cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ခင်းပြဿနာ ထွက်တိုးမှာ မေးနော်!

. ပိုးမွှား
စိုက်ခင်းမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေအတွက် ထွက်တိုးမှာ အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။
  • သင့်စိုက်ခင်းပိုးကျလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသလား? 

    သင့်စိုက်ခင်း ပေါင်းမြက်တွေ ဒုက္ခပေးနေပြီလား? 

    သင့်စိုက်ခင်း အသီး မတင်လို့/ မလှလို့ စိတ်ညစ်နေပြီလား? 

    စိတ်မပူပါနဲ့ သင့်အတွက် ထွက်တိုး ရှိနေပြီနော်။  

    စိုက်ခင်းမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေအတွက် ထွက်တိုးမှာ အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။  

    ထွက်တိုးမှာ စိုက်ခင်းပြဿနာ ဆွေနွေးနည်း လေ့လာရန် လင့် - https://htwettoe.com/post/42799 နှိပ်ပါ။  

    ထွက်တိုးတောင်သူများ မေးမြန်းထားသော မေးခွန်းတချို့ /အဖြေတချို့ကို ဗဟုသုတရစေရန်ဖော်ပြပေးလိုက်ရပါတယ်။ 

    မေး။မြက်မှုံညင်းပေါင်းအုပ်စု ရွက်ပြန့်ပေါင်းအုပ်စု ရွက်ချွန်ပေါင်းအုပ်စု စသည့်ပေါင်းမြက်တွေကိုပြောပြပေးပါလား ဆရာသမားတို့ 

    ဖြေ။ မြက်အုပ်စု၊ မြက်မုန်ညင်းအုပ်စု၊ ရွက်ပြန့်ပေါင်းအုပ်စုဆိုပြီး (၃)ခုခွဲထားတာပါ၊ ရွက်ချွန်က ရွက်ပြန့်ပေါင်းအုပ်စုထဲပါဝင်ပါတယ်။ မြက်အုပ်စုထဲမှာ မြေစာမြက်၊ ဆင်ငိုမြက်၊ လက်သဲခွမြက် စတာတွေပါဝင်ပြီး၊ မြက်မုန်ညင်းအုပ်စုမှာ မြက်မုန်ညင်းစိမ်း၊မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေးစတာတွေပါဝင်ပါတယ်၊ ရွက်ပြန့်ပေါင်းထဲမှာ မှိုနတို၊ လယ်လေးညှင်း၊ ဟင်းနုနွယ်ဆူးပေါက်၊လယ်ပဒူ စတာတွေပါဝင်ပါတယ်။ 

    မေး။ 

    စပါးကိုဆားရေစိမ့်ပြီး မကြဲသေးပဲအခြောက်လှန်းပြီး အိတ်ထဲထည့်ထားလို့ရပါသလား ခင်ဗျာ 

    ဖြေ။ မရပါဘူး။ မျိုးညှောင့်ဖောက်ခါနီးမှ ဆားရည်စိမ်ပါ။ ဆားရည်စိမ်ရာတွင် အိမ်သုံးဆား (၅၀) ကျပ်သားကို ရေ (၁) ဂါလံနှုန်းဖြင့် ဖျော်၍ စပါးတစ်တင်းအတွက် ရေ (၈) ဂါလံနှင့် ဆား (၄) ပိဿာခန့်လိုအပ်ပါတယ်။ ဆားဖျော်ရည်အတွင်းသို့ ဘဲဥ (သို့) ကြက်ဥကို အရင်ထည့်လိုက်ပါ၊ ဆားရည်မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်လာမှ စပါးမျိုးစေ့များ ဆားရည်စိမ်ရန် အကောင်းဆုံး အနေအထားရှိသော ပြင်းအား (၁.၀၈) ရှိသည့် ဆားဖျော်ရည် ရရှိမှာဖြစ်ပါတယ်။ ဆားဖျော်ရည်တွင် မျိုးစပါး (၈) ပြည်ထည့်၍ ဝါးခြမ်းပြား (သို့) လက်ဖြင့် အနည်းဆုံး (၅) မိနစ်မွှေပေးပြီး ဆားရည်မျက်နှာပြင် ပေါ်တွင် ပေါ်လာမည့် အဖျင်းအမှော်၊ လုံးပိန်လုံးညှပ်၊ ပေါင်းမျိုးစေ့များကို ရေစစ်ဖြင့် ဆယ်ယူပါ။ ဆားဖျော်ရည်အလယ်တွင် ပေါ်နေသော စပါးစေ့များကို ဖယ်ရှားပါ။ထိုနည်းကို သုံးလေးကြိမ် ပြုလုပ်ပါ။ တစ်ကြိမ်မွှေပြီးတိုင်း စပါးစေ့များကို အနည်ထိုင်စေရန် (၁၀-၁၅) မိနစ်ခန့် စောင့်ပေးပါ။ ဆားဖျော်ရည်အောက် နှစ်မြုပ်နေသော အောင်မြင်သည့် မျိုးစပါးစေ့တွေကို ဆားရည်စင်ကြယ်သည့်တိုင်အောင် ရေဖြင့် (၃) ကြိမ်ခန့် ဆေးပါ။ ဆားရည်ကင်းစင်အောင် ရေဆေးပြီးတဲ့ မျိုးစပါး များကို ပုံး ထဲတွင်ထည့်ပြီး ရေကို မျက်နှာပြင်အထက် (၄) လက်မခန့် မြုပ်အောင်ထည့်ပါ။ အနည်းဆုံး (၂၄) နာရီကြာအောင် ရေစိမ်ပါ။ ရေစိမ်ထားစဉ် (၆) နာရီတွင် တစ်ကြိမ်ကျ (၄) ကြိမ် ရေသစ်လဲပါ။ မျိုးစိမ်ချိန် (၂၄) နာရီကြာပြီးနောက် မျိုးစေ့များကို နိုင်လွန် ပိတ်ဇကာ (သို့) ပိတ်စိမ်းဖြင့် ဆယ်ယူ၍ ရေ (၂-၃) ကြိမ် ထပ်မံဆေးကြောပြီး ရေစစ်ထားပါ။ ရေဆေးပြီးသောမျိုးစေ့များကို အထူ (၆) မျိုးညှောင့်များ စာပါးစပ်ပြူလာပြီဖြစ်၍ မျိုးစေ့ကြဲရန် အသင့်အနေအထား ရရှိပါပြီ။  

    စိုက်ခင်းပြဿနာများအတွက် စိုက်ပျိုးရေးပညာရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အကြံများရယူနိုင်ပါတယ်နော်။ ထွက်တိုး တောင်သူအကြံပေးဖုန်း_ ၀၉၉၇၇၉၁၀၀၀၀၀ 


  • article
  • article
  • article
  • article
likes21comments0
views168views2189