cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"မိုးရာသီတွင် ငါးကန်များ၌ ဖြစ်တတ်သောအခြေအနေများ"

. ငါးမွေးမြူရေးဆောင်းပါးများ
မိုးများရွာသွန်းလာခြင်းကြောင့် ငါးကန်များတွင် ရေချဉ်ဖန်နှုန်းကျဆင်းလာပြီး ငါးများ ကျန်းမာရေးမကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်သည်။
  • ငါးမွေးတောင်သူများသည် နွေရာသီအချိန်တွင် ငါးကန်များပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး မိုးဦးကျအချိန် ဇွန်လတွင် ငါးသားပေါက်ထည့်သွင်းခြင်းကို ဆောင်ရွက်ကြပါသည်။ ပုံမှန်အားဖြင့် ဇွန်လတွင် မိုးရွာသောအချိန်သည် နေ့စဉ်ရက်ဆက်ရွာသွန်းခြင်းမဟုတ်ပါ။ ယခုအချိန်ကာလသည် အစွန်းရောက် ရာသီဥတုကြောင့် ယခုနှစ်ကာလများတွင် ဇွန်လအတွင်း မိုးအဆက်မပြတ်ရွာသွန်ခြင်းနှင့် မိုးများခြင်းများ ကြုံတွေ့ နေရပါသည်။ ထို့ကြောင့် ငါးကန်များအတွင်း မိုးရေများ ပိုမိုရောက်ရှိလာနိုင်သော အခြေအနေများ ရှိနေတတ်ပါသည်။

    မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။ ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။

    မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ကန်ရေ၏အပူချိန်သည်လည်း ကျဆင်းနေတတ် ပါသည်။ အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။ ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီ အစာစုဖွဲ့ခြင်းအလုပ်ကို မလုပ်နိုင်ပါ။ ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် မထွက်ရှိနိုင်ပါ။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။

    နေရောင်ခြည်အပြည့်အဝမရရှိသဖြင့် ကန်ရေဩဇာဖြစ်တည်မှုသည်လည်း ပပျောက်နိုင်ပါသည်။ တစ်နည်း ကန်ရေ၏အရောင်သည်အစိမ်းရောင်ဖြစ်နေရာမှ အစိမ်းရောင်ပျောက်သွားပြီး ကန်ရေသည်လည်း ရေကြည်နှုန်းများလာသည်ကို တွေ့ရှိရပါသည်။ မိုးဦးကျအချိန် ကန်အတွင်း ငါးစတင် ထည့်ချိန်တွင် ငါး၏ အရွယ်အစားမှာ အသေးဆုံး(၂)လက်မ မှ အကြီးဆုံး (၆)လက်မအရွယ်သာရှိတတ်ပါသည်။ ဆိုလိုသည်မှာ ငါးသန်နှင့် ငါးဖျန်းအရွယ်များ ဖြစ်ကြပါသည်။ ထိုအချိန်တွင် ကန်‌ရေ၏ချဉ်ဖန်နှုန်းသည် (၆)နှင့် (၆)အောက် ရောက်နေပါက ငါးများအပေါ် ဖိစီးမှုများပြီး ငါးငယ်များ သေစေနိုင်ပါသည်။ ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။

    ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ----


  • article
likes10comments0
views3507