ဆီထွက်သီးနှံ (မြေပဲ) တွင်အဓိကျရောက်သောဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းများ
၁။ မြေပဲရွက်လိပ်ရွက်ကပ်ပိုး (Groundnut leaf miner and binder)
(၁) ပဲမျိုးရင်းဝင်မဟုတ်သောအပင်များဖြင့် သီးလှည့်စိုက်ပျိုးပါ။
(၂)စိုက်ချိန်စောစိုက်ပါ။
(၃)ပဲလွန်းအားထောင်ချောက်သီးနှံအဖြစ်တွဲဖက်စိုက်ပျိုးပါ။ (၄)မီးထောင်ချောက်၊ဖီရိုမုန်းထောင်ချောက်၊အဝါရောင်ပိုးဖမ်းထောင်ချောက် များ အသုံးပြုပါ။
(၅) ပေါင်းပင်များ၊ ပင်ကြွင်းပင်ကျန်များအားမီးရှို့ဖျက်ဆီးပါ။ (၆) ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးညွှန်း အတိုင်း နှံ့နှံ့ စပ် စပ် အလှည့်ကျပက်ဖျန်းပါ။
- ဒိုင်မီသိုအိတ် (Dimethoate)
- အက်စီတာမီပရစ် (Acetamiprid) အဆီဖိတ် (Acephate)
- သိုင်ရာမီသိုဇမ် (Thiamethoxam)
၂။ ဖိုးလမင်းကျိုင်း (White grub)
(၁) စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း
- * နှံစားပြောင်း၊ ပြောင်း၊ ကြက်သွန်နီ စတဲ့ ထောင်ချောက်ပင်များကို စိုက်ပျိုးခြင်းဖြင့် ဖိုးလမင်းကျိုင်း ကျရောက်မှုကို လျှော့ကျစေနိုင်ပါတယ်။
- * မြေပြင်ချိန်တွင် တမာကြိတ်ဖက်ထည့်သွင်းနိုင်ပါတယ်။
(၂) ဇီဝနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း
- ကပ်ပါး နဂျီကောင်၊ ကပ်ပါး ယင်ကောင်၊ ကပ်ပါး မှိုစတဲ့ သဘာဝ မိတ်ဆွေပိုးများနဲ့ ဖိုးလမင်းကျိုင်းများကို နှိမ်နင်းနိုင်ပါတယ်။ စိုက်ပျိုးရေးဝန်ထမ်းများကို ဆက်သွယ်ပြီး သင့်တော်သည့် ဇီဝကပ်ပါးကောင်များကို ရွေးချယ်ကာ စိုက်ခင်းအတွင်း လွှတ်ပေးခြင်းဖြင့်လည်း ဖိုးလမင်းကျိုင်းများကို နှိမ်နင်းနိုင်ပါတယ်။
(၃) ဘက်စုံကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်များ
- * အပင်များကို လှုပ်ခါယမ်းပြီး မြေပေါ်ကျလာတဲ့ အရွယ်ရောက် ကျိုင်းကောင်များကို ကောက်ယူဖျက်ဆီးပေးပါ။
- * ညအချိန်မှာ မီးထောင်ချောက်များနဲ့ အရွယ်ရောက် ကျိုင်းကောင်များကို မျှားခေါ်ပြီး ဖယ်ရှားနှိမ်နင်းနိုင်ပါတယ်။
- * စိုက်ခင်းကို ပေါင်းကင်းရှင်းအောင် ထားပါ။
- * သီးလှည့်စိုက်စနစ်ကို အသုံးပြုပေးပါ။
- * စိုက်ခင်းကို ထယ်ရေးနက်နက်နှင့် ထွန်းရေးညက်အောင် မြေပြုပြင်ပါ။ မိုးရာသီလယ်မြေများတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။
- ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း
- စိုက်ပျိုးမြေပြုပြင်ချိန်ကတည်းက Thiamethoxam, Dinotefuran, Fipronil ထည့်ပြီးမြေပြုပြင်ပါ။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပေးပါ)
၃။ ငမြောင်တောင် ( Armyworm)
(၁)မီးထောင်ချောက်များတစ်ကွင်းတစပ်တည်းထွန်းပါ။
(၂)စိုက်ခင်းတစ်ကွက်မှ တစ်ကွက်မကူးနိုင်ရန် (၁-၂)ပေအကျယ်မြောင်းတူး၍ မြောင်းအတွင်း ကျနေသော ပိုးလောက်ကောင်များ ရှာဖွေဖျက်ဆီး ပါ။
(၃) အရွက်အောက်တွင်ရှိသော ဥအစုများ၊ အကောင်ငယ်များကို ဖျက်ဆီး ပစ်ပါ။
(၄) ထိသေ၊ စားသေပိုးသတ်ဆေးများ အားညနေပိုင်းတွင်ပက်ဖျန်းပါ။
ဖလူဗန်ဒိုင်ရာမိုက် (Flubendiamide)
အီမာမက်တင်ဘန်ဇိုရိတ်+ လန်မ်ဒါဆိုင်ဟေလိုသရင်(EmamectinBenzoate + Lambda-cyhalothrin)
ဆိုက်ပါမီသရင် (Cypermethrin)
ကိုးကား- စိုက်ပျိုးနည်းပညာ၊ www.doa.gov.mm
၄။ လှေးပိုး (Thrips)
(၁)အပြာရောင်ပိုးဖမ်းထောင်ချောက်အားတစ်ဧကလျှင်(၃)ခုအသုံးပြုဖမ်းယူပါ။
(၂) မီးခိုးမှိုင်းတိုက်ပါ။
(၃)ပင်လုံးပြန့်ပိုးသတ်ဆေးများအား ဆေးညွှန်းအတိုင်းနှံ့နှံ့စပ်စပ်အလှည့်ကျပက်ဖျန်းပါ။
ဒိုင်မီသိုအိတ် (Dimethoate)၊
အက်စီတာမီပရစ် (Acetamiprid)
ဒိုင်နိုတီဖျူရမ် (Dinotefuran)
စပီရိုတက်ထရာမက်(Spirotetramat)
ကလိုဖီနပြာ (Chlofenapyr)