cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂန္ဓမာပန်းတွင်အဓိကကျရောက်တတ်သောရောဂါ(၂)မျိုး 🌱🌱

. ရောဂါ
ဂန္ဓမာကျောက်ရောဂါသည် ပင်ပြလက္ခဏာ အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာ စိမ်းရောင်ဖျော့ဖျော့ မှ အဝါရောင် အစက်အပြောက်လေးများကို ထင်ရှားစွာ တွေ့ပါတယ်။
  • (၁) ဂန္ဓမာကျောက်ရောဂါ

    ပင်ပြလက္ခဏာ အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာ စိမ်းရောင်ဖျော့ဖျော့ မှ အဝါရောင် အစက်အပြောက်လေးများကို ထင်ရှားစွာ တွေ့ပါတယ်။

    နောက်ပိုင်းမှာ အညိုရောင် ဆဲလ်သေကွက်များအဖြစ်ပြောင်းသွားပါမယ်။

    အောက်ဖက်မျက်နှာပြင်မှာ အညိုရောင် (သို့မဟုတ်) ပန်းရောင်အဖု လေးတွေကို တွေ့ရပါတယ်။

    ဆိုးဝါးစွာ ကျရောက်ခဲ့ရင်တော့ အပင်ကညှိုးခြောက်ပြီးတော့ သေသွားပါမယ်။

    ကူးစက်ပျံ့နှံ့ပုံ

    မှိုစပိုးများဟာ လေမှတစ်ဆင့်၊ ရေမှတစ်ဆင့်၊ လူမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

    စိုထိုင်းဆများရင် လေမှတစ်ဆင့် မိုင်ဝက်ခန့် ပျံ့နှံ့နိုင်ပါတယ်။

    စိုထိုင်းဆ (၉၆ မှ ၁၀၀%) ၊ အပူချိန် (၄.၄ မှ ၂၂.၇) ဒီဂရီစင်တီဂရိတ် ရှိခဲ့လျှင် ပိုပြီး ကူးစက်ပျံ့ပွားနိုင်ပါတယ်။

    စိုထိုင်ဆနည်းပြီး နေရောင်ခြည်တိုက်ရိုက်ရရှိခဲ့ရင်တော့ ရောဂါ မဖြစ်နိုင်ပါဘူး။

    ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ

    ရောဂါဖြစ်စေတဲ့သက်ရှိဟာ ပင်ကြွင်းပင်ကျန်များထဲမှာ ၈ ပတ်ခန့် ခိုအောင်းနေထိုင်ပြီး (၃) ပတ်ခန့် အသက်ရှင်နိုင်ပါတယ်။

    ဒါကြောင့် ပင်ကြွင်းပင်ကျန်များကို စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ပါ။

    ရောဂါကျရောက်ထားတဲ့ စိုက်ခင်းမြေမှာ မုန်ညှင်း၊ မုန်လာမျိုးနွယ်ဝင် အပင်တွေကို မစိုက်ပျိုးသင့်ပါဘူး။

    ဆေးအနေနဲ့ကတော့

    (၁) အဇိုဆီစတိုဗင် (Azoxystrobin)၊

    (၂) ကလိုရိုသာလိုနေး (Chlorothalonil)၊

    (၃) အိုင်ပရိုဒီရုန်း (Iprodione)၊

    (၄) မာန်ကိုဇာတ်(mancozeb)၊

    (၅) ပရိုပီကိုနဇိုး (Propiconazole) ၊

    (၆) သိုင်အိုဖီနိတ် မီသိုင်း (Thiophanate methyl)

    (၇) ဟက်ဇာကိုနာဇိုလ်း (Hexaconazole) ပါဝင်တဲ့ ဆေးအုပ်စုဝင်တွေထဲက တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

    (၂) ဂန္ဓမာရွက်ပြောက်ရောဂါ

    ၁။ မိုးရာသီအတွင်း အစက်အပြောက်ရောဂါကျရောက်လေ့ရှိသည်.

    ၂။ မိုးဆက်များမှ တစ်ဆင့်ကူးဆက်သဖြင့် အောက်ဆုံးအရွက်မှစတင်၍ ဖြစ်ပေါ်တတ်သည်။

    ၃။ ရောဂါပြင်းထန်ပါက အရွက်များညှိုးနွမ်းသွားပြီး အပင်တွင် ကြာရှည်တွဲလဲရှိနေတတ်သည်။

    ၄။ ပန်းပွင့်များကိုပါ ကူူးဆက်၍ အပွင့်များပုပ်စေသည်။

    ၅။ ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပါ။

    ၆။ ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။

    ၇။ ရောဂါပြင်းထန်ပါက မန်ကိုဇက်(Mancozeb)၊ ဒိုင်ဖီနိုကိုနာဇိုးလ် (Difenoconazole)၊ ပရိုပီကိုနာဇိုးလ်(Propiconazole)၊ သိုင်အိုဖာနိတ်မီသိုင်း(Thiophanate-methyl)၊ ကလိုရိုသာလိုနေး (Chlorothalonil) ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။

    Source: ဦးကိုကို (စီးပွားဖြစ်အလှစိုက် ပန်းမန်များတွင် ကျရောက်တတ်သော အင်းဆက်ပိုးမွှားများနှင့် ရောဂါများအား ကာကွယ်နှိမ်နင်းနည်း)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes6comments0
views1798