cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ဝယ်လက်ကြောင့် ကျွဲချိုများဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေ

. ဈေးကွက်သတင်းများ
လက်ရှိဈေးကွက်အတွင်း ကျွဲချိုတစ်ပိဿာကို သုံးသောင်းဝန်းကျင်ဈေးရှိကြောင်း အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။
  • တရုတ်ဝယ်လက်များက ကျွဲချိုများကို ဈေးကောင်းပေး၍ ဝယ်ယူမှုများရှိနေခြင်းကြောင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။

    အဆိုပါ ကျွဲချိုများကိုဝယ်ယူသူများက ကျွဲချိုအဖြူနှင့် ကျွဲချိုအမဲဟူ၍ ခွဲခြားဝယ်ယူထားပြီး ဝယ်ယူ ကြသူများအနေဖြင့် ပိဿာချိန်များလျှင်များသလို ရောင်းချမည့်ကျွဲချို၏ အရွယ်အစားနှင့် အရည် အသွေးပေါ်မူ တည်၍ ဈေးဖြတ်ပေးခြင်းများလည်းရှိကြောင်း သိရပါတယ်။

    လက်ရှိဈေးကွက်အတွင်း ကျွဲချိုတစ်ပိဿာကို သုံးသောင်းဝန်းကျင်ဈေးရှိကြောင်း အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။

    အဆိုပါကျွဲချိုများကို လူသုံးကုန်ပစ္စည်းပြုလုပ်ရောင်းချသူများရှိသလို တိုင်းရင်းဆေးဖော်သူများလည်းရှိပြီး လက်ရှိတွင် ကျွဲချိုများကို လိုက်လံဝယ်ယူကြသူအများစုမှာ တရုတ်နိုင်ငံသို့ပြန်လည်ရောင်းချကြခြင်းဖြစ်တယ်လို့ ဝယ်ရောင်းပြုလုပ်နေသူများထံမှ သိရပါတယ်။

    ယခင်ကတည်းကလည်း ပြည်တွင်းရှိ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများကိုလည်း တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ကျွဲချိုကို ဓားလက်ကိုင်များ၊ လေးခွများနှင့် တခြားလူ့အသုံးအဆောင်ပစ္စည်းများ အဖြစ်အသုံးပြုသူများ ရှိသလို ဟိုတယ်များ၊ စားသောက်ဆိုင်များတွင်လည်း အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲကြလေ့ရှိသူများကြောင့် ပြည်တွင်းဈေးကွက်မှာလည်း ယခင်ကတည်းက အရောင်းအဝယ်ရှိခဲ့ပြီး လက်ရှိတွင်ပြည်ပဈေးကွက်ကပါ အဝယ်လိုက်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

    ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ဈေးတွင်လည်း ကျွဲချိုနှင့်ပြုလုပ်ထားသည့် ခေါင်းဖီးသည့်ဘီး၊ လည်ဆွဲ၊ ဇွန်း စသည်တို့အပြင် တခြားအသုံးအဆောင်ပစ္စည်းများစွာကိုလည်း ရောင်းချမှုများရှိကြောင်း သိရပါတယ်။

    လင်းလင်း

    Opinion Leaders မှ ကူးယူဖော်ပြအပ်ပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes4comments0
views1221