cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရုံးပတီစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
အောက်ခြေအတောင့်နံပါတ်(၃) မှစ၍(၁၀) တောင့် အားမျိုးသီးအ ဖြစ်ယူပါ။(၁၀)တောင့်အထက်မှ စ၍ထိပ်ပိုင်းဖြတ်ပေးမည်။ အသီးတောင့် အခြောက်ခူး ပြီး တိုင်း သီးတောင့်နှင့်ကပ်လျှက်အရွက်အားဖယ်ရှားပေးပါ။
  • မြန်မာအမည်         -   ရုံးပတီ 

    အင်္ဂလိပ်အမည်     - Okra, Lady's Fingure,  

    ရုက္ခဗေဒအမည်      -    Abelmoschusesculentus 

    မျိုးရင်းအမည်     - Malvaceae 

    ရုံးပတီမျိုးများ 

    အသီးအရောင်အစိမ်းနှင့်အနီမျိုးဟူ၍ရှိပြီးအနံ့အရသာအဟာရကွဲပြားမှုမရှိပဲအရောင်အားဖြင့်သာကွဲပြားသည်။ဟင်းချက်သည့်အခါအနီရောင်သည်အစိမ်းရောင်သီးတောင့်အဖြစ်အရောင်ပြောင်းသွားသည်။ 

    ရေမြေရာသီဥတု 

    ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီးဆောင်းရာသီတွင်အပင်ဖြစ်ထွန်းမှုမကောင်းပါ။မြေမျိုးမရွေးစိုက်ပျိုးနိုင်သော်လည်းရေစိမ့်ဆင်းမှုကောင်းသောမြေမျိုးဖြစ်ရမည်။မြေချဉ်ငန်ဓါတ်(၅.၈)မှ(၇.၀၀) သည်ရုံးပတီနှင့်သင့်တော်သော(Soil pH) ဖြစ်ပါသည်။ 

    မျိုးစေ့နှုန်းထား 

    တစ်ဧကလျှင်မျိုးစေ့နှုန်း( ၆)ကီလိုဂရမ်အသုံးပြုပါ။ 

    မြေဩဇာနှုန်းထား 

    နွားချေး         (၁၀)တန် 

    ယူရီးယား          (၅၀)ကီလို   (၂) အိတ် 

    တီစူပါ               (၅၀)ကီလို   (၁) အိတ် 

    ပိုတက်ရှ်            (၅၀)ကီလို   (၁)အိတ် 

    မြေပြင်စဉ်ယူရီးယားမြေသြဇာတဝက်၊တီစူပါမြေသြဇာနှင့်ပိုတက်ရှ်မြေသြဇာများကိုစိုက်ခင်းအတွင်းထည့်သွင်းပါ။စိုက်ပြီး(၃၀)ရက်သားဘောင်ထပ်ချိန်တွင်ကျန်ယူရီးယားမြေသြဇာတဝက်ကိုထည့်သွင်းပါ။မြေပြုပြင်ခြင်းမြေပြင်ချိန်တွင်နွားချေးချပြီးထယ်ထိုးထွန်မွှေပေးရမည်။၎င်းနောက်စိုက်ကြောင်းဖော်ပေးပါ။ 

    စိုက်ပျိုးခြင်း 

    နွေရာသီတွင်စိုက်ပျိုးပါကရုံးပတီမျိုးစေ့အား(၄)နာရီရေစိမ်ပေးပါ။ထို့နောက်မျိုးစေ့ကိုရေသန့်ဖြင့်ဆေး၍တစ်ကျင်းလျှင်(၃)စေ့ခန့်ချ၍တိုက်ရိုက်စိုက်ပျိုးပါ။မိုးရာသီတွင်ရေစိမ်ရန်မလိုအပ်ပါ။အစေ့မှအပင်ပေါက်ရန်အတွက်စိုက်ဘောင်၏ အပူဓာတ်သည် အရေးကြီးပါသည်။ တန်းကြား (၃)ပေ၊ပင်ကြား(၁-၁.၅)ပေထား၍စိုက်ပျိုးနိုင်သည်။ 

    ပိုးမွှားရောဂါကာကွယ်ခြင်း 

    ရုံးပတီတွင်အဓိကကျရောက်သောပိုးမွှားရောဂါများမှာVercillium wilt, Yellow Mosaic Virus,Fusarium Wilt, ယင်ဖြူ, ပျ, သီးလုံးဖောက်ပိုး တို့ဖြစ်ပါသည်။ Virus ရောဂါကာကွယ်ရန်အတွက်ယင်ဖြူ၊ပျတို့ကိုနှိမ်နင်းပါ။ ပိုးမွှားရောဂါကျရောက်လျှင် ဘက်စုံပိုး မွှားရောဂါကာကွယ်နည်းစနစ်(IPM)ဖြင့်ကာကွယ်နှိမ်နင်းပါ။ကျရောက်ပျက်စီးမှုများပါကစိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသည့်ဆေးများကိုညွှန်ကြားချက်အတိုင်းအသုံးပြုပါ။ မိတ်ဖက်အပင်များ(Campan.ion-planting)စိုက်ပျိုးခြင်းကို ဆောင်ရွက်ပါ။အကျိုးပြု အင်းဆက်များကိုစိုက်ခင်းသို့ဆွဲဆောင်နိုင်ရန် (Farm- scaping) အဖြစ်အကျိုးပြု အင်းဆက်များ နှစ်သက်သော အပင်များစိုက်ပျိုးထားရှိပါ။ 

    ခူးဆွတ်ခြင်း 

    စိုက်ပျိုးပြီး(၂)လခန့်အကြာတွင်ပထမဦးဆုံးအကြိမ်စတင်ခူးဆွတ်နိုင်ပါသည်။အဟာရဓာတ်အပြည့်ရရှိရန်အသီးတောင့်(၂‒၄)လက်မအရွယ်တွင်ခူးဆွတ်ရမည်။ရုံးပတီသီးကို(၁)ရက်ခြားခူးဆွတ်ပါ။ပထမဆုံးအသီးတောင့်ခူးဆွတ်ပြီးချိန်တွင်အောက်ခြေရှိအရွက်များအားဖယ်ရှား ပေးရမည်။ 

    မျိုးစေ့ထုတ်လုပ်ခြင်း 

    ရုံးပတီမျိုးစေ့ထုတ်လုပ်ရန် တန်းကြား (၃)ပေ၊ ပင်ကြား(၁.၅)ပေ ထားရန်လိုအပ်ပါသည်။တစ် ကျင်းလျှင်တစ်ပင်ထားစနစ်ကို အသုံးပြုရမည်။ မျိုးစေ့ အရည်အသွေးကောင်းရန်အတွက် ပိုတက်ဆီယမ် မြေသြဇာကိုပိုမိုထည့်ပေးရန်လိုအပ်ပါသည်။မျိုးစေ့ထုတ်ရာတွင်အစေ့၊အဆံအောင်မြင်ရန်အတွက်အောက်သီးမှစသီးသော အောက်ခြေ အတောင့်(၂)တောင့်အားခူးဆွတ် ပေးရမည်။ အောက်ခြေအတောင့်နံပါတ်(၃) မှစ၍(၁၀) တောင့် အားမျိုးသီးအ ဖြစ်ယူပါ။(၁၀)တောင့်အထက်မှ စ၍ထိပ်ပိုင်းဖြတ်ပေးမည်။ အသီးတောင့် အခြောက်ခူး ပြီး တိုင်း သီးတောင့်နှင့်ကပ်လျှက်အရွက်အားဖယ်ရှားပေးပါ။ အသီးတောင့်များအားလုံးမကွဲအက်မီခူးဆွတ်သင့်သည်။ မျိုးစေ့များအားသိုလှောင်  မီအနည်းဆုံးအစိုဓာတ်(၈)%အထိအခြောက်ခံသင့်ပါသည်။ 

     ရုံးပတီသီး(၁၀၀)ဂရမ်တွင် ပါဝင်သောအာဟာရဓါတ်များ 

    ကယ်လိုရီ            -    ၃၃ ဂရမ် 

    အဆီဓာတ်            -    ၀.၂ ဂရမ် 

    ဆိုဒီယမ်            -    ၇  မီလီဂရမ် 

    ပိုတက်ဆီယမ်    -    ၂၉၉ မီလီဂရမ် 

    ကာဘိုဟိုက်ဒရိတ်  -   ၇ဂ ရမ် 

    အမျှင်ဓာတ်    -     ၃.၂ ဂရမ် 

    ပရိုတိန်း            -     ၁.၉ ဂရမ် 

    ဗီတာမင်-စီ    -     ၂၃ မီလီဂရမ် 

    ကယ်လဆီယမ်      -     ၈၂ မီလီဂရမ် 

    သံ                    -     ၀.၆ မီလီဂရမ် 

    ဗီတာမင်ဘီ -၆    -      ၀.၂ မီလီဂရမ် 

    မဂ္ဂနီစီယမ်            -      ၅၇ မီလီဂရမ် 

    Source:DOA 


  • article
likes17comments0
views2148