cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အခုလို သရက်သီးပေါတဲ့ရာသီမှာ သရက်သီးတွေ အလေအလွင့်မဖြစ်ရလေအောင် သရက်မှတဆင့်တန်ဖိုးမြင့်ထုတ်ကုန်များ ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်...

. တန်ဖိုးမြှင့် ထုတ်ကုန်များ
သရက်မှတဆင့်တန်ဖိုးမြင့်ထုတ်ကုန်များ ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်...
  • article
  • သရက်ပြင်လုပ်နည်း 

    သရက်ပြင်လုပ်ရတာ မဆိုသလောက်လေးတော့ လက်ဝင်ပါတယ် သရက်သီးကို အခွံခွာ ဇကာတိုက်ပြီး ညောင်စေးကျအောင် ကျိုရပါတယ်။ အခွံခွာ ဇကာတိုက်တာလောက်ကတော့ သိပ်ပြောစရာ မဟုတ်ပေမဲ့ သရက်သီးအနှစ်ကို ကျိုချိန်လေးတော့ စိတ်ရှည်ရပါတယ်။ 

    စိတ်ရှည်ရတယ်ဆိုလို့ လုပ်စားချင်စိတ်လေးတော့ ပျောက်မသွားပါနဲ့နော် မာမာ ကျိုတဲ့နည်းလေး ပြောပြပါမယ်။ 

    အောက်ခြေ ဘေးပတ်ပတ်လည် မကပ်တဲ့အိုး ဇောက်နက်နက်ကို သုံးပြီးကျိုရင် ပုံမှန်ထက် ပိုပြီးလွယ်ပါတယ်။ 

    စကျိုထဲက မွှေရမှာ ပျင်းနေသေးရင် အိုးထဲမှာ သစ်သားယောင်းမ စိုက်ထားပြီး တည်ထားပေးပါ သရက်သီးရည် ညောင်စေးမကျခင်အထိ သုံးလေးခါလောက် မွှေပေးရင် ရပါတယ်။ 

    ရေခမ်းကာနီး  ညောင်စေးကျခါနီးပြီ ဆိုရင်တော့ သစ်သား ယောင်းမရှည်ရှည်နဲ့ မွှေရပါတော့မယ် ဗွက်ဗွက်ဆူလာပြီဆိုရင် အပူငွေ့နဲ့ သရက်သီးအနှစ်တွေ စင်တတ်တဲ့အတွက် သတိထားပြီး မွှေပေးပါ။ 

    အဆက်မပြတ်  မွှေနေရင်းက သရက်သီး အနှစ်များ တော်တော်လေး ပျစ်လာပြီး ညောင်စေးကျလာပြီဆိုရင်တော့ မီးပိတ်ပြီး အအေးခံပေးပါ။ 

    ပါဝင်ပစ္စည်းများ 

    -သရက်သီးမှည့် အနေတော် ၇လုံးကို အနှစ်တိုက်လိုက်ပါက  - 2 cups ရပါမယ် 

    -ဆား -  လက်ဖက်ရည်ဇွန်း တစ်ဝက် 

    -သကြား - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက် 

    -ဆီ - အနည်းငယ် 

    -မုန့်ဖုတ်စက္ကူ (Baking paper)- လိုသလောက် 

    ပြင်ဆင်ပုံ 

    -သရက်သီးကို အညှာဖက်ကလှီးပြီး အစေးများ ထွက်သွားစေရန် ရေနာရီဝက်လောက် စိမ်ထားပြီးမှ အခွံခွာပါ။ 

          -အခွံခွာပြီးသော သရက်သီးများကို ဇလုံတစ်လုံး အောက်ကခံပြီး ဇကာနဲ့အနှစ်များကိုတိုက်ချပါ။ 

    -အားလုံးပြီးသွားရင် အနှစ်များကို မကပ်သော အိုးထဲသို့ ဆား သကြားတို့နဲ့ အတူတူ ထည့်ပြီးမွှေပေးပါ။ 

    -စကျိုကျိုခြင်း မီးအနေတော်နဲ့ ကျိုပေးပါ။ ကျိုနေစဉ် ဝေကျတတ်တဲ့အတွက် ယောက်မတစ်ခု အိုးထဲမှာ စိုက်ပေးထားပါ။ 

    -အရမ်းပွက်ပွက် ဆူလာပါက ဝေမကျအောင် တစ်ချက်တစ်လေ မွှေပေးပါ။ 

    -ရေမခမ်းတခမ်း ဖြစ်လာပြီ ဆိုရင်တော့ မီးကိုနဲနဲထပ်လျှော့ပြီး အပြင်ကို သရက်ယိုများ ပေါက်မထွက်အောင် အိုးအဖုံးကို ခပ်ဟဟ အုပ်ကာ ကျိုပေးပါ။ 

    -သရက်သီးအနှစ်များ ညောင်စေးကျလာပြီ ဆိုရင်တော့ မီးပိတ်ပြီး အအေးခံပေးပါ။ 

    -ပြီးရင်နေလှန်းဖို့ပြင်ပါမယ်။ 

    -ဗန်းတဗန်းထဲမှာ baking paper ခင်းပြီး ဆီသုတ်ပေးပါ။ 

    -Baking paper ပေါ်သို့ အအေးခံထားသော သရက်ယိုများ မထူမပါးထည့်ပေးပြီး ညီညီညာညာ ဖြန့်ခင်းပေးပါ။ 

    -နေပူပူမှာ လှန်းပေးပြီး ၂နေလောက်ရရင် နောက်တစ်ဖက်လှန်ပြီး လှန်းပေးပါ။ 

    -နေပူပူမှာ( ၃- ၄ )ရက်လောက် လှမ်းပေးပြီးရင် စားလို့အရမ်းကိုကောင်းလွန်းတဲ့ သရက်ပြင် ချိုချိုလေးရပါပြီ။ 

    https://mmlazp.blogspot.com/2015/01/blog-post 


  • article
  • သရက်သီးသနပ်ပြုလုပ်နည်း 

    ၁။ သရက်သီးခြောက် - ၂ ပိဿာ 

    ၂။ နံ နံစေ့ - ၁၀ ကျပ်သား 

    ၃။ ဇီရာ - ၃ ကျပ်သား 

    ၄။ ပဲနံ့သာ - ၂ ကျပ်သား 

    ၅။ ဆား - ၃ ကျပ်သား 

    ၆။ ဖာလာစေ့ - ၁ ကျပ်သား 

    ၇။ ငရုတ်သီးအစိမ်းမှုန့် - ၂ ဆယ်သား 

    ၈။ ဘိန်းစေ့ - ၅ ကျပ်သား 

    ၉။ မုန်ညင်းစေ့ - ၅ ကျပ်သား 

    ၁၀။ ကရဝေးရွက် - ၂ ကျပ်သား 

    ၁၁။ နံနံပွင့် - ၂ ကျပ်သား 

    ၁၂။ ဆီ - ၁ ပိဿာ 

    ၁၃။ ကြက်သွန်ဖြူ - ၂၅ ကျပ်သား (အခွံခွာပြီး အစိတ်စိတ်ပါ) 

    ======== 

    ပြုလုပ်နည်း 

    ======== 

    သရက်သီးသနပ် အချို၊ ချဉ်စပ်ကို ရင်ကွဲသရက်သီးစစပေါ်ချိန် မရင့်မီ အစေ့မရှပ်ခင် အသီးနုချိန် (၃)လက်မ၊ (၄)လက်မအရွယ်လောက်မှာ အခွံခွာ၊ အစေ့ထုတ်၊ ပါးပါးလှီး၊ ရေဆေး၊ ဆားစိမ်မယ်။ 

    ဆားနဲ့ တစ်ညနှပ်မယ်။ ပြီးရင် နေ နှစ်ရက်လှန်းပြီး ရလာတဲ့သရက်သီးခြောက်ကို နံနံစေ့၊ ဇီရာ၊ပဲနံ့သာ၊ ဖာလာစေ့၊ ကရဝေးရွက်၊ နံနံပွင့် ရောကြိတ်ထားတာနဲ့ ဘိန်းစေ့၊ မုန်ညင်းစေ့၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို သမအောင် မွှေမယ်။ 

    ဇလုံတစ်ခုထဲမှာ ရောမွှေထားတာများကို သရက်သီးဖတ်မပေါ်အောင် ဆီအမြုပ်ထည့်၍ အပေါ်မှ ကြက်သွန်ဖြူဖြူးလိုက်ပါ။ 

    • သရက်သီးသနပ်အချိုစားချင်ပါက သကြား(၁၀)ကျပ်သားထည့်ပြီး အထက်ပါနည်းအတိုင်းပြုလုပ်သုံးဆောင်နိုင်ပါပြီ။ 

    • သရက်သီးအစိမ်းသနပ်ပြုလုပ်ချင်တယ်ဆိုရင် သရက်သီးအချို၊ ချဉ်စပ်တို့နဲ့ ပါဝင်ပစ္စည်း ပမာဏတူပေမယ့် ပြုလုပ်နည်းမှာ နည်းနည်းကွဲပါတယ်။ 

    သရက်သီးအစိမ်းသနပ်အတွက် ရင်ကွဲသရက်သီးအရင့် အလုံးကြီးတစ်လုံး ကို အခွံမခွာဘဲ တစ်လက်မအရွယ်ရှစ်စိတ်၊ ကိုးစိတ်လှီးကာ ရေဆေးပြီး ဆားစိမ်မယ်။ 

    ဆားနဲ့တစ်ညနှပ်ပြီး နေကိုနေ့တစ်ဝက်ပဲလှန်းပါ။ သရက်သီးအချိုနဲ့ ချဉ်စပ်ပြုလုပ်နည်းအတိုင်း ပြုလုပ်၍ သုံးဆောင်ပါ။ 

    https://burmesefoodlovers.com 


  • article
  • သရက်သီးပိုးတီချဥ် ပြုလုပ်နည်း 

    သရက်သီးစိမ်း အစေ့မရင့်တာလေးတွေ တွေ့တာနဲ့ ဝယ်လာပြီးတော့ သရက်သီး ပိုးတီလေးတွေ လုပ်ပါတယ် သရက်သီးကို ဒီအတိုင်း ဆားရည်စိမ်လဲ ရပေမဲ့ ခပ်ကြွတ်ကြွတ်လေး စားချင်တာနဲ့ ပိုးတီလေးတွေ လှီးပြီး ဆားရည်ထားခြင်း ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ဆားရည်စိမ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

     

    ပါဝင်ပစ္စည်းများ 

    1. သရက်သီးစိမ်း - ပုလင်းဆန့်သလောက် (အစေ့မရင့်သေးသော သရက်သီးကို သုံးပေးပါ) 
    2. ရေ - ပုလင်း တစ်၀က်ခန့် 
    3. ဆားကြမ်း - ထည့်ထားသောရေ ငံမြနေအောင် ထည့်ပါ 
    4. ဖန်ပုလင်း  - သန့်သန့် တစ်ပုလင်း 

     

    ပြင်ဆင်ပုံ 

    • ရေထဲမှာ ဆားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးကာ အအေးခံထားပါ 
    • သရက်သီးစိမ်းကို အစေးများ စင်အောင်ဆေးပြီး ဇလုံတလုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၂ရက်လောက် စိမ်ထားပါ 
    • ၂ရက်ပြည့်တာနဲ့ သရက်သီးကို စဉ့်နီတုံးပေါ်တင်ကာ ပုံပါအတိုင်း တူနှစ်ချောင်းခံကာ ပထမ တစ်ဖက်ကို အတည့်အနေအထား လှီးပေးပါ 
    • သရက်သီးရဲ့ နောက်တစ်ဖက်ကိုတော့ ပုံပါအတိုင်း တူနှစ်ချောင်းခံကာ ခပ်စောင်းစောင်းလေးတွေ လှီးပေးပါ 
    • သရက်သီးများ အားလုံးလှီးပေးပြီးပါက ဖန်ပုလင်းထဲကို ဖိသိပ်ပြီး ထည့်ပေးပါ 
    •  ဖန်ပုလင်းထဲမှာ ပြည့်ပြီးကြပ်ညပ်နေအောင် ထည့်ပေးပါမှ သရက်သီး ပိုးတီဆားရည်စိမ်တဲ့အခါမှာ  မာကျစ်နေပြီး တစ်နှစ်ပါတ်လုံး ထားလို့ရပါမယ် 
    • သရက်သီးများ ဖိသိပ်ထည့်ပြီးတာနဲ့ အအေးခံထားသော ဆားရည်ကို လောင်းထည့်ပြီး အဖုံးကို လုံနေအောင် ဖုံးပေးပါ 
    • ရက်အနည်းငယ် ရလာတာနဲ့ ဆားရည်များ အဖုံးမှ လျှံပြီး စိမ့်ထွက်တတ်တဲ့အတွက် ပုလင်းအောက်မှ ဇလုံတစ်လုံး ခံထားပေးပါ 
    • ဆားရည်စိမ်ပြီး နောက်တစ်ရက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး ထည့်ထားသော သရက်သီးများကို ဖိကြည့်ပါ 
    • ပုလင်းထဲမှာ ချောင်နေတာကို တွေ့ရပါမယ် ပုလင်းချောင်နေရင် ဆားရည်စိမ်ထားသော သရက်သီးများ မာမနေဘဲ ပျော့သွားတတ်တဲ့အတွက် သရက်သီးများ မပျော့စေရန် ပုလင်းဆန့်သလောက် သရက်သီးကို ထပ်ပြီး ဖိသိပ်ကာ ထည့်ပေးပါ 
    • တတိရမြောက်နေ့မှာလဲ ထိုကဲ့သို့ ရသလောက် ထပ်ဖိပြီး ထည့်ပေးပါ 
    • သရက်သီးများ အားလုံးကို ဆားရည်မြုပ်နေအောင် ထည့်ပြီး အဖုံးကို လုံအောင်ဖုံးထားပါ 
    • ၅ရက်မြောက်နေ့မှာ သရက်သီး ပိုးတီဆားစိမ် အရောင်ပြောင်းသွားပြီး တစ်နှစ်ပါတ်လုံး ထားပြီး စားနိူင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် ရပါပြီ။ 

    https://mmlazp.blogspot.com 


  • article
  • သရက်ယိုပြုလုပ်နည်း 

    လိုအပ်သောပစ္စည်းများ 

    ၁။ သရက်သီးအမှည့် - ၁ ပိဿာ 

    ၂။ သကြား - ၆၀ကျပ်သား 

    ၃။ သံပုရာရည်- စားပွဲဇွန်း ၄ ဇွန်း 

    ပြုလုပ်ပုံအဆင့်ဆင့် 

    • မှည့်သောသရက်သီးများကိုရေဆေး၍ အခွံနွှာကာအတုံးသေးသေးလေးတုံးထားပါ။ 
    • သရက်တုံးများကို သကြား၄၅ကျပ်သား၊ သံပုရာရည်ရောကာ မီးအေးအေးဖြင့် အပူပေးပါ။ 
    • အမြဲမွှေပေးပါ။ အနည်းငယ်စေးပျစ်လာလျှင် သကြား၁၅ ကျပ်သားနှင့်သံပုရာရည် ၁ ဇွန်းထပ်ထည့်၍ ညောင်စေးကျသည်အထိကြိုပေးပါ။ 
    • ညောင်စေးကျလျှင် ပုလင်းထဲထည့်ပါ။ 
    • https://lotaya.mpt.com.mm/ 



  • article
likes16comments0
views546views2638