တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးဆက်လက်ရွာ သွန်းမည် ဖြစ်ပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။ ရွာရန် ရာခိုင်နှုန်းအနေဖြင့် ၇ဝ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်း အထိရှိပါ တယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၂ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
တွံတေးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးဆက်လက်ရွာ သွန်းမည်ဖြစ်ပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။ ရွာရန် ရာခိုင်နှုန်းအနေဖြင့် ၇၈ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိရှိပါ တယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၆ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
သန်လျင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးဆက်လက်ရွာ သွန်းမည်ဖြစ်ပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။ ရွာရန် ရာခိုင်နှုန်းအနေဖြင့် ၇၂ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်း အထိရှိပါတယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃ဝ.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၂ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် မိုးဆက်လက်ရွာ သွန်းမည် ဖြစ်ပါကြောင်း သတင်း ပါးလိုပါတယ် ခင်ဗျာ။ ရွာရန် ရာခိုင်နှုန်းအနေဖြင့် ၇ဝ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်း အထိရှိပါတယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃ဝ.၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၆ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
စိုက်ပျိုးရေးအကြံပြုချက်
မိုးတွေဆက်တိုက်ရွာနေတဲ့အတွက် ဒီတစ်ပတ်မှာတော့ ဆစ်ပိုးကာကွယ်နှိမ်နင်းလေး ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ။
စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ အောက်မှာ ဖေါပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသင့် ပါတယ်-
၁။ စပါးဆစ်ပိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ “ဧရာမင်း” လို စပါးမျိုးကို ရွေးချယ် စိုက်ပျိုးသင့်ပါ တယ်။
၂။ ပျိုးပင်အဆင့်နဲ့ ရွေ့ပြောင်း စိုက်ပျိုးဆဲ အဆင့်တွေမှာ ပိုးကောင်ရဲ့ ဥတွေကို ဖယ်ရှား ဖျက်ဆီးဖို့ အရွက်ထိပ်တွေကို ဖြတ်ပစ်ပါ။
၃။ နိုက်ထရိုဂျင် ပါဝင်တဲ့ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲတာကို ရှောင်ကြဉ်ပါ။
၄။ တမာကြိတ်ဖတ် ကို တစ်ဧကလျင် ၄၂ မှ ၅၀ ဂရမ် သုံးစွဲပေးပါ။
၅။ တစ်ဧကလျင် မီးထောင်ခြောက် ၂ ခုစီ ထားပေးပါ။
၆။ တတ်နိုင်သလောက် ဘေးပတ်ဝန်းကျင်က စပါးကွင်းများနှင့် ညီအောင် အချိန်ကိုက် စိုက်ပျိုးပေးပါ။
၇။ ပင်ပွားစည်းချိန်နှင့် ဖုံးတုံးလုံးတုံး အချိန်တွင် ထရိုက်ဂို ဂရားမား နဂျီကို စိုက်ခင်းထဲသို့ လွှတ်ပေးရမည်။ နဂျီဥကတ် (၁) ကတ်တွင် နဂျီကောင်ပေါင်း (၁၀၀၀) ပါသည်။ စပါးခင်း တစ်ဧကတွင် နဂျီဥကတ်ပေါင်း (၄၀)ကို (၃) ကြိမ်လွှတ်ပေးရမည်။ ( မိမိတို့ ဒေသရှိ နီးစပ်ရာ စိုက်ပျိုးရေး ရုံးများတွင် နဂျီဥကတ်ကို စုံစမ်း မေးမြန်းနိုင်သည်)
၈။ စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်တဲ့ ပိုးသတ်ဆေးတွေကို အကြံပြု တိုက်တွန်းထားပါတယ်။
- ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ကာတက် (၉၅%) (Cartap 95% SP)၊ စားပွဲတင်ဇွန်း( ၃ )ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး။
- ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကလိုရမ် ထရန်နီလီပိုး+ သိုင်ရာမီသိုဇမ် (Chlorantraniliprole+Thiamethoxam 40%WG ) (၃) ဂရမ် အထုပ်သေး တစ်ထုပ်ကို အသုံးပြုပေးပါ။ - တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး။
- ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ဖလူဗန်ဒိုင်ရာမိုက် (Flubendiamide 240% WG )၊ စားပွဲတင်ဇွန်း(ဇွန်းဝက်-၁)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး။
- ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ကာတက် ဟိုက်ဒရို ကလိုရိုက် စားပွဲ တင်ဇွန်း(၂-၄)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မိုးဆက်တိုက်ရွာသွန်းလာတဲ့အတွက် ငါးကန်အတွင်း ရေဩဇာများလည်း တက်လာနိုင်ပါတယ်။ တစ်ချိန် တည်းမှာဘဲ ကန်ရေအပူချိန်ကျဆင်းလာသဖြင့် ကန်အတွင်းရှိငါးများ အစာစားနှုန်းလျော့ကျ နိုင်ပါတယ်။ ဒါကြောင့်မို့ အစာကို လျော့ကျွေးဖို့ တိုက်တွန်း လိုပါတယ်။ နောက်တစ်ချက်ကတော့ မိုးရွာသွန်းသဖြင့် ကန်အောက်ရေ တိုးလာပြီး ကန်ရေလျှံခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများဆောင်ရွက် ထားဖို့လိုပါတယ်။ ငါးသားဖောက်မွေးမြူတဲ့ ငါး တောင်သူများ အနေဖြင့် မိုးရွာချိန် ရေချဉ်ဖန်နှုန်းကျသွား တက်ပြီး ယင်းအခြေအနေဟာ အချို့ငါးသားပေါက်လေးများကို သေစေနိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ မြစ်ချောင်း၊ အင်းအိုင်၊ အစရှိတဲ့ အနီးအနားရှိ သဘာဝရေ အရင်းအမြစ်များမှ ရေကို ထည့်ပေးသင့်ပါတယ်။
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


