cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီး အတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် ကြက်သွန်မြိတ်ပိုးအန္တရာယ်အကြံပြုချက်

. ရာသီဥတု သတင်းများ
လက်ပံတန်းမြို့နယ်မှာ ဇူလိုင်လ ၂၃၊ ၂၅၊ ၂၆၊ ၂၈ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၉၃ နှင့် အထက်မှာ ရှိနိုင်ပါတယ်။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှ ဇူလိုင်လ (၂၉) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ ဇူလိုင်လ ၂၄၊ ၂၅၊ ၂၆ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၉၂ မှ ၉၆ အထိ ရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၃၊ ရက်တွင် မိုးရွာရန် ၈၈ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များမှာ ၇၆ ရာခိုင်နှုန်း အောက်မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၁°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်မှာ ဇူလိုင်လ ၂၃၊ ၂၅၊ ၂၆၊ ၂၈ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၉၃ နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၄၊ ၂၇၊ ၂၉ ရက်များတွင် မိုးရွာရန် ၇၅ မှ ၈၀ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၄ °C မှ အမြင့်ဆုံးအပူချိန် ၃၀.၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်မှာ ဇူလိုင်လ ၂၃၊ ၂၄၊ ၂၈၊ ၂၉ ရက်နေ့တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၉၃နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် မိုးရွာရန် ၆၈ မှ ၈၀ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၄ °C မှ အမြင့်ဆုံးအပူချိန် ၃၀.၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    ယခုတစ်ပတ်မှာတော့ စပါးမှာ ကျရောက်တက်တဲ့ ကြက်သွန်မြိတ်ပိုး ဘယ်လို ကာကွယ်နှိမ်နင်းမလဲ ဆိုတာကို အကြံပြုရေးသားလိုက်ပါတယ် ခင်ဗျာ။

    စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းနည်း

    ၁။ ယခင်နှစ်က ကြက်သွန်မြိတ်ပိုး ကျရောက်သောအကွက်တွင် ယခုနှစ်တွင် စပါးထပ် မစိုက်သင့်ပါ။

    ၂။ ပတ်ဝန်းကျင်ရှိ ပိုးလက်ခံပင် ပေါင်းမြက်များကို သေချာစွာ ရှင်းလင်းပါ။

    ၃။ ယခင်နှစ်က ဖျက်ပိုးကျရောက်သော အချိန်ကိုမှတ်သားပြီး စိုက်ချိန်ရွှေ့ပြောင်းစိုက်ရမည်။ သာမန် အားဖြင့် မိုးအခြေအနေကိုကြည့်ပြီး စောနိုင်သမျှ စောစောစိုက်ရမည်။

    ၄။ ဒေသအလိုက် ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

    ၅။ ပိုတက်ရှ်မြေသြဇာ များများအသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။ ဓာတ်မြေသြဇာကို ဒေသထောက်ခံ ချက်ထက် ပိုမထည့်ရန်သတိပြုရမည်။ ဓာတ်မြေသြဇာ အနည်းအများသည် ကြက်သွန်မြိတ်ပိုး ပွားများမှု များကို ပြောင်းလဲစေသည်။

    ၆။ တစ်ဧကဝင်ဆန့်သည့် အပင်ဦးရေ မများစေရန် ဂရုစိုက်ပါ။

    ၇။ သီးလှည့် စိုက်ပျိုးပါ။

    ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း

    ၁။ ရေလျှော့ပြီး ကာဘိုဆာလ်ဖန်၊ ဖစ်ပရိုနေးလ်၊ အဘာမက်တင်၊ စပီနိုဆက် ဖျန်းပေးပါ။

    ၂။ ပိုးသတ်ဆေး ပက်ဖျန်းလျှင် နံနက်စောစော ပက်ဖျန်းပါ။

    ၃။ ပိုးသတ်ဆေးကို အကောင်ပေါက်ချိန်တွင် ချိန်ကိုက်ဖျန်းပါ။ ပင်စည်အောက်ခြေမှ အထက်သို့ တိုးဖျန်းပါ။

    ၄။ ဖျက်ပိုးကျရောက်မှုများသော စပါးခင်းတွင် ပိုးသတ်ဆေးဖျန်းပြီးနောက် အာဟာရစုံ ဓာတ်မြေဩဇာကို မြေဆွေးနဲ့ ရောနယ်ကြဲပက်ပေးပါ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    မိုးရွာသွန်းမှုများ ခပ်စိပ်စပ်ဖြစ်လာတဲ့အတွက် မိမိတို့ငါးကန်အတွင်း ရေထုတ်ပေါက်များ ဆောင်ရွက် ထားရန် အထူးသတိပေးလိုပါတယ်။ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လာတဲ့အတွက် မိမိတို့ ငါးကန်ရဲ့ ကြံ့ခိုင်မှုကို စောင့်ကြည့် စစ်ဆေးရန် လိုပါကြောင်း၊ ပြင်ပရေများ ကန်အတွင်း အလွယ်တကူ ဝင်ရောက်ခြင်းမရှိစေရန် အတားအဆီးများ ဆောင်ရွက်ထားသင့်ပါကြောင်း၊ ကန်အတွင်းမှ ငါးများ ပြင်ပပါမသွားစေရန်နှင့် ပြင်ပငါး ရိုင်းနဲ့ အခြားငါးမျိုးစိတ်များ အလွယ်တကူမဝင်ရောက်စေရန် ကန်ဘောင်တွင် ပိုက်များ တပ်ဆင်ထားရန် အကြံပြု တိုက်တွန်း လိုပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ----

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes
3
comments
0
views
2372