ကနီမြို့နယ်က မြေပဲနဲ့ပဲစဥ်းငုံစိုက်ခင်းတွေရေနစ်မြုပ်မှုဖြစ်နေလို့ ဧကထောင်ချီပျက်စီးနိုင်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေး ကျေးရွာအပါအဝင် ရွာပေါင်း ၆၀ ကျော်လောက်က မြေပဲအပါသီးနှံစိုက်ခင်းတွေ ေရနစ်မြုပ်မှုဖြစ်ပွားနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင်လ ၈ ရက်နေ့လောက်ကစပြီး
ချင်းတွင်းမြစ်အတက်ကြမ်းလာတာကြောင့် ကျေးရွာတွေရေကြီးနစ်မြုပ်ပြီး စိုက်ခင်းတွေပါ ရေနစ်မြုပ်နေတာဖြစ်လို့ စိုက်ခင်းဧကထောင်နဲ့ချီပြီး ပျက်စီးနိုင်တဲ့အခြေအနေရှိတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
" ရေတွေကရွာထဲတောင်ခုထိမကျသေးတာ၊စိုက်ခင်းတွေကပိုဆိုးပြီပေါ့ဗျာ။မြေပဲတွေဆိုခုချိန်က ဥနေတော့ ရေလည်းဝင်ရောအကုန်ပျက်စီးမယ့်သဘောရှိတယ်။ဒီတော့အခြေအနေဆိုးတဲ့စိုက်ခင်းသမားတွေကတော့ နွားစာပဲရရဆိုပြီး နူတ်နေကြတာမျိုးရှိတယ် " လို့ ကနီဒေသခံတစ်ဦးကပြောပါတယ်။
ရေကြီးနစ်မြုပ် နေတဲ့ကျေးရွာတွေထဲမှာ ကင်း၊ အထက်ကင်း၊ မိချောင်းတွင်း၊ တအုံ၊ ချမ်းသာစု၊ ဘုမ္မဇင်း၊ ကဲဒေါင် အပါအဝင်ကျေးရွာအများစုမှာ ပဲစိုက်ခင်းတွေ ရေနစ်မြုပ်နေတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါကနီမြို့နယ်တွင်းရှိ ကျေးရွာတွေက မြေပဲ၊ ပဲစဥ်းငုံ ကိုအဓိကစိုက်ပျိုးကြတာဖြစ်ပြီး လက်ရှိမှာ မြစ်ကမ်းဘေးက စိုက်ခင်းတွေအားလုံးနစ်မြုပ်နေတာဖြစ်လို့ တောင်သူတွေအတွက် ခုနှစ်က စိုက်ပျိုးစရိတ်ဆုံးရှုံးရမယ့်အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။
ဒါကြောင့် ကနီမြို့နယ်တွင်း သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ ရေနစ်မြုပ်ပျက်စီးတဲ့စိုက်ခင်းတွေအတွက် ပြန်လည်ကုစားမှုတွေလုပ်ပေးစေလိုကြောင်းဒေသခံတွေက ပြောဆိုကြပါတယ်။
ချစ်ခွန်းချို(AMIA)
AMIA မှ ကူးယူဖော်ပြပါသည်။
------
မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -