cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (မကွေးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
  • ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ ဇူလိုင်(၂) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါမြို့နယ်များတွင် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၉၇)ရာခိုင်နှုန်းရှိပြီး စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် အစောပိုင်းရက်များ၌ တိမ်ထူ၊ မိုးအုံ့နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ ဇူလိုင်(၂) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၆၁)ရာခိုင်နှုန်းမှ (၈၆)ရာခိုင်နှုန်းရှိတဲ့အတွက် တိမ်ထူ၊ မိုးအုံ့နိုင်ပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန်မှာ ၂၄.၅ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၃၄ ဒီဂရီစင်တီဂရိတ်ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ ဇူလိုင်(၂) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၆၁)ရာခိုင်နှုန်းမှ (၈၆)ရာခိုင်နှုန်းရှိတဲ့အတွက် တိမ်ထူ၊ မိုးအုံ့နိုင်ပါကြောင်း သတင်းပါးလိုပါ တယ် ခင်ဗျာ။ 

    တစ်ပတ်တာ ပျှမ်းမျှ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန်မှာ ၂၄.၅ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၃၄ ဒီဂရီစင်တီဂရိတ်ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ ဇူလိုင်(၂) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းမှ (၉၆)ရာခိုင်နှုန်းရှိတဲ့အတွက် တိမ်ထူ၊ မိုးအုံ့နိုင်ပါကြောင်း သတင်းပါး လိုပါ တယ်ခင်ဗျာ။ 

    တစ်ပတ်တာ ပျှမ်းမျှ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန်မှာ ၂၄.၃ ဒီဂရီ စင်တီဂရိတ်နဲ့ အမြင့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၃၄.၅ ဒီဂရီစင်တီဂရိတ်ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂ဝ) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၅၅)ရာခိုင်နှုန်းမှ (၉၇)ရာခိုင်နှုန်းထိရှိပြီး အစောပိုင်း ရက်တွေမှာ မိုးရွာနိုင်ခြေများပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    တစ်ပတ်တာ ပျှမ်းမျှ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန်မှာ ၂၃.၃ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၃၁.၄ ဒီဂရီစင်တီဂရိတ်ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    စိုက်ပျိုးရေးအကြံပြုချက်  

    မိုးစပါး စတင်စိုက်ပျိုးချိန်ဖြစ်၍ စပါးခင်းများတွင် စပါးရိုင်းပင် ပေါက်ရောက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။  

    ကျရောက်ချိန် 

    စပါးခင်းတွင် စပါးရိုင်းအနည်းငယ် စတင်ပေါက်သည်ကို တွေ့ရသည်။ ၎င်းစပါးရိုင်းပင်များကို သီးနှံ နှစ်ရာသီ‒သုံးရာသီအထိ ရှင်းလင်းဖယ်ရှားမှုမပြုလျှင် စပါးရိုင်းပင် သန်းပေါင်းများစွာထိ တိုးပွားလာပြီး စပါးပင် အားလုံးကို ဖုံးသွားနိုင်သည်။ 

    ကာကွယ်နှိမ်နှင်းနည်း 

    စိုက်ပျိုးရာသီ တစ်ရာသီစပါးမစိုက်ဘဲ စပါးရိုင်းများအပေါက်ခံပြီး အပင်ငယ်စဉ် (သို့) ပန်းမပွင့်မီ ထယ်ထိုး ပြီး ရေလွှမ်းသတ်ခြင်း၊ ပေါင်းသတ်ဆေးဖျန်းသတ်ခြင်း ပြုလုပ်ကာ စပါးရိုင်းများပန်းပွင့်ခြင်းကို တားဆီး ပေးခြင်း ဖြစ်သည်။ ပေါင်းသတ်ဆေးများသည် ပေါင်းသာမက စပါးပင်ကိုလည်း သေစေနိုင်သောကြောင့် စိုက်ပျိုးရေးဌာနမှ ထောက်ခံထားသော နည်းလမ်းများအတိုင်း သုံးစွဲပါ။ 

    Source: DOA 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ယခုအပတ်အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ 

    - ကန်ဘောင်များ ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပေးရန်  

    - ရေချဉ်ဖန်နှုန်း စစ်ဆေးပေးရန်၊ 

    - ရေချဉ်ဖန်နှုန်းကို စစ်ဆေးပေးရန်၊ 

    - မျိုးငါးများထည့်ရာတွင် ငါးရိုင်းများ ပါဝင်လာမှုမရှိစေရန် သတိပြုဆောင်ရွက်ရန်၊ 

    - ကန်ရေထည့်ရာတွင် ရေစစ်များတပ်ဆင်ထားရန်၊ 

    Weather Source: CIAT 

    ----

    စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes8comments1
views4175