ရေလုပ်ငန်းမှတစ်ဆင့် အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ကြပါစို့
ယနေ့ ထွက်တိုးကနေ အမျိုးသမီးများရဲ့ စီးပွားရေးအတွေးအခေါ်စွမ်းရည် မြှင့်တင်ပေးမှုအစီအစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လက်ကြားကြီးကျေးရွာမှာ ငါးသားဖောက်မွေးမြူရေးသင်တန်းအား သင်တန်းသား/သူ ၂၅ ဦးနဲ့အတူ စတင်ပြုလုပ်ခဲ့ပါတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနယ်ပယ်မှာ အမျိုးသမီးများ ဦးစီး၊ ဦးဆောင်လုပ်ဆောင်နိုင်တတ်စေရန် လိုအပ်သော နည်းပညာများ၊ အသိပညာများထောက်ပံ့ပေးနိုင်ရန်အတွက် "ထွက်တိုး" မှ ကွင်းဆင်း၍ ( ဇွန်လ ၂၁-၂၂ ရက် ) နေ့များတွင် လက်တွေ့သင်တန်းများပို့ချပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းသူ/သားများအနေနဲ့ ငါးသားပေါက်မွေးမြူရေးဆိုင်ရာ စီမံခန့်ခွဲခြင်းလုပ်ငန်းအတွက် သိသင့်သိထိုက်သော အကြောင်းအရာများနဲ့ လက်တွေ့နည်းပညာများရယူကာ ကိုယ်တိုင်လုပ်ဆောင်လာနိုင်လာမှာ ဖြစ်ပါတယ်။
ဒီလို အံ့ဖွယ် အမျိုးသမီးတွေနဲ့ အတူ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ စီးပွားရေးလုပ်ငန်း ခရီးစဥ်ရှေ့ဆက်သွားနိုင်ဖို့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါ၀င်လိုက်ကြပါစို့။
ကျွန်တော်တို့ရဲ့ လူမှု့အသိုင်း၀ိုင်းအတွင်း ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်ပေါ်ဖို့ အတူတူလုပ်ဆောင်ကြပါစို့။
#FishNursery #WomenInAquaculture