cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စျေးကွက်တွင် နွေနှမ်းပေါ်ချိန် နှမ်းစျေးမြင့်တက်နေ

. ဈေးကွက်သတင်းများ
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမုန် ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၄၅၅၀၀၀ မှ ၅၀၀၀၀၀ ကြား ထိ ပေါက်စျေးရှိပြီး တစ်အိတ်လျှင် ၅၀၀၀ မှ ၁၀၀၀၀ အထိ စျေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
  • နွေနှမ်းပေါ်ချိန်အစ နှမ်းစျေးအနည်းငယ်မြင့် တက်လာကြောင်း ကုန်စည်ဒိုင်များ နှင့် တောင်သူများ ထံမှ သိရသည်။

    လက်ရှိ ဆောင်းနှမ်းအကုန် နွေနှမ်းစတင်ပေါ် ချိန်ဖြစ်ပြီး နွေနှမ်းများ စတင်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ရိတ်သိမ်းချိန်တွင်လည်း ရာသီဥတုကောင်းမွန်သည့်အတွက် အထွက်နှုန်းများ ကောင်းမွန်ကြောင်းလည်း သိရသည်။

    "နှမ်းဖြူ နဲ့ နှမ်းနက် တရုတ်ကို ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့ အတွက် ရန်ကုန်ဝယ်လက် နဲ့ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိလို့ ဈေးမြင့်တယ် လို့ကြားတယ်။ စျေးကွက်သဘောအရ စပေါ်ချိန် စျေးတက်တယ်။ ထပ်ပြီး လှိုင်လှိုင်ပေါ်လာရင် စျေးကျ။ ပြီးရင် လက်ကျန်နည်းသွားရင် ပြန်ကျ အဲ့ဒီလိုပဲ သွားကြတယ်။ “ ဟု နှမ်း ကုန်သည်တစ်ဦးက ပြောသည်။

    မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမုန် ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၄၅၅၀၀၀ မှ ၅၀၀၀၀၀ ကြား ထိ ပေါက်စျေးရှိပြီး တစ်အိတ်လျှင် ၅၀၀၀ မှ ၁၀၀၀၀ အထိ စျေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

    ထို့အပြင် နှမ်းဖြူ (ဂျပန်) မှာ ၄၅ပိဿဝင် တစ်အိတ်လျှင် ဇူလှိုင် ၈ရက်နေ့ က ၃၉၀၀၀၀မှ ၃၉၅၀၀၀ ကျပ် အထိသာရှိ ပြီး လက်ရှိ တွင် ၄၅ပိဿာ ဝင် တစ်အိတ်လျှင် ၄၁၈၀၀၀ မှ ၄၂၀၀၀၀ အထိ အမြင့်စျေး တွင် ရှိ ကြောင်း သိရသည်။

    အောင်လံကုန်စည်ဒိုင်တွင်ဖုန်း ဖြင့် ဝယ်ရောင်းစျေး နှမ်းနက် (Aအက်စစ်မလွတ်) ၄၅ပိဿာဝင် တစ်အိတ် လျှင် ၃၇၀၀၀၀ မှ ၃၈၅၀၀၀ကျပ် ဖြင့် ရောင်းဝယ် ဖြစ်နေပြီး နှမ်းဖြူမှာ စျေးနှုန်း အတိအကျ စျေးဖွင့်ထား ခြင်းမရှိကြောင်း သိရသည်။

    စျေးကွက်မှာ အရည်အသွေးရှိသည့် မိုးလွတ် အက်စစ်အောင်သည့် နှမ်းများကိုသာ အဓိကထား အရောင်းအဝယ် လုပ်ကြကြောင်းသိရသည်။

    "လက်ရှိတော့ အရင်အပတ်ထပ် စျေးလေး တက်လာတယ်။ နှမ်းက အရည်သွေးကောင်းရင် စျေးကောင်း ရတယ်။ နှမ်းစျေးကွက်မှာက မိုးမမိတဲ့ အက်စစ် အောင်တဲ့ နှမ်းတွေပဲ အရောင်းဝယ် ဖြစ်တာများတယ် “ ဟုအောင်လံမှ နှမ်း ကုန်သည်တစ်ဦးက ပြောသည်။

    လက်ရှိနှမ်းဈေးနှုန်းမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုကောင်းလာပြီး အရောင်းဝယ်ဖြစ်နေကြောင်း နွေနှမ်းစိုက်ပျိုးသည့် တောင်သူတစ်ချို့ထံမှ သိရသည်။

    ယခု ဘဏ္ဍာနှစ် ၈ လအတွင်း ပြည်ပသို့ နှမ်းတင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းကျော်သာရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းကျော် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

    ပြည်တွင်းတွင် ပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်းထိ ထွက်လေ့ ရှိကြောင်းသိရသည်။

    မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံ တစ်ခုတည်းသာ အားထားတင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့ တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်းလည်း သိရသည်။

    မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes11comments0
views2659