cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် မိုးရွာ နိုင်ပါကြောင်း၊ ရွာရန် ၉၃ ရာခိုင်နှုန်းနှင့် ၉၉ ရာခိုင်နှုန်းရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် မိုးရွာ နိုင်ပါကြောင်း၊ ရွာရန် ၉၃ ရာခိုင်နှုန်းနှင့် ၉၉ ရာခိုင်နှုန်းရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ ကျန်ရက်များတွင် မိုးရွာရန် ၆၃ ရာခိုင်နှုန်းမှ ၈၃ ရာခိုင်နှုန်းရှိပြီး မိုးအုံ့ခြင်း၊ ရံဖန်ရံခါ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

     ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃ဝ.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၉ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ 

     

    တွံတေးမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ၂၈ ရက်နေ့တွင် မိုးရွာနိုင်ပါကြောင်း၊ ရွာရန် ၉၉ ရာခိုင်နှုန်း ရှိပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။ ကျန်ရက်များမှာ မိုးရွာရန် ၆၃ ရာခိုင်နှုန်းမှ ၈၃ ရာခိုင်နှုန်းရှိပြီး မိုးအုံ့ခြင်း၊ ရံဖန်ရံခါ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန်အနေနဲ့ ၃ဝ.၆ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျှမ်းမျှအပူချိန်မှာ ၂၄.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ 

     

    သန်လျင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် မိုးရွာနိုင်ပါကြောင်း၊ ရွာရန် ၉၄ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းရှိပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။ ကျန်ရက်များမှာ မိုးရွာရန် ၆၆ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းရှိပြီး မိုးအုံ့ခြင်း၊ ရံဖန်ရံခါ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန်အနေနဲ့ ၃ဝ.၅ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျှမ်းမျှအပူချိန်မှာ ၂၄.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ 

     

    ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် မိုးရွာနိုင်ပါကြောင်း၊ ရွာရန် ၉၃ ရာခိုင်နှုန်းမှ ၉၄ ရာခိုင်နှုန်း ရှိပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။ ကျန်ရက်များမှာ မိုးရွာရန် ၆၃ ရာခိုင်နှုန်းမှ ၇၂ ရာခိုင်နှုန်းရှိပြီး မိုးအုံ့ခြင်း၊ ရံဖန်ရံခါ တိမ်ထူခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန်အနေနဲ့ ၃ဝ.၁ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျှမ်းမျှအပူချိန်မှာ ၂၅.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ 

     

     

    စိုက်ပျိုးရေးအကြံပြုချက်    

    ယခုတစ်ပတ်မှာတော့ စပါးမှာ ကျရောက်တက်တဲ့ ကြက်သွန်မြိတ်ပိုး ဘယ်လို ကာကွယ်နှိမ်နင်းမလဲ ဆိုတာကို အကြံပြုရေးသားလိုက်ပါတယ် ခင်ဗျာ။ 

    စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းနည်း   

    ၁။ ယခင်နှစ်က ကြက်သွန်မြိတ်ပိုး ကျရောက်သောအကွက်တွင် ယခုနှစ်တွင် စပါးထပ် မစိုက်သင့်ပါ။  

    ၂။ ပတ်ဝန်းကျင်ရှိ ပိုးလက်ခံပင် ပေါင်းမြက်များကို သေချာစွာ ရှင်းလင်းပါ။  

    ၃။ ယခင်နှစ်က ဖျက်ပိုးကျရောက်သော အချိန်ကိုမှတ်သားပြီး စိုက်ချိန်ရွှေ့ပြောင်းစိုက်ရမည်။ သာမန် အားဖြင့် မိုးအခြေအနေကိုကြည့်ပြီး စောနိုင်သမျှ စောစောစိုက်ရမည်။  

    ၄။ ဒေသအလိုက် ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ 

    ၅။ ပိုတက်ရှ်မြေသြဇာ များများအသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။ ဓာတ်မြေသြဇာကို ဒေသထောက်ခံ ချက်ထက် ပိုမထည့်ရန်သတိပြုရမည်။ ဓာတ်မြေသြဇာ အနည်းအများသည် ကြက်သွန်မြိတ်ပိုး ပွားများမှု များကို ပြောင်းလဲစေသည်။  

    ၆။ တစ်ဧကဝင်ဆန့်သည့် အပင်ဦးရေ မများစေရန် ဂရုစိုက်ပါ။  

    ၇။ သီးလှည့် စိုက်ပျိုးပါ။  

     

    ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း  

    ၁။ ရေလျှော့ပြီး ကာဘိုဆာလ်ဖန်၊ ဖစ်ပရိုနေးလ်၊ အဘာမက်တင်၊ စပီနိုဆက် ဖျန်းပေးပါ။ 

    ၂။ ပိုးသတ်ဆေး ပက်ဖျန်းလျှင် နံနက်စောစော ပက်ဖျန်းပါ။  

    ၃။ ပိုးသတ်ဆေးကို အကောင်ပေါက်ချိန်တွင် ချိန်ကိုက်ဖျန်းပါ။ ပင်စည်အောက်ခြေမှ အထက်သို့ တိုးဖျန်းပါ။  

    ၄။ ဖျက်ပိုးကျရောက်မှုများသော စပါးခင်းတွင် ပိုးသတ်ဆေးဖျန်းပြီးနောက် အာဟာရစုံ ဓာတ်မြေဩဇာကို မြေဆွေးနဲ့ ရောနယ်ကြဲပက်ပေးပါ။ 

     

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်    

    မိုးရွာသွန်းမှုများ ခပ်စိပ်စပ်ဖြစ်လာတဲ့အတွက် မိမိတို့ငါးကန်အတွင်း ရေထုတ်ပေါက်များ ဆောင်ရွက် ထားရန် အထူးသတိပေးလိုပါတယ်။ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လာတဲ့အတွက် မိမိတို့ ငါးကန်ရဲ့ ကြံ့ခိုင်မှုကို စောင့်ကြည့် စစ်ဆေးရန် လိုပါကြောင်း၊ ပြင်ပရေများ ကန်အတွင်း အလွယ်တကူ ဝင်ရောက်ခြင်းမရှိစေရန် အတားအဆီးများ ဆောင်ရွက်ထားသင့်ပါကြောင်း၊ ကန်အတွင်းမှ ငါးများ ပြင်ပပါမသွားစေရန်နှင့် ပြင်ပငါး ရိုင်းနဲ့ အခြားငါးမျိုးစိတ်များ အလွယ်တကူမဝင်ရောက်စေရန် ကန်ဘောင်တွင် ပိုက်များ တပ်ဆင်ထားရန် အကြံပြု တိုက်တွန်း လိုပါတယ် ခင်ဗျာ။ 

     

    Weather Source: CIAT   

    ------------------   

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက     

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download   

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483    

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။   


  • article
likes3comments1
views2110