ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း🤗🤗
ကြက်သွန်မြိတ်ပိုး ဖျက်ဆီးကျရောက်မှု ပြင်းထန်ပါက စပါးပင်ပုခြင်း၊ အနှံထွက်ရန် ခက်ခဲခြင်းနှင့် ကြက်သွန်မြိတ် ကဲ့သို့သော ပင်ပွားများသာပိုမို ထွက်ပေါ်လာပါမယ်။ ရုတ်တရက်ကြည့်ရင် ခြင်လို့ ထင်ရတဲ့အရွယ်အစားရှိတဲ့ ယင်ကောင်လေးတွေပါ။ မီးခိုးရောင်မွဲမွဲ သို့မဟုတ် ဝါဖျော့ဖျော့လေးတွေပါ။ ယင်ကောင် အမသည် အဝါဖျော့ဖျော့ဖြစ်ပြီး စပါးပင်ရဲ့ ရွက်ပြားနဲ့ ရွက်ဖုံး ထိစပ်ရာ ရွက်စွယ်၊ရွက်လျှာလေး ထွက်တဲ့နေရာအနီးတစ်ဝိုက်မှာ ဥတတ်ပါတယ်။ ယင် အမ တစ်ကောင်ကို ဥ ၄၀- ၈၀ အထိ ဥနိုင်တယ်လို့ မှတ်သားရပါတယ်။ ဥမြုံတစ်နေရာမှာတော့ ၄-၆ ဥ ခန့် အစုလေးတွေပါတတ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က နံပါတ် (၁) ဖြစ်ပါတယ်။
ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2