ငါးကန် ရေရည်အသွေးကောင်းမကောင်း သဘာဝနည်းဖြင့် သိရှိနိုင်ခြင်း
ရေအရည်အသွေးသိရှိဖို့ဆိုရင် ငါးကန်ထဲမှာရှိတဲ့ အပင်မျှော၊ အကောင်မျှောလေးများ၊ ရေနေပေါက် ရောက်ပင်များနဲ့ အသားစားသတ္တဝါများ ရှိ၊ မရှိကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။
အပင်မျှော၊ အကောင်မျှောလေးများ ရှိခြင်းက ငါးကန်တွေမှာ သဘာဝအစားအစာဖြစ်တဲ့ အပင်မျှော၊ အကောင်မျှောလေးတွေ ရှိနေခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ အထူးသဖြင့် ငါးမှုန်၊ ငါးသန်များရဲ့ ကြီးထွားနှုန်းအတွက် သဘာဝကပေးတဲ့ အစာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအပင်မျှော၊ အကောင်မျှောလေးတွေ ပေါက်ပွားရေးအတွက် ကန်အတွင်းကို သဘာဝနဲ့ ဓါတုမြေဩဇာတွေကို ငါးမထည့်မီအချိန်ကတည်းက ရေဩဇာတက်အောင် ထည့်ပေးဖို့လိုပါတယ်။ အဲ့လို ရေဩဇာကောင်းမကောင်းကိုလည်း အမြဲတိုင်းတာပေးဖို့လိုပါတယ်။ တစ်ချို့ကတော့ Secchi disk ဆိုတဲ့ အဝိုင်းပြားလေးကို ငါးကန်ထဲချပြီး တိုင်းတာကြပါတယ်။ တကယ်လို့ ကန်ထဲမှာ ရေညှိတွေအလွန်အမင်းပေါက်နေပြီဆိုရင်တော့ ပေါက်ရောက်မှုကို လျော့ချဖို့အတွက် ကော့ပါးဆာလဖိတ် (copper sulphate) ထည့်ပေးဖို့လိုပါတယ်။
ရေနေပေါက်ရောက်ပင်များရှိခြင်း
ရေနေပေါက်ရောက်ပင်ရဲ့ အမြစ်တွေပြန့်ပွားမှုဟာ ငါးတွေရဲ့ ပေါက်ပွားနှုန်းကို ထိခိုက်စေပါတယ်။ တစ်ချိန်တည်းမှာဘဲ အပင်မျှောလေးတွေရဲ့ အစာကို လုစားသလိုဖြစ်ခြင်း၊ ရလဒ်အနေနဲ့ ကန်ထဲရှိ ငါးတွေ အတွက် လိုအပ်တဲ့အစာကို အကန့်အသတ်ရရှိစေခြင်း၊ ကျွေးလိုက်တဲ့ငါးစာများ ကန်အောက်ခြေမြေထဲ ပျော်ဝင်စေပြီး ထိုမှတဆင့် အစာကိုစုပ်ယူနေခြင်း၊ ညအချိန်မှာ ငါးတွေနဲ့အပြိုင် အစာကိုလုစားနေခြင်း၊ ကန်ဖော်ချိန်ပိုက်ဆွဲရာတွင် အခက်အခဲရှိခြင်းတွေကြောင့် ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ဒီလိုပေါက်ရောက်ပေါင်းပင်တွေကို သဘာဝနည်း၊ ဓါတုနည်းဖြင့် ဖယ်ရှားနှိမ်နင်းပေးဖို့ လိုပါတယ်။
အသားစားသတ္တဝါများရှိခြင်း
ငါးကန်တွေအတွက် အဓိက ခြိမ်းခြောက်နေတာကတော့ ငါးရိုင်းများ၊ လိပ်၊ ရေမြွေ၊ မိကျောင်း၊ ရေနေငှက်များ၊ ဖားများဖြစ်ကြပါတယ်။ ဒါတွေကိုလည်း ကာကွယ် နှိမ်နင်းပေးဖို့လိုပါတယ်။ ဒါကြောင့် အချုပ်အားဖြင့်ဆိုရသော် ငါးကန်များတွင် ရေအရည်အသွေးကို ထိန်းသိမ်းရန်အတွက် အထက်ပါအချက်တွေကို လုပ်ဆောင်ပေးသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
ထွက်တိုး
Source: S.I. OVIE and H.A. ADENIJI, ISSN 0331-6734, technical report No. 23, A Simple Guide to Water Quality Management in Fish Ponds, National Institute for Freshwater Fisheries Research, New Bussa, 1990. မှ ထုတ်နှုတ် ပြန်သာပြန်ဆိုထားခြင်းဖြစ်ပါသည်။
----
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။