တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် နှင့် စိုက်/မွေး အကြံပြုချက် ( မကွေးတိုင်းဒေသကြီး )
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂ဝ) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့တွင် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၇၆)ရာခိုင်နှုန်း၊ စလင်းမြို့နယ်တွင် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၇၅)ရာခိုင်နှုန်း၊ စေတုတ္တရာမြို့နယ်တွင် မိုးရွာရန် (၄ဝ)ရာခိုင်နှုန်းမှ (၇ဝ)ရာခိုင်နှုန်းရှိပါကြောင်း သတင်းပါး လိုပါတယ်ခင်ဗျာ။
ပွင့်ဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂ဝ) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် ဇွန်လ(၂ဝ)ရက်နေ့မှ (၂၃)ရက်နေ့များတွင် မိုးရွာရန်ရာခိုင်နှုန်းမှာ (၆၆)ရာခိုင်နှုန်းမှ (၇၆)ရာခိုင်နှုန်း အထိရှိတဲ့ အတွက် တိမ်ထူခြင်း၊ မိုးအုံ့၊ မိုးရွာခြင်းများဖြစ်ပေါ်နိုင်ပြီး ကျန်ရက်များတွင် မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်း ပါးလိုပါတယ် ခင်ဗျာ။
မင်းဘူးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂ဝ) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် ဇွန်လ (၂ဝ)ရက်နေ့မှ (၂၃)ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ (၆၆) ရာခိုင်နှုန်းမှ (၇၆)ရာခိုင်နှုန်း အထိရှိတဲ့ အတွက် တိမ်ထူခြင်း၊ မိုးအုံ့၊ မိုးရွာခြင်းများဖြစ်ပေါ်နိုင်ပြီး ကျန်ရက်များတွင် မိုးရွာနိုင်ခြေ နည်းပါကြောင်း သတင်း ပါးလိုပါတယ် ခင်ဗျာ။
စလင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂ဝ) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၂၅) ရာခိုင်နှုန်းမှ (၇၅)ရာခိုင်နှုန်း အထိရှိတဲ့အတွက် မိုးရွာနိုင်ခြေ နည်းပါကြောင်း သတင်း ပါးလိုပါတယ် ခင်ဗျာ။
စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂ဝ) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄ဝ)ရာခိုင်နှုန်းမှ (၇ဝ)ရာခိုင်နှုန်းထိရှိပြီး မိုးရွာနိုင်ခြေ နည်းပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
ယခုအချိန်တွင် ပဲတီစိမ်းစိုက်ပျိုးချိန်ဖြစ်၍ အပင်သက်တမ်းအလိုက် ဆောင်ရွက်သင့်တဲ့ အချက်ကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။
ပဲတီစိမ်းတစ်လသားမှာ ဆောင်ရွက်သင့်သည်များ သီးကိုင်းဖူးလေးများ စတင်နိုးကြားလာပါသည်။ ထိုအချိန်တွင် အစိုဓာတ်မပြတ်ရန်၊ အာဟာရမချို့တဲ့ရန်၊ ပိုးမွှားရောဂါမကျရောက်ရန် ဂရုပြုပါ။ ပိုးမွှားအတွက် လန်ဒါဆိုင်ဟေလိုသရင်+သိုင်ရာမီသိုဇမ် ဆေးအဆိပ်များ ကြိုတင်ပက်ဖျန်းပါ။ ရောဂါများအတွက် မန်ကိုမဂ်၊ ထရိုင်ရာဇိုး အုပ်စုဝင်မှိုသတ်ဆေးများ ကြိုတင်ပက်ဖျန်းပါ။ အပင်ဟုန်ခြင်းဖြစ်ပေါ်နေပါက Mepiquat Chloride 5% ပက်ဖျန်းပေးပါ။ အသီးအပွင့်အားကောင်းအောင် ကယ်လ်စီယမ်+ဘိုရွန်+မဂ္ဂနီစီယမ် အာဟာရဓာတ်များ ပါဝင်သော ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းပါ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများရှိနိုင်တဲ့အတွက် ယခုအပတ်အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
- မိုးအုံ့နေစဉ် အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊
- ပျော်ဝင်အောက်ဆီဂျင်ရရှိရန် ရေကို လှည့်ပေးသည့် ကိရိယာများတပ်ဆင်ပေးရန်၊
- ရေချဉ်ဖန်နှုန်းကို စစ်ဆေးပေးရန်၊
- မျိုးငါးများထည့်ရာတွင် ငါးရိုင်းများ ပါဝင်လာမှုမရှိစေရန် သတိပြုဆောင်ရွက်ရန်၊
- ကန်ရေထည့်ရာတွင် ရေစစ်များတပ်ဆင်ထားရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


