cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  

. ရာသီဥတု သတင်းများ
(ပဲခူးတိုင်းဒေသကြီး)   
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊သာယာဝတီမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှ (၁၆) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ဇယားဖြင့် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ပဲခူးတိုင်းဒေသကြီးရှိ အဆိုပါမြို့နယ်တွေမှာ မိုးရွာရန် (၇၁)ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုးရွားသွန်းနိုင်ခြေများပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 

    စိုက်ပျိုးရေးအကြံပြုချက်  

    ပဲတီစိမ်းမှာ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ ကာကွယ်ဖို့ ဘယ်လိုမှိုသတ်ဆေးတွေသုံးကြမလဲ။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာဆူဂါမိုင်ဇင် ၂% ဒဗလျူပီ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ-၅ ဇွန်းနှုန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကော့ပါးဟိုက်ဒရောဆိုဒ် ၇၇% ဒဗလျူပီ စားပွဲတင်ဇွန်း ၅-၈ ဇွန်းနှုန်း

    သို့မဟုတ် စျေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ ပိုးသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ဇွန်လ ပထမပတ်အတွင်း မိုးဆက်လက် ရွာသွန်းမှာဖြစ်တဲ့အတွက် အောက်ပါအချက်တွေကို ဆောင်ရွက် ထားဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ 

    - ပုဇွန်ကန်များအနေဖြင့် ကန်ရေလှည့်ပေးရန်၊ 

    - မနက်စောစောတွင် ကန်နံဘေးတွင် ပုဇွန်များ ကပ်နေခြင်းရှိ/မရှိ စစ်ဆေးပေးရန်၊ 

    - မိုးရွာချိန် အပူချိန် ရုတ်တရက်ပြောင်းလဲနိုင်သဖြင့် ဂရုစိုက်ရန်၊ 

    - မိုးအုံ့ချိန်၊ မိုးရွာချိန်တွင် အစာကျွေးခြင်း ရပ်ထားရန်၊  

    - မျိုးငါးများ ကန်အတွင်းမထည့်မီ ကန်အတွင်းရှိ ရေအနည်းငယ်ယူ၍ အဆိုပါရေဖြင့် မျိုးငါး များကို တစ်ခုခုထဲထည့်ပြီးမှ ကန်အတွင်းသို့ ထည့်ပေးရန်၊ 

     

    Weather Source: CIAT  

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
likes6comments0
views99views2231