cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမှုန်မှ ငါးသန်၊ ငါးသန်မှ ငါးဖျန်းပြုစု အစာကျွေးနည်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝ တွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက် ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကိုကျွေးနိုင်ပါသည်။
  • ငါးမှုန်များသည် (၃)ရက်ကျော်မှ အစာကျွေးခြင်းကိုဆောင်ရွက်ရာတွင် ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝ တွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက် ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကိုကျွေးနိုင်ပါသည်။ ဥပမာအားဖြင့် ဇကာချထားသောဖွဲနု နှင့် ပဲမှုန့် ဖတ် ရောပြီးကျွေးနိုင်ပါသည်။ အစာစက်ရုံများမှ ထုတ်လုပ်သောအစာများကိုကျွေးနိုင်ပါက ပိုမိုကောင်း မွန်အဆင်ပြေပါသည်။ ငါးမှုန်အရွယ်တွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်းပါသောအစာကျွေးပါက ကြီးထွား နှုန်း မြန်ပါသည်။

    ငါးသန်အရွယ်ရောက်ရှိပါက ကန်ပြောင်းပြီး ငါးဖျန်းအဆင့်မွေးမြူရာတွင် ကန်ရေအနက် သည် အနည်းဆုံး(၂)ပေခွဲ ထားရှိရပါမည်။ ကန်ရေဩဇာကောင်းမွန်ရပါမည်။ ရေအရောင်သည် အစိမ်းနု၊ အစိမ်းရင့် ရှိသင့်ရပါမည်။ ကန်ရေဩဇာကောင်းမွန်ပါက ပရိုတိန်း(၃၀)ရာခိုင်နှုန်းပါသော ဖြည့်စွက်စာကိုကျွေးပေးရပါမည်။ ငါးသန်များပြုစုရာတွင် ကန်အတွင်းတွင် ငါးရိုင်းများနှင့် သား စားငါးများမရှိပါက အသက်ရှင်နှုန်းကောင်းမွန်ပြီး ငါးကြီးထွားနှုန်းကောင်းမွန်ပါသည်။ ငါးရိုင်းများ ရှိနေပါက ဖြည့်စွက်စာများကို လုယက်စားသောက်သဖြင့် ငါးသန်များအစာကောင်းစွာ မစားရပါ၊သားစားငါးရှိပါကလည်း ငါးသန်များကိုဖမ်းယူစားသောက်သဖြင့် အသက်ရှင်ကျန်ရှိနှုန်း နည်းပါးသည်ကို တွေ့ရှိရပါသည်။

    ငါးမှုန်နှင့် ငါးသန်အစာကျွေးနှုန်းကို အောက်ပါအတိုင်းနှင့် ဇယားဖြင့် ဖော်ပြအပ်ပါသည်-

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes5comments0
views3052