စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေဆဲ ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် မိုးစပါးမှိုရောဂါ ကြိုတင်ကာကွယ်ရန် အကြံပြုချက်
ဇူလိုင်လ ၂၆ ရက် မှ သြဂုတ်လ ၄ ရက် တွေမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမြို့နယ်အများစုမှာ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ဆက်လက်ရှိနိုင်ပါတယ်ခင်ဗျာ။ မိုးဇလ၏ ဇူလိုင်လ (၂၆) ရက်နေ့ ၆:၃၀နာရီ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှတ်သည် ဟင်္သာတစခန်း မှာ ၁၄၁၁ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ) ရှိနေပြီး ဇလွန်စခန်း မှာ ၁၂၃၃ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ) ရှိနေပါသည်။ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေဆဲ ဖြစ်ပါတယ်။
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့ အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄၈)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိတဲ့အတွက် မိုးဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၁။ ဟင်္သာတမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့ အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါသည်။ ဇူလိုင်လ ၂၈၊ ၃၀။ ၃၁ နှင့် သြဂုတ် ၁၊ ၄ ရက်နေ့ များ တွင် မိုးရွာရန် ၉၃ ရာခိုင်နှုန်း အထက်မှာရှိနိုင်ပြီး ဇူလိုင်လ ၂၆၊ ၂၉ နှင့် သြဂုတ် ၂၊ ၃ ရက်နေ့မှာတော့ မိုးရွာရန် ၇၀ မှ ၈၀ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။
၂။ ညောင်တုန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၁°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၈°C ရှိနိုင်ပါတယ်။
၃။ မအူပင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၉၊ ၃၀၊ ၃၁ နှင့် သြဂုတ်လ ၁၊၄ ရက်များမှာ မိုးရွာရန် ရာနှုန်း ၉၁ အထက် မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၇၄ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်ခင်ဗျ။
၄။ မြောင်းမြမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ သြဂုတ်လ (၄) ရက်နေ့တွင် မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ ၂၈၊ ၂၉၊ နှင့် သြဂုတ်လ ၁ ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက်ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၈၂ မှ ၆၇ ရာခိုင်နှုန်း အတွင်းမှာပဲနိုင်ပါတယ်ခင်ဗျာ။
၅။ ဓနုဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ ၃၁ ရက်မှာ အမြင့်ဆုံး အပူချိန် ၃၁°C မှ အနိမ့်ဆုံးအပူချိန် ၂၄.၄°C ရှိနိုင်ပါတယ် ခင်ဗျာ။
၆။ ပန်းတနော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄) ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၈) ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၆၊ ၂၈၊ ၂၉ နှင့် သြဂုတ်လ ၃ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၁ နှင့် အထက်မှာရှိနိုင်ပြီး သြဂုတ်လ ၂ ရက်နေ့မှာ မိုးရွာရန် ၄၈ ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၆၄ မှ ၇၀) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၇။ ကျိုက်လတ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ (၄)ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၆၊ ၃၀၊ ၃၁၊ နှင့် သြဂုတ်လ ၁၊၄ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၆ နှင့် အထက်တွင် ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် (၆၇ မှ ၇၁) ရာနှုန်းနှင့် အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၈။ ဝါးခယ်မမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၇၊ ၃၀၊၃၁ နှင့် သြဂုတ်လ ၁၊ ၄ ရက်နေ့မှာ မိုးရွာရွန်ရာနှုန်း ၉၃ အထက်တွင် ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၁ °C မှ အနိမ့်ဆုံးအပူချိန် ၂၄.၆ °C ရှိနိုင်ပါတယ်ခင်ဗျာ။
၉။ ကျုံပျော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၆၊၂၉၊ နှင့် သြဂုတ်လ ၁၊ ၂၊ ၃ ရက်နေ့မှာ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၆ အထက်တွင်ရှိနိုင်ပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင့် မိုးရွာရန် ၆၇ ရာနှုန်းသာရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၇၀) ရာနှုန်း အထက် မှာရှိနိုင်ပါတယ်။
၁ဝ။ ဇလွန်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၁။ လပွတ္တာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၈၊ ၂၉၊ ၃၉၊ ၃၁ နှင့် သြဂုတ်လ ၃ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၅_၉၈ အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၁၂။ ပုသိမ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၀.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၁°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၃။ ဖျာပုံမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါတယ်။ ဇူလိုင်လ ၂၆၊၂၉၊၃၀၊ ၃၁၊ နှင့် သြဂုတ်လ ၄ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၉_၉၆ အတွင်း မှာ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၁°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၇°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၄။ အင်္ဂပူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၅။ ကြံခင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၉၊ ၃၀၊ ၃၁ နှင့် သြဂုတ်လ ၄ ရက်နေ့များတွင် မိုးရွာရန် ရာနှုန်း ၉၁ နှင့် အထက်တွင် ရှိနိုင်ပြီး ကျန်ရက်များမှာ (၆၁) မှ (၈၀) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၆။ လေးမျက်နှာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၆၊ ၂၇၊ ၃၀၊ နှင့် သြဂုတ်လ ၂၊ ၄ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၁ အထက်တွင် ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် (၆၇-၇၇)ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။
၁၇။ ဒေးဒရဲမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၈။ မော်လမြိုင်ကျွန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်။ ဇူလိုင်လ ၂၈၊၂၉၊၃၀၊၃၁ နှင့် သြဂုတ်လ ၄ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၃ နှင့် အထက်တွင် ရှိနိုင်ပြီး ကျန်ရက်များတွင် (၇၉)ရာခိုင်နှုန်း နှင့် အောက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၉။ ကန်ကြီးထောင့်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။
၂ဝ။ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ သြဂုတ်လ ၃ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ ၂၆၊ ၂၇၊ ၂၈၊ ၃၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက် တွင်ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့မိုးရွာရန် (၆၇-၈၂) ရာခိုင်နှုန်း အတွင်း တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။
စပါးစိုက်တောင်သူများသို့ အကြံပြုချက်
မိုးစပါးမှာ မှိုရောဂါများကြိုတင်ကာကွယ်ပါ
၁။စပါးမှိုသီး ရောဂါ
၂။ရွက်ညိုပြောက်ရောဂါ
၃။ဂုတ်ကျိူးရောဂါ
၄။စပါးပင်စည်ပုပ်ရောဂါ
၅။စပါးငါးမြွေထိုးရွက်ခြောက်ရောဂါ
၆။စပါးရွက်ဖျားဖြူရောဂါ
၇။စပါးရွက်ခြောက်ရောဂါ
၈။ရွက်ဖုံးခြောက်ရောဂါ
ဖော်ပြပါမှိုရောဂါများကို ကြိုတင်ကာကွယ်ဖို့-
-ပုလဲမြေဩဇာသီးသန့် အလွန်အကျွံသုံးခြင်းမျိုးရှောင်ပါ။
-ရေသွင်းရေထုတ် လုပ်ပေးနိုင်ရင် ကောင်းပါတယ်။
-ကန်သင်းများလုံအောင်ပြုပြင်ပါ။
-ရောဂါလက္ခဏာမပြမီ အချိန်ကတည်းပါ မှိုသတ်ဆေးများကြိုတင်ပက်ဖျန်းကာကွယ်ပေးပါ။Tricyclazole 40% +Propiconazole12.5% ဆေးအတွဲကို ပက်ဖျန်းနိုင်ပါတယ်။-ဖော်ပြပါ မှိုဆေးအဆိပ်များ ကို တန်းပိတ်ချိန် တစ်ကြိမ်၊ မှို့ကပ်ချိန်မှာ တစ်ကြိမ်သုံးပေးပါ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ငါးမွေးကန်များအနေဖြင့် မြစ်ရေတက်နေချိန်ဖြစ်၍ ရေကြီး ရေလျှံဒဏ် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများဆောင်ရွက်ထားရန်နှင့် မိမိကန်ဘောင်ယိုစိမ့်မှုများရှိမရှိ စစ်ဆေးပေးရန်လိုအပ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ မိုးရွာသွန်းမှုများလာတဲ့အတွက် ငါးကန်အတွင်း ရေဩဇာများလည်း တက်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ကန်ရေအပူချိန်ကျဆင်းလာ သဖြင့် ကန်အတွင်းရှိငါးများ အစာစားနှုန်းလျော့ကျ နိုင်ပါတယ်။ ဒါကြောင့်မို့ အစာကို လျော့ကျွေးဖို့ တိုက်တွန်း လိုပါတယ်။ နောက်တစ်ချက်ကတော့ မိုးရွာသွန်းသဖြင့် ကန်အောက်ရေ တိုးလာပြီး ကန်ရေလျှံခြင်း ဖြစ်ပေါ် နိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများဆောင်ရွက်ထားဖို့လိုပါတယ်။ ငါးသားဖောက်မွေးမြူတဲ့ ငါး တောင်သူများ အနေဖြင့် မိုးရွာချိန် ရေချဉ်ဖန်နှုန်းကျသွားတက်ပြီး ယင်း အခြေအနေဟာ အချို့ငါးသားပေါက် လေးများကို သေစေနိုင်ပါ တယ်။ အဲ့လိုအခါမျိုးမှာ မြစ်ချောင်း၊ အင်းအိုင်၊ အစရှိတဲ့ အနီးအနားရှိ သဘာဝရေ အရင်းအမြစ် များမှ ရေကို ထည့်ပေးသင့်ပါတယ်။
Weather Source: CIAT
----
မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။
လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


