cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးခေါင်းပွ ထည့်သွင်းမွေးမြူခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးသိုင်းခေါင်ပွငါးသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၁ ကီလို (၆၅)ကျပ်သားမှ (၁.၅)ကီလို (၉၅)ကျပ်သား အထိ ပုံမှန်ကြီးထွားကြောင်း တွေ့ရှိရပါသည်။ ၁၈လအထိမွေးမြူပါက (၁.၅)ကီလို(၉၅)ကျပ်သားမှ ၂ကီလို တစ်ပိဿာ၂၀အထိ ကြီးထွားကြပါသည်။ ငါးသိုင်းခေါင်းပွငါးသည် ရောနှောမွေးမြူခြင်းစနစ်တွင် ပိုမိုဖြစ်ထွန်းသည် ကိုတွေ့ရှိရပါသည်။
  • ငါးမွေးတောင်သူအများစုသည် ငါးခေါင်းပွ (သို့မဟုတ်) ငါးသိုင်းခေါင်းပွကို ထည့်သွင်းမွေးမြူကြ ပါသည်။ အဆိုပါ ငါးခေါင်းပွသည် အချိန်တိုအတွင်း ကြီးထွားနှုန်း မြန်ဆန်ပါသည်။ ထို့ကြောင့် မိမိငါးကန်အတွင်း အနည်းငယ် ထည့်သွင်းမွေးမြူကြပါသည်။ ငါးခေါင်းပွတစ်မျိုးတည်း မွေးမြူခြင်းမရှိကြပါ။ ငါးခေါင်းပွတစ်မျိုးတည်း မွေးမြူပါက အသေအပျောက်များခြင်းနှင့်အတူ ကြီးထွားနှုန်းလည်း ပုံမှန်ထက် နည်းပါးသည်ကို တွေ့ရှိရပါ သည်။

    ငါးခေါင်းပွ၏နေထိုင်ကျက်စားပုံမှာ အဆိုပါငါးသိုင်းခေါင်းပွသည် ရေပေါ်လွှာနှင့် ရေလယ်လွှာတွင်နေ ထိုင်ကျက်စားပြီး ၊ သဘာဝအစာအဖြစ် အပင်မျှောလှေးနှင့်အကောင်မျှောလှေးကို ကြိုက်နှစ်သက်ကြပါသည်။ ထို့ကြောင့်ကန်ရေဩဇာကြွယ်ဝသော ငါးကန်များတွင် ငါးသိုင်းခေါင်းပွကိုထည့်သွင်းမွေးမြူပါက သဘာဝအစာ နှင့်သာ လုံလောက်နိုင်ပါသည်။ ထို့အတူ ရေလယ်လွှာနှင့် ရေအောက်လွှာတွင် နေထိုင်ကျက်စားသော ငါးမြစ်ချင်း ငါးမျိုးနှင့်လည်း ရောနှောမွေးမြူရန် အဆင်ပြေပါသည်။ ရေအောက်လွှာတွင် နေထိုင်သော ငါးကြင်ဖြူ ၊ ရွှေဝါငါး ကြင်းတို့ဖြင့်လည်း တွဲဖက်မွေးမြူနိုင်ပါသည်။

    ကန်ရေအပူချိန် ၁၄ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်ရှိပြီး အကောင်းဆုံးကန်ရေအပူချိန်မှာ ၂၅ မှ ၃၂ ဒီ ဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါသည်။ ငါးသိုင်းခေါင်းပွ ငါးမျိုးစိတ်သည် (၂)နှစ်သားအရွယ်တွင် မျိုးပွားရန် သင့် လျော်သော်လည်း သဘာဝမြစ်ချောင်း အင်းအိုင်များတွင် မိုးဦးကာလတွင် မိတ်လိုက်သားပေါက်နိုင်ကြပါသည်။ သို့သော် ငါးကန်အတွင်း မွေးမြူထားသော ငါးသိုင်းခေါင်းပွများသည် သဘာဝအလျောက် ကန်အတွင်းမိတ်လိုက် သားပေါက်မှု မပြုလုပ်နိုင်ကြပါ။ ဟော်မုန်းဆေးထိုးပြီးမှ မိတ်လိုက် သားပေါက်နိုင်ကြပါသည်။

    ငါးသိုင်းခေါင်ပွငါးသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၁ ကီလို (၆၅)ကျပ်သားမှ (၁.၅)ကီလို (၉၅)ကျပ်သား အထိ ပုံမှန်ကြီးထွားကြောင်း တွေ့ရှိရပါသည်။ ၁၈လအထိမွေးမြူပါက (၁.၅)ကီလို(၉၅)ကျပ်သားမှ ၂ကီလို တစ်ပိဿာ၂၀အထိ ကြီးထွားကြပါသည်။ ငါးသိုင်းခေါင်းပွငါးသည် ရောနှောမွေးမြူခြင်းစနစ်တွင် ပိုမိုဖြစ်ထွန်းသည် ကိုတွေ့ရှိရပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ---

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

    has context menu


  • article
likes4comments0
views2738