မိုးတွင်းကာလ ငရုတ်စျေးငြိမ်နေ 🌱🌱📈📈
လက်ရှိ မိုးတွင်းကာလ ငရုတ်စျေး ငြိမ်နေကာ စျေးကွက်အေးနေကြောင်း ကုန်သည်များထံမှ သိရသည်။
ယခုလအတွင်း စျေးငြိမ်လျက်ရှိပေမဲ့ ပြီးခဲ့သည့်လအစနှင့် ယှဉ်မည်ဆိုပါက တစ်ပိဿာလျှင် ၅၀၀ မှ ၁၀၀၀ ကျပ်အထိ ကျဆင်းသွားကြောင်း သိရသည်။
လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပန်းရဲသစ် တစ်ပိဿာလျှင် ၄၀၀၀မှ ၄၅၀၀ကျပ် ၊ မြှားနီ တစ်ပိဿာလျှင် ၃၅၀၀ မှ ၄၀၀၀ ကျပ်၊ နှင့် မိုးထောင် မြစ်ဝ တစ်ပိဿာလျှင် ၈၅၀၀ မှ ၉၀၀၀ကျပ် ၊ ဆင်ဖြူကျွန်းပု ၁၀၀၀၀ မှ ၁၁၅၀၀ ကျပ် ထိ ပေါက်စျေး ရှိကြောင်းသိရသည်။
“ငရုတ်ကတော့ မိုးတွင်းကာလ စိုက်ခင်းတချို့ ပျက်စီးမှု တွေ့ရှိနိုင်တာတွေ ရှိတယ်။ အဝင်နည်းပြီး နှစ်တိုင်း တော့ မိုးတွင်းဆို စျေးတက်လေ့ရှိ တယ် ။ ဒီနှစ်က အကျစျေးမှာ ငြိမ်နေတယ်။ စျေးတက်တက် မတက်တက် တောင်သူတွေ အတွက် စျေးမရဘူး ။ ”ဟု ဧရာဝတီ တိုင်းဒေသကြီး မှ ငရုတ်စိုက်တောင်သူ တစ်ဦးကပြောသည်
လက်ရှိ မိုးတွင်း ငရုတ် အစိုသာရှိနေသေး၍ လှောင်ထားနိုင်သည့် ကုန်သည်များ အပ အမှည့် ၊အခြောက် ပစ္စည်း ရှိ မှု နည်းကြောင်း ငရုတ်စိုက်တောင်သူ အချို့ထံမှ သိရသည်။
“ပြည်ပတင်ပို့မှုနည်းလို့ အကျစျေး နဲ့ငြိမ်တယ်လို့ပြောကြတာပဲ။ ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချရလို့ တချို့ တောင်သူများအနေဖြင့် အသက်ရူချောင်နေတာ။ တောင်သူတွေ အဖို့ အရှုံးပေါ်တာများတယ် “ဟု ရှမ်းပြည်နယ် အောင်ပန်း မှ ကုန်သည်တစ်ဦးကပြောသည်။
ရှမ်းပြည်နယ်တွင် ရှမ်းပွခြောက် တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ရှမ်း သွယ်ခြောက် တစ်ပိဿာလျှင် ၉၀၀၀ကျပ် ၊ ကုလား အော်သီး ခြောက် တစ်ပိဿာလျှင် ၃၀၀၀၀မှ ၄၀၀၀၀ ကျပ် အထိ ပေါက်စျေးရှိကြောင်း အောင်ပန်း မြို့မှ ကုန်စည်အမျိုးမျိုး ရောင်းဝယ်ရေးဒိုင် မှ သိရသည်။
ဒါ့အပြင် ပြည်တွင်းတိုက်ပွဲအခြေအနေများကြောင့် ပုံမှန် တရုတ်နိုင်ငံသို့ တင်ပို့ နေသည့် လမ်းကြောင်း များ သွား၍ မရဘဲ မိုင်းလား လမ်းပိုင်းမှ ကုန်ကားများနှင့် သွားလာကာ သယ်ယူပို့ဆောင်နေရခြင်းကြောင့် အခက်အခဲ အနည်းငယ် ရှိနေသည်ဟု သိရပါသည်။
ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရပြီး မိုးကြို ငရုတ်ကို မတ်လနှင့် ဧပြီလတို့၌ စိုက်ပျိုးပြီး ဇွန်လတွင် စတင်ခူးဆွတ်လေ့ရှိ ကြောင်းသိရသည်။
လက်ရှိ ငရုတ်သီးအား ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး လာအို ၊ မလေးရှား စသည်နိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရသည်။
ဖိုးချဲ(AMIA)
Exclusive content for Htwet Toe
------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download