cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးရှဥ့်မွေးမြူရေးအတွက် သိကောင်းစရာများ

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးရှဥ့်နီ (Monopterus albus) နှင့် ငါးရှဥ့်ညို/ငါးရှဥ့်မဲ (Mo-nopterus cuchia) တို့သည် မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရများသော မျိုးစိတ်တွေဖြစ်ကြပြီး မွေးမြူထုတ်လုပ်သောအမျိုးအစားမှာ ငါးရှဥ့်နီဖြစ်ပါသည်။်။
  • ငါးရှဥ့်သည် အကြေးခွံမဲ့ရေသတ္တဝါဖြစ်ပြီး ကိုယ်ခန္ဓာမှာ ချောမွေ့နေပါသည်။ ခန္ဓာကိုယ်တစ်လျှောက် အကျိအချွဲ (Mucous)များ ဖုံးလွှမ်းနေပြီး လေရှူနှုန်းနည်းပါးသော သတ္တဝါမျိုးဖြစ်ပါသည်။ အမှောင်ကို ကြိုက်နှစ်သက်ပြီး ရေတိမ်ပိုင်းနှင့် ကျောက်ဆောင်များ၊ သဲ၊ ရွှံ့၊ နုန်းမြေများ တွင်းတူး၍ခိုအောင်းနေထိုင်ကြပါသည်။ ရံဖန်ရံခါ တစ် ကောင်ထက်ပိုမို၍ တွင်းများ(ငါးရှဉ့်တွင်း)တွင် တွေ့မြင်နိုင်ပါ သည်။ တစ်နှစ်သားအရွယ် ငါးရှဉ့်သည် ပျှမ်းမျှအားဖြင့်အလျား (၉)လက်မခန့်ရှိပါသည်။ ခန္ဓာကိုယ်တွင် ကျောဖက်ရေယက်၊ အောက်ဖက်ရေယက်၊ အမြီးရေယက် တို့သည် တဆက်တည်း ရှိကြပါသည်။ မျိုးပွားနိုင်သောငါးရှဉ့် ပျှမ်းမျှအရွယ်အစားမှာ အမ(၁၂)လက်မ၊ အထီး(၂၀)လက်မတို့ ဖြစ်ပါသည်။ငါးရှဉ့်တွင် အထီးသည် အမထက်အရွယ်အစား ကြီးမားလေ့ရှိကြသည်။  

    ၁။မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသောမျိုးစိတ်များ 

    ငါးရှဥ့်နီ (Monopterus albus) နှင့် ငါးရှဥ့်ညို/ငါးရှဥ့်မဲ (Mo-nopterus cuchia) တို့ဖြစ်ကြပြီး မွေးမြူထုတ်လုပ်သောအမျိုးအစားမှာ ငါးရှဥ့်နီဖြစ်ပါသည်။ 

    ၂။ သဘာဝအလျောက်သားပေါက်ခြင်း 

    မျိုးပွားရာသီမှာ မတ်လမှစက်တင်ဘာလအထိ ဖြစ်ပြီး တစ်နှစ်ပတ်လုံး ဥချနိုင်ပါသည်။ မိတ်လိုက်ရာသီ အမြင့်ဆုံးမှာ မေလမှ ဇွန်လဖြစ်ပြီး အနိမ့်ဆုံးလမှာ ဒီဇင်ဘာလမှ ဇန်နဝါ ရီလ ဖြစ်သည်။ အထီးများသည် အမများဥချနိုင်ရန် ရေမြုပ် အသိုက်များကို တည်ဆောက်ကြပြီး (၂)မှ(၃)ရက်အကြာတွင် အမများက ၎င်းအသိုက်တွင်ဥချပြီး အဆိုပါဥများမှာ ရေမြုပ် အသိုက်တွင် တွယ်ကပ်နေကြပါသည်။ အသိုက်တစ်ခုတွင် ဥ ပေါင်း (၅၀၀)မှ (၁၀၀၀)ထိ ဥချနိုင်လေ့ရှိပါသည်။ ရေအပူချိန် (၂၅)မှ(၃၀) ဒီဂရီစင်တီဂရိတ်တွင် သားပေါက်နိုင်ကြပါသည်။ 

    ၃။ မြေနေရာရွေးချယ်ခြင်းနှင့် ရေအမျိုးအစားများ  

    ရေချိုအလုံအလောက်နှင့် လွယ်ကူစွာရရှိနိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး နေအိမ်နှင့်နီးကပ်လျှင် ပိုမိုကောင်းမွန်ပါ သည်။ မြေကြီးသည် ရွံ့စေးမြေအမျိုးအစားဖြစ်ကာ ပူအိုက် စွတ်စိုသောရာသီဥတု ဖြစ်ရန်လိုအပ်ပြီး လျှပ်စစ်မီးရရှိပါက အကောင်းဆုံးဖြစ်ပါသည်။ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ အဝီစိ ရေတို့တွင် မွေးမြူနိုင်ပါသည်။ ရေချိုမျိုးစိတ်ဖြစ်သည့်အတွက် ရေငံတွင်မွေးမြူ၍မရပါ။ ရေ၏အရည်အသွေးများဖြစ်ကြသည့် ချဉ်ဖန်နှုန်း၊ ရေအပူချိန်၊ ပျော်ဝင်အောက်ဆီဂျင် အစရှိသည်တို့ ကို မွေးမြူကာလတစ်လျှောက် စစ်ဆေးပေးနိုင်လျှင်တော့ အကောင်းဆုံးဖြစ်ပါသည်။ 

    ၃။ငါးရှဉ့်မွေးကန်များ တည်ဆောက်ခြင်း 

    ငါးရှဉ့်သည် တွင်းဖောက်နိုင်သည့် သတ္တဝါဖြစ်သည့်အတွက် ကန်အောက်ခြေနှင့် ဘေးပတ်ပတ်လည်ကို ငါးရှဉ့် မထွက်စေရန် ဆောင်ရွက်ရမည်။ အုတ်ကန်၊ မြေကြီးကန် အတွင်း တာပေါ်လင်ခင်း၍သော်လည်းကောင်း မြေပေါ်ကန် အဖြစ် ဝါး၊ သစ်သားတို့ဖြင့် ကန်ပြုလုပ်၍ အတွင်းတွင် တာပေါ် လင်ခင်း၍ သော်လည်းကောင်းမွေးမြူနိုင်ပါသည်၊  

     -မြေသားကန်တွင် တာပေါ်လင်ဖြင့် ပြုလုပ်ခြင်း။ 

    တွင်းဖောက်တတ်သော သတ္တဝါဖြစ်သည့်အတွက် မြေသားကန်သီးသန့် မွေးမြူ၍မရနိုင်ပါ။ မြေသားကန်အတွင်း တာပေါ်လင်ခင်း၍သာ မွေးမြူနိုင်ပြီး နေရာသည် အမြင့်ပိုင်းဖြစ်ပါက ကန်အနက်ကို (၃) ပေအထိ တူးဖေါ်ထားသော မြေကန်ကို အသုံးပြုဆောင်ရွက်နိုင်ပါသည်။ 

    -မြေပေါ်တွင် ခြံခတ်ပြီး တာပေါ်လင်ကန်ပြုလုပ်ခြင်း။  

    နေရာသည်အနိမ့်ပိုင်းဖြစ်ပါက ငါးရှဉ့်ကန်ကို မြေပေါ်ကန်(တည်ကန်)အဖြစ် ဆောင်ရွက်နိုင်ပါသည်။ 

    ၄။ကန်အရွယ်အစားများ 

    အလျား(၆)ပေ၊ အနံ(၃)ပေ၊ အနက်(၃) ပေ 

    အလျား(၁၀)ပေ၊ အနံ(၅)ပေ၊ အနက်(၃)ပေ 

    အလျား(၂၀)၊ အနံ (၁၀)ပေ၊ အနက်(၃) ပေ စသည့်ကန်အရွယ်များဖြင့် မွေးမြူနိုင်ပါသည်။ မြေအကျယ် နှင့် ကန်တည်ဆောက်စရိတ်ကို တွက်ချက်ပြီး လိုအပ်သလို လုပ်ကိုင် နိုင်ပါသည်။  

    ၅။ရေထုတ်ပိုက်တပ်ဆင်ခြင်း 

    ငါးရှဉ့်မွေးမြူရေးကန်များတွင်ရေလဲလှယ်ခြင်းစနစ်ကို မကြာခဏပြုလုပ်ပေးရသဖြင့် တာပေါ်လင်ဖြင့် ပြုလုပ် ထားသော ကန်ပုံစံတွင် ရေထုတ်ပြွန်ကို တပ်ဆင်ရပါမည်။ ကန်အရွယ်အစားပေါ်မူတည်ပြီး လက်မဝက်၊ တစ်လက်မ၊ နှစ်လက်မ စသည့်အတွင်းရစ်နှင့် အပြင်ရစ်ပါ ပီဗီစီဆော့ ကတ်များ အသုံးပြုရန် လိုအပ်ပါသည်။ အဖွင့်အပိတ်ပါ ရေဘားတစ်ခုလည်း လိုအပ်မည်ဖြစ်သည်။ 

    ၆။တပ်ဆင်ခြင်းပုံစံများ  

    ၁) အပေါက်ဖောက်မည့် တာပေါ်လင် ပေါ်တွင် အတွင်းအရစ်ပါသော ပီဗီစီ ဆော့ကက်ကို ခဲတံဖြင့် ဝိုင်းပြီး အမှတ်အသား ပြုလုပ်ပါ။ 

    ၂) ခဲတံဖြင့် မှတ်ထားသော အဝိုင်းပေါက်ကို ကတ်ကြေး၊ ဓါးတို့ ဖြင့် ဖြတ်ထုတ်ပြီး အတွင်းရစ်ပါ ဆော့ ကက်ကိုတပ်ဆင်ပါ။ 

    ၃) ထို့နောက် အပြင်ရစ်ပါသော ဆော့ ကက်အား တာပေါ်လင်ကန် ၏ အခြား တဖက်တွင် ပုံပါ အတိုင်း တပ်ဆင်ရပါမည်။ ၄) ထိုသို့တပ်ဆင်ရာတွင် ရေစိမ့် မထွက်စေရန်အတွက် ဝါရှာကွင်း ထည့်သွင်းတပ်ဆင်ရပါမည်။ 

    ၅) ငါးရှဉ့်ကန်အတွင်းမှ ရေကိုထုတ်နိုင်ရန်အတွက် ပီဗီစီပိုက်ကို ဆော့ကက်၊ ရေဘားတို့ဖြင့် ဆက် သွယ်ပေးရပါမည်။

    ၈။ ငါးရှဥ့်မွေးမြူနိုင်ရန်ပြင်ခြင်း 

    မွေးမြူရေးအလွှာစုံပြုလုပ်ပြီးလျှင် ရေကိုမြုပ်သည်အထိဖြည့်ပါ။ ၃-၄ ရက်ကြာ၍ရေပုပ်လာပါက ထိုပုပ်နေသော ရေကို ကုန်စင်အောင်ထုတ်ပြီး ရေပြန်ဖြည့်ပါ။ အဆိုပါအတိုင်း ၄-၅ ကြိမ်ခန့်ပြုလုပ်ပေးပါ။ထို့နောက် ကန်အတွင်းမှရေကိုခပ် ယူပြီး ငါးရှဉ့်အကောင်အသေးတစ်ကောင် ထည့်ကြည့်ပါ။ သေဆုံးမှုမရှိပါက အကောင်သေးများစတင်ထည့်သွင်းမွေးမြူနိုင်ပါပြီ ဖြစ်ပါသည်။ 

    ၉။အစာကျွေးသည့်နည်း၊ ပုံစံနှင့်ကျွေးရမည့်နှုန်း 

    သဘာဝအရ ငါးရှဉ့်သည် တီကောင်၊ ခရု၊ ကျောရိုးမဲ့ အင်းဆက်ပိုးများကိုကြိုက်နှစ်သက်ပါသည်။ ကိုယ်တိုင်ဖေါ်စပ်ကျွေးမည်ဆိုက ပညာရှင်များဖြင့်တိုင်ပင်၍ကျွေးမွေးခြင်းက ပိုမိုကောင်းမွန်ပြီး အသားဓါတ်ပါသောငါးနုတ် ၊ ငါးဖွဲများဖြင့် အဓိကဖေါ်စပ်ရပါမည်။ စက်ရုံထုတ်သိပ္ပံနည်းကျ အသင့်ကျွေး အစာများလည်းကျွေးနိုင်ပါသည်။ ငါးရှဉ့်သည်အမှောင်ကို ကြိုက်နှစ်သက်သဖြင့် ညအချိန်မှ အစာကျွေးရမည်ဖြစ်ပြီးစုစုပေါင်းအလေးချိန်၏ (၄) မှ(၆)%အား တစ်ရက်တစ်ကြိမ် ကျွေး နိုင်ပါသည်။ အစာများကို ဝါးဇကာဖြင့် ထည့်ကျွေးရမည် ဖြစ် ပြီး ရေထုတ်ပေါက်ဘက်မြေလွှာပုံမရှိသော အပိုင်း မှာကျွေး ရပါမည်။ အစာဗမ်း (ဝါးဇကာ)ကိုကြိုးဖြင့် အောက် ခြေမှ(၆)လက်မခန့် ခွာ၍ချိတ်ဆွဲထားရမည်။ 

    ၁၀။ ငါးရှဉ့်ကန်ထိန်းသိမ်းစောက်ရှောက်ခြင်း 

    ငါးရှဉ့်ကန်အတွင်းဗေဒါကိုကန်အပြည့်ထည့်ပေးပါ။ရေကို (၂)ရက်တစ်ကြိမ်လဲလှယ်ပေးရန်လိုအပ်သည်။ အစာကိုဗန်းဖြင့်လည်းကောင်း၊ အထုပ်ဖြင့်လည်းကောင်း ကျွေး နိုင်ပါသည်။ တစ်လလျှင်တစ်ကြိမ် အလေးချိန်ကို ပြန်စစ် ဆေးပါ။

    ရေးသားပြုစုသူ- စိုးမင်းဦး (Management Plan Coordinator, GoMP) 

    220317_NewsletterVol.15_Myan-Final_Approved.pdf (themimu.info)


  • article
likes13comments0
views2812