cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ရန်ကုန်တိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များတွင် မိုးရွာရန် ၆၂ ရာခိုင် နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများ ဆက်လက် ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များတွင် မိုးရွာရန် ၆၂ ရာခိုင် နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများ ဆက်လက် ဖြစ်နိုင်ပါ ကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    တွံတေးမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးရွာရန် ၆၄ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများ ဆက်လက်ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

     သန်လျင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးရွာရန် ၇၅ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

     ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်များတွင် မိုးရွာရန် ၆၂ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိ ရှိနေတဲ့ အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများ ဆက်လက်ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

     စိုက်ပျိုးရေးအကြံပြုချက်    

    စပါးပင်ကို ဘယ်လိုအစာကျွေးသလဲ 

    စပါးပင်ကို ဘာကြောင့်အစာကျွေးရလဲဆိုတော့ ရည်ရွယ်ချက်က ကြီးထွားသန်စွမ်းပြီး အထွက်တိုးရန် ဖြစ်ပါတယ်။ 

    စပါးပင်အတွက် မကျွေးမဖြစ်ကျွေးရမည့် မြေသြဇာများကတော့ 

    ၁။ သဘာဝမြေသြဇာ (တိရိစ္ဆာန် အညစ်အကြေး၊ သစ်ဆွေး၊ ပေါင်းမြက် နှင့် ရိုးပြတ်များ) 

    ၂။ ပုလဲမြေသြဇာ 

    ၃။ တီစူပါ 

    ၄။ ပိုတက်ရှ် တို့ပဲဖြစ်ကြပါတယ်။ 

    ထို့အတူ ကျွေးရမည့် သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာ အမျိုးအစားနဲ့ အာနိသင်၊ကျွေးရမည့်အချိန်၊ ကျွေးရမည့် နှုန်းထားတို့ကို သိရှိရန်လည်း လိုအပ်ပေသည်။ ထို ၃ချက်ကောင်းစွာမသိလျှင် ဆေးမဖြစ်ဘဲ ဘေးဖြစ် သွားတတ်ပါသည်။ 

    သဘာဝမြေသြဇာ 

    အာနိသင်အနေနဲ့ကတော့ 

    ၁။ မြေသားဖွဲ့စည်းမှုကောင်းသည် 

    ၂။ လေဝင်လေထွက်ကောင်းသည် 

    ၃။ အစိုဓါက်ကို ကြာရှည်ထိန်းသိမ်းပေးထားနိုင်သည် 

    ၄။ ပုလဲ တီစူပါနဲ့ ပိုတက်ဓါတ်မြေသြဇာထဲမှာပါသော အာဟာရဓါတ် ၃မျိုးလုံးပါဝင်တဲ့အပြင် အနည်းလိုအာဟာရဓါတ်များလည်းပါဝင်သည် 

    ၅။ စပါးပင်သက်တမ်း တလျှောက်လုံးစားသုံးနိုင်သည် 

    ၆။ အမြစ်ဆွဲအားကောင်းသည် 

    ၇။ ပုလဲဓါတ် မြေသြဇာမှာပါသော အာဟာရဓါတ်ကို လေထဲပျံ့နှံ့မသွားအောင် မြေထဲစိမ့်ဝင် မသွားအောင် ထိန်းချုပ်ထားနိုင်သည် 

    ဘယ်အချိန်ကျွေးသင့်သလဲ 

    မြေယာပြုပြင်ချိန်တွင် သဘာဝမြေသြဇာများဖြစ်ကြသော နွားချေး၊ သစ်ဆွေးနဲ့ ဖွဲပြာတို့ကို တတ်နိုင် သမျှထည့်ပါ။ ထို့အတူ သဘာဝမြေသြဇာက ထွက်ရှိလာသော အာဟာရဓါတ်တွေ လေထဲပျံ့လွင့် ပျောက်ဆုံး မသွားအောင် စိုက်ခင်းမှာ ရေမပြတ်သွင်းထားပေးပါ။ 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်    

    မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပါသဖြင့် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်း လိုပါတယ် ခင်ဗျာ။ 

    - ကန်ဘောင်ထိပ်မှ အောက်ဘက် ၆ လက်မ အကွာတွင် ရေထုတ်မြောင်းထားရှိရန် 

    - ရေချဉ်ဖန်နှုန်းတိုင်းပေးရန်၊ 

    - ရေချဉ်ဖန်နှုန်း ကျနေပါက ထုံးထည့်ပေးရန်၊ 

    - မျိုးငါးများ ကန်အတွင်း မထည့်မီ ကန်ရေဖြင့် ခဏထားရှိပြီးမှသာ ကန်အတွင်းသို့ ထည့်ရန်   

    - မျိုးငါးအိတ်များသယ်ယူရာတွင် အောက်ဆီဂျင်အလုံအလောက်ရရှိရေးဆောင်ရွက်ရန် 

    Weather Source: CIAT   

    ------------------   

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက     

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download   

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483    

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။   


  • article
likes10comments2
views3198