ဧရာဝတီဒေသ နေရာအများစု ရာနှုန်းပြည့် မိုးရွာနိုင်မည်လား?
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိတဲ့အတွက် မိုးဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၁။ ဟင်္သာတမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၉၉)ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်းအထိရှိပါသည်။ ဇွန်လ ၂၈၊ ၂၉ ရက်နေ့မှာတော့ မိုးရွာရန် ၉၆ ရာခိုင်နှုန်းနှင့် အထက်မှာရှိနိုင်ပြီး ဇူလိုင်လ (၁) ရက်နေ့မှာတော့ မိုးရွာရန် ၄၀ ရာခိုင်နှုန်း ပဲရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၆၈) မှ (၈၉) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
၂။ ညောင်တုန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် အမြင့်ဆုံးအပူချိန်မှာ ၃၁.၄°C မှ အနိမ့်ဆုံးအပူချိန်မှာ ၂၄.၅°C ရှိနိုင်ပါတယ်။
၃။ မအူပင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁ဝဝ) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ (၂၉) မှာ ရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ ၃၊၄၊၅၊၆၊၇ ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၆၁ မှ ၈၃ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျ။
၄။ မြောင်းမြမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၉ မှာ ရွာရန် ရာနှုန် ၁၀၀ ဖြစ်ပြီး ဇွန်လ ၃၀ ရက်မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၈၇ ရာခိုင်နှုန်း အောက်မှာပဲနိုင်ပါတယ်ခင်ဗျာ။
၅။ ဓနုဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိနိုင်ပြီး အပူချိန်တွေကတော့ ၂၄ ရက်မှာ အမြင့်ဆုံး အပူချိန် ၃၁.၄°C မှ အနိမ့်ဆုံးအပူချိန် ၂၅.၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
၆။ ပန်းတနော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇွန်လ (၂၉) ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ (၁)ရက်နေ့မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်။
ဇူလိုင်လ ၄၊၅၊၆၊၇ ရက်များတွင် မိုးရွာရန် (၆၂) ရာနှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၇။ ကျိုက်လတ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၉ ရက်နေ့မှာ ရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင် ၁၊၃၊၄၊၇ ရက်များတွင် မိုးရွာရန် (၇၀) ရာနှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၈။ ဝါးခယ်မမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၉ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၆ ဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၃၂.၂ °C မှ အနိမ့်ဆုံးအပူချိန် ၂၄.၉ °C ရှိနိုင်ပါတယ်ခင်ဗျာ။
၉။ ကျုံပျော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၉)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၉ ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပြီး ၂၈ ရက်တွင် မိုးရွာရန် (၉၀) ရာနှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်။ ဇူလိုင်လ ပထမအပတ်တွင် မိုးရွာရန် ၆၀ ရာခိုင်နှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၁ဝ။ ဇလွန်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၁။ လပွတ္တာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၉ ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပါတယ်။
၁၂။ ပုသိမ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၇°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၃။ ဖျာပုံမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၁°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၈°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၄။ အင်္ဂပူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၅။ ကြံခင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၄ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၂၈၊၂၉ ရက်များတွင် (၉၀)ရာခိုင်နှုန်းနှင့် အထက်တွင်ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၄၀) မှ (၈၀) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၆။ လေးမျက်နှာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၉)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွနလ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ ပထမပတ်တွင် မိုးရွာရန် (၆၀)ရာခိုင်နှုန်း နှင့် အထက်တွင်ရှိနိုင်ပါတယ်။
၁၇။ ဒေးဒရဲမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၈။ မော်လမြိုင်ကျွန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်။ ဇွန်လ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၆ ဖြစ်ပြီး ကျန်ရက်များတွင် (၄၀)ရာခိုင်နှုန်း နှင့် အထက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၉။ ကန်ကြီးထောင့်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။
၂ဝ။ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ ဇွန်လ ၂၈ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ ပထမပတ်မှာတော့မိုးရွာရန် (၄၀) မှ (၈၃) ရာခိုင်နှုန်းနှင့် အထက်တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
မိုးစပါး စတင်စိုက်ပျိုးချိန်ဖြစ်၍ စပါးခင်းများတွင် စပါးရိုင်းပင် ပေါက်ရောက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
ကျရောက်ချိန်
စပါးခင်းတွင် စပါးရိုင်းအနည်းငယ် စတင်ပေါက်သည်ကို တွေ့ရသည်။ ၎င်းစပါးရိုင်းပင်များကို သီးနှံ နှစ်ရာသီ‒သုံးရာသီအထိ ရှင်းလင်းဖယ်ရှားမှုမပြုလျှင် စပါးရိုင်းပင် သန်းပေါင်းများစွာထိ တိုးပွားလာပြီး စပါးပင် အားလုံးကို ဖုံးသွားနိုင်သည်။
ကာကွယ်နှိမ်နှင်းနည်း
စိုက်ပျိုးရာသီ တစ်ရာသီစပါးမစိုက်ဘဲ စပါးရိုင်းများအပေါက်ခံပြီး အပင်ငယ်စဉ် (သို့) ပန်းမပွင့်မီ ထယ်ထိုး ပြီး ရေလွှမ်းသတ်ခြင်း၊ ပေါင်းသတ်ဆေးဖျန်းသတ်ခြင်း ပြုလုပ်ကာ စပါးရိုင်းများပန်းပွင့်ခြင်းကို တားဆီး ပေးခြင်း ဖြစ်သည်။ ပေါင်းသတ်ဆေးများသည် ပေါင်းသာမက စပါးပင်ကိုလည်း သေစေနိုင်သောကြောင့် စိုက်ပျိုးရေးဌာနမှ ထောက်ခံထားသော နည်းလမ်းများအတိုင်း သုံးစွဲပါ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ယခုအပတ်အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
- ကန်ဘောင်များ ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပေးရန်
- ရေချဉ်ဖန်နှုန်း စစ်ဆေးပေးရန်၊
- ရေချဉ်ဖန်နှုန်းကို စစ်ဆေးပေးရန်၊
- မျိုးငါးများထည့်ရာတွင် ငါးရိုင်းများ ပါဝင်လာမှုမရှိစေရန် သတိပြုဆောင်ရွက်ရန်၊
- ကန်ရေထည့်ရာတွင် ရေစစ်များတပ်ဆင်ထားရန်၊
Weather Source: CIAT