cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးရွာရန် ၆၀ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းရှိပြီး တွံတေးနှင့် သန်လျင်မြို့နယ်များတွင် ၁၅ ရက်နေ့နှင့် ၂၁ ရက်နေ့များ၌ မိုးရွာနိုင်ခြေရှိပြီး ကျောက်တန်း မြို့နယ်တွင် ၂၁ ရက်နေ့၌ မိုးရွာနိုင်ခြေရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ ကျန်ရက်များတွင် မိုးအုံ့ခြင်း၊ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးရွာရန် ၆၀ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းရှိပြီး တွံတေးနှင့် သန်လျင်မြို့နယ်များတွင် ၁၅ ရက်နေ့နှင့် ၂၁ ရက်နေ့များ၌ မိုးရွာနိုင်ခြေရှိပြီး ကျောက်တန်း မြို့နယ်တွင် ၂၁ ရက်နေ့၌ မိုးရွာနိုင်ခြေရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ ကျန်ရက်များတွင် မိုးအုံ့ခြင်း၊ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၂၅.၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၉ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။

    တွံတေးမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးရွာရန် ၆၀ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိရှိပြီး ၁၅ ရက်နေ့နဲ့ ၂၁ ရက်နေ့များတွင် မိုးရွာနိုင်ခြေရှိပြီး ကျန်ရက်များတွင် မိုးအုံ့ခြင်း၊ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန်အနေနဲ့ ၃၂..၃ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျမ်းမျှအပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ 

    သန်လျင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးရွာရန် ၆ဝ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိရှိနေပြီး ၁၅ ရက်နေ့နဲ့ ၂၁ ရက်နေ့များတွင် မိုးရွာနိုင်ခြေရှိပြီး ကျန်ရက်များတွင် မိုးအုံ့ခြင်း၊ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

    အမြင့်ဆုံးပျမ်းမျှအပူချိန်အနေနဲ့ ၃ဝ.၉ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျမ်းမျှအပူချိန်မှာ ၂၄.၉ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။  

    ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်များတွင် မိုးရွာရန် ၆ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိရှိနေပြီး ၂၁ ရက်နေ့တွင် မိုးရွာနိုင်ခြေရှိပြီး ကျန်ရက်များတွင် မိုးအုံ့ခြင်း၊ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

    အမြင့်ဆုံးပျမ်းမျှအပူချိန်အနေနဲ့ ၃၁.၂ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျမ်းမျှအပူချိန်မှာ ၂ ၂၅.၈ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။ 

     စိုက်ပျိုးရေးအကြံပြုချက်  

    မိုးရွာသွန်းခြင်း၊ တိမ်ထူ၊ မိုးအုံ့ခြင်းတို့ ဖြစ်ပေါ်နေပြီး စပါးပင်သက်တမ်း အတန်သင့်ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် လှေပိုး သတိပြုဖို့နဲ့ နှိမ်နင်းနည်းကို ပြုစုရေးသားလိုက်ပါတယ် ခင်ဗျာ။ 

    မိုးစပါးမှာ လှေးပိုးဖျက်ဆီးမှု ဂရုပြု 

    • စပါးရွက်များ လိပ်နေလျှင် လှေးပိုးကျရောက်မှုလက္ခဏာ ဖြစ်နိုင်ပါတယ်၊ လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် လိပ်နေသော အရွက်များအတွင်း လှေးပိုးရှိမရှိ စစ်ဆေးပါ။ 
    • နို့နှစ်ရောင် ဥများကို စပါးရွက် မျက်နှာပြင်ပေါ်တွင် ရှိ မရှိစစ်ဆေးပါ။ လှေးပိုးဖျက်ဆီးမှုဒဏ် ခံရပါက ရိုးတံများသည် ဖြူဖျော့လာကာ ရွက်ပြားများမှာ အဝါရောင်ဖြစ်လာတတ်ပါတယ်။ 
    • မိုးစပါးတွင် ကျရောက်တတ်သော လှေးပိုး ကာကွယ်နှိမ်နှင်းနည်းများ 
    • လှေးပိုးအား နှိမ်နှင်းရန် စပါးခင်းအား ၂ရက်ခန့် ရေလွှမ်းပေးပါ။ 
    • လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ရေနေကြမ်းပိုး၊ နဂျီ စသည်တို့သည် လှေးပိုးများအား တိုက်ဖျက်စားသုံးသော မိတ်ဆွေပိုးများဖြစ်ပါတယ်။ 
    • ရွေ့ပြောင်း စိုက်ပျိုးပြီး ရက် ၃ဝအတွင်း တစ်ပတ်လျှင် ၃ကြိမ် ပုံမှန် စစ်ဆေးပါ။ 
    • လှေးပိုးကျရောက်ဖျက်ဆီးမှုကို ခန့်မှန်းနိုင်ရန်အတွက် ရေစိုလက်ဖြင့် စပါးပင်၏ ထိပ်ဖျားတွေကို ထိကြည့်သည့်အခါ လက်မှာ လှေးပိုးများတွေ့ရှိရပါက နှိမ်နင်းဖို့ လိုအပ်ပါမည်။ 
    • ပြာများ ပက်ကြဲပေးပါ။ 

    ပိုးသတ်ဆေးများကတော့ 

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဖီပရိုနေးလ် ၅% အက်စ်စီ၊ စားပွဲတင်ဇွန်း (၂-၈) ဇွန်း 

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အာဘာမက်တင်း ၁.၈% အီးစီ၊ စားပွဲတင်ဇွန်း (ဇွန်းဝက်-၁ဇွန်းခွဲ) 

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဆီတာမီပရစ် + လမ်ဒါဆိုင်ဟေလိုသရင် (၅%) ဒဗလျူပီ၊ စားပွဲတင်ဇွန်း (၄-၅) ဇွန်း 

    ၄။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာတက်ဟိုက်ဒရို ကလိုရိုက် (၉၅%)အက်စ်စီ စားပွဲတင်ဇွန်း ( ၂-၄) ဇွန်း 

    ဒီနည်းတွေထဲက အဆင်ပြေရာ တစ်မျိုးကို အသုံးပြုနိုင်ပါတယ်။ 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ယခုအပတ်အတွင်း မိုးရွာခြင်း၊ တိမ်ထူ၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ငါး/ပုဇွန် တောင်သူ ဦးကြီးများအနေဖြင့် သတ်မှတ်အစာကျွေးနှုန်းအောက် လျော့ကျွေးပါရန်နှင့် ရေကြီးရေလျှံခြင်း မှတစ်ဆင့် ငါးရိုင်းများ ဝင်လာနိုင်တဲ့အတွက် မိမိ၏ကန်အား ဂရုစိုက်ရန် သတိပေးလိုပါတယ် ခင်ဗျာ။ ရေစီး ရေလာကောင်းအောင် ဆောင်ရွက်ထားပြီး ရေထုတ်ပေါက်များလည်း တင်ဆင်ထားရန် ထပ်လောင်း အကြံပြု လိုက်ပါတယ် ခင်ဗျာ။ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes6comments0
views3281