cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခူးတိုင်းဒေသကြီး အတွက် ၁၀ ရက်စာ မိုးလေဝသခန့်မှန်းချက်နှင့် ပေါင်းအန္တရာယ်အကြံပြုချက်

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
  • ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ (၁၁) ရက် နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်  

    မိုးညိုမြို့နယ်မှာ ဇူလိုင်လ (၃) ရက် မှ (၅) နေ့အထိ မိုးရွာရန် (၉၀) ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာ ရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၊၇၊၈၊၁၀၊၁၁ ရက်နေ့များတွင် မိုးရွာရန် ၆၁-၇၈ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များမှာ ၅၅ ရာခိုင်နှုန်း အောက်တွင် ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၇°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆°C  ရှိနိုင်ပါသည်။ 

    လက်ပံတန်းမြို့နယ်မှာဇူလိုင်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ မိုးရွာရန် (၉၂) မှ (၉၉) ရာနှုန်းထိ ရှိနိုင်ပါတယ်။ ဇူလိုင်လ (၆)ရက် မှ (၁၁) နေ့ စသော ရက်များတွင် မိုးရွာရန် ၇၄ ရာခိုင်နှုန်း အောက်မှာရှိနိုင်ပြီး အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၅ °C မှ အမြင့်ဆုံးအပူချိန် ၃၁.၂°C ထိရှိနိုင်ပါတယ်။  

    သာယာဝတီမြို့နယ်မှာ ဇူလိုင်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ မိုးရွာရန် (၉၂) မှ (၉၉) ရာနှုန်းထိ ရှိနိုင်ပါတယ်။ ဇူလိုင်လ (၆)ရက် မှ (၁၁) နေ့ စသော ရက်များတွင် မိုးရွာရန် ၇၄ ရာခိုင်နှုန်း အောက်မှာရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၈ °C မှ အမြင့်ဆုံးအပူချိန် ၃၁.၂°C ထိရှိနိုင်ပါတယ်။  

    စပါးစိုက်တောင်သူများသို့ အကြံပြုချက် 

    ပထမပတ်တွင်မိုး ရွာသွန်းနိုင်ခြေများနိုင်ပြီးဒုတိယအပတ်မှာတော့ မိုးရွာနိုင်ခြေအနည်းငယ်လျော့ကျနိုင်ပါတယ်။  

    မိုးကာလဖြစ်ခြင်း၊ မိုးဆက်လက်ရွာသွန်းခြင်းတို့ကြောင့် ပေါင်းပင်အန္တရာယ်ကျရောက်နိုင်တာကြောင့် ပေါင်းမြက်ဂရုစိုက်ကြဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ။  

    စပါးခင်း ပေါင်းဘယ်လိုရှင်းမလဲ  

    စိုက်ပျိုးပြီး ၁၅ -၂၅ ရက်သားအတွင်းပေါင်းနှိမ်နင်းပါ။  

    မြေသြဇာမကျွေးခင် ပေါင်းသင်ပေးပါ။  

    ပေါင်းအမျိုးအစားကို မှန်ကန်အောင် ခွဲခြားပြီး မြန်မာစာ အညွှန်းပါတဲ့ တရားဝင် ပေါင်းသတ်ဆေးကို သုံးပါ။  

    ဥပမာ - စပါးစိုက်ခင်းရှိ မြက်မျိုးနွယ်ဝင်၊ မြက်မုန်ညှင်း မျိုးနွယ်ဝင်နှင့် ရွက်ပြန့်ပေါင်းများ အတွက် Fenoxaprop-p-ethyl 13%(ဖီနောက်ဇာပရော့ပီအီသိုင်း)+ Quinclorac 50%(ကွင်ကလိုရတ်) + Pyrazosulfuron ethyl 7%(ပိုင်ရာဇိုဆာဖျူရွန်အီသိုင်း) ရေ ၄ဂါလံတစ်ပုံးတွင် ၄၀ ဂရမ်ထည့်သွင်းပြီး တစ်ဧက လျှင် ၂၀၀ ဂရမ် အသုံးပြုပါ။  

    -(သို့မဟုတ်) ကွင်ကလောရပ် + ဘန်ဆာဖျူရမ် မီသိုင်း Quinchlorac + Bensulfuron methyl 40% WP ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် စားပွဲတင်ဇွန်း ၆ဇွန်းနှုန်း လယ်တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ပုံးနှုန်းဖျန်းပါ။  

    မြက်မျိုးရင်းဝင်ပေါင်းများအတွက် ဆိုင်ဟေလိုဖော့ ဗျူတိုင်း Cyhalofop-butyl 10% EC ကို ရေ၄ဂါလန်ဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် စားပွဲတင်ဇွန်း ၇ ဇွန်းနှုန်း လယ်တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ပုံးနှုန်းဖျန်းပါ။ ဆေးမဖြန်းခင် စပါးခင်းကို ရေထုတ်ပေးရပါ။ ပေါင်းသတ်ဆေး မဖျန်းခင်နဲ့ ဖျန်းပြီး ရက်အနည်းငယ်အကြာမှာ ပုလဲဓာတ်မြေသြဇာ မသုံးသင့်ပါဘူး။  

    ရွက်ဝိုင်းပေါင်းများအတွက် စပါး ၂၀-၂၇ ရက်သားဝန်းကျင်မှာ တူးဖိုးဒီ သုံးပေးပါ။ တစ်ဧကကို ၃၀၀-၅၀၀စီစီနှုန်းသုံးပါ။ တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်ပြီးအကြံဉာဏ်များ အသေးစိတ်ထပ်မံရယူနိုင်ပါတယ်ခင်ဗျာ။ 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    မိုးရွာသွန်းမည်ဖြစ်ပါသဖြင့် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်း လိုပါတယ် ခင်ဗျာ။  

    -မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပါ၍ မိမိတို့၏ ကန်များ ရေမလျှံအောင်ဆောင်ရွက်ရန်၊  

    -ကန်ဘောင်ထိပ်မှ အောက်ဘက် ၆ လက်မ အကွာတွင် ရေထုတ်မြောင်းထားရှိရန်၊  

    -ပြင်ပမှ ရေစီးနှင့်အတူ ငါးရိုင်းများ မဝင်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိရန်၊  

    -ရေထုတ်မြောင်းများကို စနစ်တကျဆောင်ရွက်ထားရန်၊  

    -ကန်ရေစစ်များတပ်ဆင်ထားရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။  

    Weather Source: CIAT  

    စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများကို အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။  

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569  လင့် နှိပ်ပါ။ 


  • article
likes8comments0
views3515