cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

. ရာသီဥတု သတင်းများ
ပွင့်ဖြူ၊ မင်းဘူးနဲ့ စလင်းမြို့နယ်တွေမှာ အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၅.၁ ဒီဂရီစင်တီဂရိတ်အထိ ရောက်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
  • ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်မှာ မိုးရွာရန် ရာခိုင်နှုန်းနည်းနေပြီး အမြင့်ဆုံး ပျှမ်းမျှ အပူချိန်ဟာ ၃၅.၁ ဒီဂရီစင်တီဂရိတ်အထိ ရှိ နိုင်ပါတယ်။ ကျန်မြို့နယ်များဖြစ်သည့် ပွင့်ဖြူ၊ မင်းဘူး မြို့နယ်များတွင် ဇူလိုင်လ ၁၃၊၁၄ ရက်နေ့နဲ့ ၁၆ ရက် နေ့တွေမှာ မိုးရွာနိုင်ခြေရှိပြီး စေတုတ္တရာမြို့နယ်များတွင် ဇူလိုင်လ ၁၂၊၁၇၊၁၈ ရက်တွေမှာ မိုးရွာနိုင်ခြေရှိပြီး ကျန်ရက်များတွင် ရွာနိုင်ခြေနည်းပါတယ်။ ပွင့်ဖြူ၊ မင်းဘူးနဲ့ စလင်းမြို့နယ်တွေမှာ အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၅.၁ ဒီဂရီစင်တီဂရိတ်အထိ ရောက်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄၂)ရာခိုင်နှုန်းမှ (၈၅)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၁၃၊၁၄ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ မိုးအုံ့ခြင်း၊ တိမ်ထူခြင်းတွေ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၄.၂ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ် ခင်ဗျာ။ 

    မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းမှ (၈၅)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၁၃၊၁၄ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ မိုးအုံ့ခြင်း၊ တိမ်ထူခြင်းတွေ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၄.၂ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ်ခင်ဗျာ။  

    စလင်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၂၅)ရာခိုင်နှုန်းမှ (၇၄)ရာခိုင်နှုန်းရှိတဲ့အတွက် မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၅.၁ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ်ခင်ဗျာ။ 

    စေတုတ္တရာမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၂၅)ရာခိုင်နှုန်းမှ (၈၀)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၁၂၊၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ မိုးအုံ့ခြင်း၊ တိမ်ထူခြင်းတွေ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၂.၄ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ်ခင်ဗျာ။  

    စိုက်ပျိုးရေးအကြံပြုချက်  

    မိုးရာသီဖြစ်ခြင်း၊ မိုးများသော ဒေသဖြစ်ခြင်းတို့ကြောင့် စပါးခင်းများ ရေဝပ်နိုင်သဖြင့် ရေထုတ် မြောင်းများ စနစ်တကျဖော်ဆောင်ထားရန် တိုက်တွန်းလိုက်ပါတယ်။ အကယ်၍ စပါးခင်းများ အချိန်ကာလ ကြာမြင့်စွာ ရေဝပ်ပြီး ရေမထုတ်နိုင်ပါက စပါးနီတိုရောဂါ ကျရောက်နိုင်ပါတယ်။ ဒါကြောင့် စပါးနီတို(သို့) သံဆိပ်သင့် ပြဿနာ ကြိုတင်ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။  

    နီတိုလက္ခဏာ  

    အချဉ်ဓါတ်လွန်ကဲသောမြေ၊ ရေဝပ်မြေ၊ ရေအမြဲလှောင်ထားသောမြေများမှာ အဖြစ်များ။  

    စပါးရွက်ကြေးနီရောင်ပြောင်း။  

    ရောဂါဆိုးပါက စပါးရွက်က ခရမ်းရင့်ရောင်ပြောင်း၊ အပင်ပု၊ ပင်ပွားနည်း၊ အမြစ်ပွားမှုနည်း၊ အမြစ်များ ညိုမဲပုပ်၍ အပင်သေ။  

    ကာကွယ်ခြင်း  

    ပုလဲမြေဩဇာတစ်မျိုးတည်းကျွေးခြင်းရှောင်ပါ  

    ပိုတက်နဲ့ဂျစ်ပ်ဆမ် မြေဩဇာများကျွေးပါ  

    ရေသွင်းရေထုတ်လုပ်ပေးပါ  

    ဖော့စ်ပရပ် ၊ မဂ္ဂနီစီယမ်မြေဩဇာများ လုံလောက်စွာကျွေးပါ  

    Source:Htwet Toe  

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ယခုအပတ်အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ငါး/ပုဇွန် တောင်သူ ဦးကြီးများအနေဖြင့် အစာလျော့ကျွေးဖို့ အထူးတိုက်တွန်းလိုပါတယ်။ ပျော်ဝင်အောက်ဆီဂျင်လျော့နည်း နိုင်တဲ့အတွက် ရေဒလတ်တပ်ဆင်ခြင်း ကဲ့သို့သော အောက်ဆီဂျင်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း ဆောင်ရွက် ပေးဖို့ တိုက်တွန်းလိုပါတယ်။ မိုးကာလဖြစ်တဲ့အတွက် ရေကြီး ရေလျှံခြင်းမှ ပြင်ပရေများ ကန်အတွင်း ဝင်ရောက် လာနိုင်တဲ့အတွက် ကာကွယ်ရေးနည်းလမ်းများနဲ့ ငါးကန် ရေထုတ်ပေါက်များကို ဆောင်ရွက်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။  

    Weather Source: CIAT  

    ---------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes6comments0
views3214