cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာဟာရပြည့်ဝသော ဆန်ပြုတ် ပြုတ်နည်း (၁၀) မျိုး (အပိုင်း - ၁)

. ကျန်းမာရေးဆောင်းပါးများ
ပုံနှင့်စာ တွဲလျက် ဖော်ပြပေးလိုက်ပါသည်။
  • article
  • ကြက်သားဆန်ပြုတ် 

    ပြုလုပ်နည်း 

    ပထမဦးစွာ ကြက်ရင်ပုံသားအား ရေစင်အောင် ဆေးပြီး ရေထည့်ကာ အသင့်ပြုတ်ထားပါ။ 

    ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီးပြီး ဆီဖြင့် အကြွပ်ကြော်ကာ ဆီစစ်ထားပါ။ 

    ဆန်နို့ဆီဗူး တစ်ဗူးကို ရေစင်အောင် ဆေးပြီး ရေ နို့ဆီဗူး ၃ ဗူး ထည့်ပြီး ပြုတ်ပါ။ 

    ရေဆူလာလျှင် ချင်း လက်တစ်ဆစ်ခန့်အား ဓားပြားရိုက် ထည့်ပြီး မွှေပေးပါ။ 

    ဆန် ကျက်လာလျှင် ချင်းအား ပြန်ဆယ်ထုတ်ပစ်လိုက်ပါ။ ထို့နောက် အသင့်ပြုတ်ထားသည့် ကြက်သားအား အသားနွှင်ပြီး ထည့်ပါ။ (ကြက်ကင်ရှိလျှင် ကြက်ကင်အား အသားနွှင်ပြီး ထည့်နိုင်သည်) 

    ဆား အနည်းငယ် ထည့်ပါ။ နှမ်းဆီ အနည်းငယ်မျှ ဆမ်းပါ။ ပဲငံပြာရည်အကြည် အနည်းငယ် ထည့်ပါ။ 

    အသင့်ကြော်ထားသည့် ကြက်သွန်ကြော် အနည်းငယ် ထည့်ကာ မွှေပေးပါ။ ထို့နောက် ကြက်သွန်မြိတ် အနည်းငယ်နှင့် တရုတ်နံနံ အနည်းငယ် ပါးပါးလှီးထည့်ကာ အသင့် သောက်သုံးနိုင်ပါသည်။ 

    ဆန်ပြုတ်ကို နေကောင်းလို့ပဲ သောက်သောက် ၊ နေမကောင်းလို့ပဲ သောက်သောက် အလွန်အရသာရှိပြီး အနံ့၊ အရသာနှင့် ပြည့်ဝလှသည့် အစားအစာ ဖြစ်ပါသည်။ 

    Source: Knowledge Cornerမှ ကောက်နှုတ်ချက် 


  • article
  • အမဲသားဆန်ပြုတ် 

    ပြုလုပ်နည်း 

    - ဆန်ကို မိနစ် ၃၀ ခန့် ရေစိမ်ထားပါ။ 

    - ဆန်ရေစိမ်ထားချိန်တွင် ရေတစ်လီတာကို ပွက်အောင်တည်လိုက်ပါ။ 

    - နာရီဝက်ကြာမှာ ဆန်ကို ရေစစ်ပြီး ဆီဖြင့်သမအောင် နယ်လိုက်ပါ။ 

    - ဆီနယ်ထသောဆန်ကို ရေပွက်ပွက်ဆူ နေသော အိုးထဲသို့ ထည့်ကာ သမအောင်မွှေပေးလိုက်ပါ။ 

    - ထို့နောက်မီးဖြင့် မိနစ်လေးဆယ်ခန့် တည်ပါပြီးရင် အမဲသား၊ ဆား၊ မုန်လာဥနီ တို့ကို ထည့်ကာ 

    ၅မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။ 

    - ထို့နောက် အရသာ အပေါ့အငန်မြည်းကြည့်ပြီး ငရုတ်ကောင်းနှင့် ကြက်သွန်မြိတ်ဖြူးကာ 

    အသင့်သုံးဆောင်နိုင်ပါပြီ။ 


  • article
  • ငါးရံ့ဆန်ပြုတ် 

    ပြုလုပ်နည်း 

    ၁။ ငါးရံ့ကို သန့်စင်ပြီး ဆားအနည်းငယ်၊ ချင်းအပြား ၃ ခုနှင့် စပါးလင်တို့ကို ရေအနည်းငယ် ထည့်ပြီး ပြုတ်ပါ။ 

    ၂။ ငါးရပြီဆိုလျှင် အရိုးနွှင်ပြီး အသားနွှင်ပါ။ 

    ၃။ အိုးပူပူမှာ ဆီ ထမင်းစားဇွန်း ၁ ဇွန်းနှင့် ကြက်သွန်ဖြူကို မွှေးအောင် ဆီသတ်ပါ။ 

    ၄။ ဆီမွှေးလာလျှင် ငါးပြုတ်ရည်နှင့်အတူ ငါးကို ရေကုန်ပြီး ခြောက်နေအောင် အိုးကင်း ပူတိုက်ပါ။ 

    ၅။ ချက်ပြီးသားဆန်ကို ဆန်လုံးကွဲပြဲနေအောင် ရေ ၂ ဆ ထည့်ချက်ပါ။ အရသာအတွက် ဆား တစ်မျိုးသာ သုံးပါ။ 

    ၆။ စားတဲ့အချိန်ကျရင် ဆန်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး ဆီနည်းနည်းနဲ့ လှော်ထားတဲ့ ငါးကို ထည့်ပါ။ ငရုတ်ကောင်းထည့်ပါ။ 

    (၁) နှစ်အောက်ကလေးတွေအတွက်ဆိုရင် ဆားမပါဘဲ ငါးကိုပြုတ်ပြီး ချက်ပြီးသား ထမင်းနဲ့ ရော၍ ပြန်ချက်ပါ။ ဆီနဲ့လှော်တဲ့အဆင့်ကို ကျော်ပြီး ငရုတ်ကောင်းမှုန့်လည်း ရှောင်ပါ။ 

    May's Healthy Food  မှ ကောက်နှုတ်ချက် 


likes8comments0
views1670