောက်ထပ် သိသင့်သေးသော အကြောင်းအရာတစ်ခု မှာ  ထုံး နှင့် ဒိုလိုမိုက် တွင် 

       ထုံးသည် စေးသောမြေကို ဖွယ်စေသော သဘောရှိပြီး၊ ဒိုလိုမိုက်မှာမူ ဖွယ်နေသော သဲဆန်သော မြေကို အစေးဘက်ပါအောင် ရေထိန်းအားကောင်းသော မြေဖြစ်အောင် ပြုလုပ်ပေး နိုင်သော သဘောရှိပါသည်။ နဂို စေးပြီးသားမြေတွင် ဒိုလိုမိုက် ကြာရှည် အသုံးပြုပါက ပို၍ကျုံ့သော ပို၍ ကျစ်လျစ်သိပ်သည်းသော လေဝင်ပေါက်မရှိသော မြေစေးမြေမာများ အဖြစ်ရောက်ရှိသွားနိုင် ကြောင်း နှင့် ပေါင်းပင်ကြိုက်ပြီး သီးပင်မကြိုက်သော မြေမျိုးဖြစ်သွားတတ်ကြောင်း စာတမ်းများရှိပါ သည်။ 

         “သီးနှံမြန်ဆန်အထွက်တိုးလိုလျှင် ထုံး၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပြီး မဂ္ဂနီစီယမ် ချို့တဲ့လျှင် ဒိုလိုမိုက်” ဟုလည်း ညွှန်းဆိုချက် များရှိပါသည်။ 

       မဂ္ဂနီစီယမ် ချို့တဲ့လား မတဲ့လား မသိ ၊ခန့်မှန်းချေ နှင့်သွားနေရသော တောင်သူများအတွက် အနှစ်ချုပ် အကြံပြုလိုသည်မှာ 

      မြေချဉ်ပြင်လိုပါက 

    ၁။ မိမိမြေအား မြေစေးလား သဲဆန်သော မြေလား ကြည့်ပါ။ 

    ၂။ မြေစေးဆိုလျှင် ထုံးကို ဦးစားပေးအနေနှင့် သုံးပြီး မဂ္ဂနီစီယမ် အတွက် စိုးရိမ်စိတ်ရှိပါက ဒိုလိုမိုက် အနည်းငယ် ရောသုံးပေးပါ။ သို့မဟုတ် မဂ္ဂနီဆီယမ်ဆာလဖိတ် ( ဆားခါး ) အသုံးပြုပေးပါ။ 

     ၃။ သဲဆန်သောမြေ မြေအဖွယ်ဖြစ်လျှင် ဒိုလိုမိုက်ကို ဦးစားပေး အသုံးပြုပြီး အကျိုးရလဒ်မြန်ဆန် လိုပါက ထုံးအနည်းငယ်နှင့် ရော၍ အသုံးပြုပါ။ 

    #ထုံး 

    အသုံးပြုရန်မြေအမျိုးအစား - ရွှံ့စေးဆန်သော မြေ 

    အကျိုးရလာဒ် - မြန်ဆန် 

    အကျိုးပြုရန်ကြာချိန် - တစ်လ နှစ်လ 

    #ဒိုလိုမိုက် 

    အသုံးပြုရန်မြေအမျိုးအစား - သဲဆန်သောမြေ 

    အကျိုးရလာဒ် - မဂ္ဂနီစီယမ် ပါဝင် 

    အကျိုးပြုရန်ကြာချိန် - နှစ်လမှ လေးလအထိ 


    မှတ်ချက်။ ။ ပညာရှင်ကြီးပုံစံမျိုး ဒါသာ အမှန်ဟု ဆိုလိုသည်မဟုတ်ပါ။ ကျွန်ုပ်တို့ ဉာဏ်ရည်မှီ သလောက် ဆွေးနွေးတင်ပြခြင်းသာ ဖြစ်ပါသည်။ 

    မေတ္တာဖြင့် 

    မောင်သန့်ဇင်  

    ဘိုကာရှီမြေဩဇာ 


  • article
likes23comments4
views278views2695