cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေဘေးသင့်လယ်မြေ ဘယ်လိုပြင်မလဲ

. မြေဆီလွှာ
ရေဘေးသင့်ခံရတဲ့ လယ်မြေတွေမှာ တချို့ ရေပြန်ကျပြီး လယ်သားပေါ်လာတဲ့ မြေ၊ တချို့ လယ်ယာမြေမပေါ်သေးတဲ့ မြေဆိုပြီး ရှိနိုင်ပါတယ်။ ရေပြန်ကျလို့ လယ်သားပေါ်တဲ့မြေမှာတော့ သက်တမ်းတို စပါး ၉၀-၁၀ဝ ရက်စပါးနဲ့ မြန်မြန်ကြဲဖို့ လိုပါတယ်။
  • သီးနှံစိုက်ပျိုးပြီး လယ်ယာမြေများဟာ နှစ်စဉ် ရေကြီးနစ်မြုပ်မှု ခံစားနေကြရတာ ဖြစ်ပါတယ်။ ဖြစ်ပျက်တဲ့ပမာဏ အနည်း၊ အများသာ ကွာခြားခြင်းဖြစ်ပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရ ရေဘေးသင့်ခံရတဲ့မြေဟာ နှစ်မျိုးတွေ့ရပါတယ်။ တစ်မျိုးကတော့ ရေစီးအဟုန်နဲ့ ဖြတ်စီးခံရတဲ့ လယ်ယာမြေမျိုး၊ နောက်တစ်မျိုးကတော့ ရေငြိမ်တစ်အိအိနဲ့ စီးဆင်းပြီး နစ်ခံရတဲ့ လယ်ယာမြေမျိုး ဖြစ်ပါတယ်။

    ရေစီးအဟုန်နဲ့နစ်ခံရတဲ့ လယ်ယာမြေမျိုးဟာ ကန်သင်းများပဲ့ထွက်သွားပြီး

    နုန်းတင်ပို့ခံရတာ တွေ့ရတယ်။ မြေဆီဩဇာ ပိုကောင်းသွားနိုင်တယ်လို့ ဒေသခံလယ်သမားကြီးများက ခန့်မှန်းနေကြတာ တွေ့ရပါတယ်။ ရေကျသွားတာနဲ့ ကန်သင်းများလုံအောင် ပြန်ဖို့ပြီး ပြန်စိုက်နိုင်မယ်လို့ မှန်းဆနေကြပါတယ်။

    ရေငြိမ်တစ်အိအိနဲ့စီးပြီး ရေနစ်မြုပ်ခံရတဲ့ လယ်ယာမြေတွေကတော့ ကန်သင်းပျက်စီးတာနည်းမယ်။ နုန်းတင်ပို့မှုများနိုင်တယ်။ နုန်းများများပို့ခံရတဲ့ လယ်ယာမြေတွေကတော့ ရေကျသွားပြီးတဲ့အခါ နုန်းသားသေသွားအောင်၊ အသားကျသွားအောင် စောင့်ဆိုင်းပြီးမှစိုက်ပျိုးရင် ပိုပြီးစိတ်ချရမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အားလုံးမှာလည်း ရေကျသွားပြီဆိုရင်တော့ လယ်ယာမြေထဲ အနိမ့်ပိုင်းမှာ တင်ကျန်နေခဲ့တဲ့ ရေကျန်ကို ရအောင်ဖောက်ထုတ်ပြီး မြန်မြန်နုန်းသားသေအောင် စီမံဖို့လိုအပ်မှာ ဖြစ်ပါတယ်။

    ရေဘေးသင့်ခံရတဲ့ လယ်မြေတွေမှာ တချို့ ရေပြန်ကျပြီး လယ်သားပေါ်လာတဲ့ မြေ၊ တချို့ လယ်ယာမြေမပေါ်သေးတဲ့ မြေဆိုပြီး ရှိနိုင်ပါတယ်။ ရေပြန်ကျလို့ လယ်သားပေါ်တဲ့မြေမှာတော့ သက်တမ်းတို စပါး ၉၀-၁၀ဝ ရက်စပါးနဲ့ မြန်မြန်ကြဲဖို့ လိုပါတယ်။

    ဩဂုတ်လဆိုတော့ စပါးစိုက်ပျိုးချိန် မကျန်တော့ပါဘူး။ တက်သုတ်ရိုက်ပြီး မြန်မြန်ကြဲဖို့ လိုပါတယ်။ လိုအပ်မယ့်မျိုး၊ မြေဩဇာများကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ကြိုတင် စားရင်းကောက်ယူထားဖို့ လိုပါတယ်။ လိုအပ်တဲ့မျိုးနဲ့ မြေဩဇာများကိုလည်း ဒေသအရောက် စီမံစုဆောင်းထားဖို့ လိုအပ်ပါတယ်။

    ရေဘေးသင့်ခံရတဲ့ လယ်ယာမြေတွေဟာ တချို့ ရေပြန်ကျသွားရင် ပြန်လည်ထွန်ယက်ပြီးမှ စိုက်ပျိုးလို့ရမယ့် မြေတွေလည်းပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီလို လယ်ယာမြေတွေအတွက် ထွန်ယက်ရေး ဝန်ဆောင်မှုပေးရန် လိုအပ်မှာဖြစ်ပါတယ်။

    ဒါမှလည်း စိုက်ပျိုးချိန်မီမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်းပြီး ဝန်ဆောင်မှုပေးမယ့် အစီအစဉ်များရေးဆွဲဖို့ လိုပါတယ်။ လယ်သမားနဲ့ချိတ်ဆက်ပြီး မြန်မြန်ထွန်ယက်မြေပြင်ပေးဖို့ လိုမှာဖြစ်ပါတယ်။

    စိုက်ပျိုးစရိတ်ချေးငွေကိုလည်း မြန်မြန်ထောက်ပံ့ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရေဘေးသင့်ဒေသများဟာ မိုးလေဝသဌာနရဲ့ ခန်းမှန်းချက်အရ မိုးလယ် မိုးပါးပြီး နောက်မိုးအသင့်အတင့် ဖြစ်မယ်ဆိုရင် စက်တင်ဘာလမှ သီတင်းကျွတ်လပြည့်ကျော်ရင် ရေကျသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ စက်တင်ဘာလမှာ ရေကျလို့ လယ်မြေစပေါ်ရင် ရေကျနောက်စိုက် စပါးကဲ့သို့စိုက်ပျိုး၍ရနိုင်ပါတယ်။

    နောက်မိုးလည်း အသင့်အတင့်ရှိနေမယ်ဆိုရင် အောင်ရေအတွက် စိတ်ချရနိုင်ပါတယ်။ ဆည်ရေသောက်၊ လျှပ်စစ်ရေတင်ဒေသတွေဆိုရင် ၎င်းလုပ်ငန်းများမှ အောင်ရေကူပေးနိုင်ဖို့ အလားအလာကောင်းများ ရှိနိုင်ပါတယ်။

    စပါးမျိုးကတော့ သက်တမ်းတို ရက် ၉၀-၁၀ဝ စပါးစိုက်ပျိုးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ရေကျလို့ ပြန်ပေါ်လာမယ့် ယာမြေတွေမှာတော့ အောက်တိုဘာလစပြီး ယခုဆောင်းရာသီစိုက်ပျိုးတဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်နဲ့ စားဖိုဆောင်သီးနှံများ စိုက်ပျိုးတဲ့အချိန်ဘဲ ဖြစ်ပါတယ်။

    လိုအပ်တဲ့မျိုးကို မြို့နယ်စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေးအဖွဲ့တွေနဲ့ ကြိုတင်စီမံခြင်းဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် ကြိုတင်ရှာဖွေစီမံခြင်းဖြင့်လည်းကောင်း၊ ကြိုးပမ်း စိုက်ပျိုးကြဖို့ လိုအပ်ပါတယ်။ ရေဘေးသင့်ဒေသများ၏ လယ်ယာမြေများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဟာကွက်မရှိအောင် ဘက်စုံထောင့်စုံမှ စဉ်းစားပြီး ကူညီကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။

    - အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများဂျာနယ်

    ✦✦✦✦

    VPN မလိုဘဲ စိုက်/မွေးအချက်အလက်များ ရယူရန်

    ထွက်တိုးဝက်ဆိုက်သို့ သွားရန် - https://htwettoe.com/

    ထွက်တိုးဆော့ဝဲလ် ဒေါင်းလုတ်ရယူရန် - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    Tik Tok သို့ သွားရန် - https://www.tiktok.com/@htwettoe?is_from_webapp=1...


  • article
likes
4
comments
1
views
3960