cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်း ရေကြီးမှုအတွင်းမျောပါလာနိုင်သော အဆိပ်ပြင်းမြွေများနှင့် မြွေအန္တရာယ်ကြိုတင်ကာကွယ်ရန် 🐍🐍

. အပ်ဒိတ်နှင့် ကြေငြာချက်
ရေမြုပ်နေတဲ့ နေရာကို ခြေဗလာနဲ့ဆင်းတာတွေမပြုလုပ်ပါနဲ့ (ရာဘာဖိနပ်ရှည်ဖြစ်နိုင်ရင်သုံးပေးပါ အခုလေးတင် admin အသိရေ မြုပ်နေတဲ့နေရာခဏဆင်းတာမြွေကိုက်ခံလိုက်ရလို့ပါ)
  • ညီမ ရေကြီးမှုနဲ့ မြွေတွေနဲ့တွဲ တင်ပေးတာ အလကားမဟုတ်ပါဘူး မြွေတွေကလည်းခိုလှုံဖို့နေရာရှာရင်း လူနေအိမ်တွေကိုရောက်လာ ကြမှာ ၁၀၀% အသေချာပါပဲ

    နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံတွေ ဖြစ်နေကြလို့ ထပ်မံသတိပေးလိုက်ပါတယ်။

    ရေကြီးမှုနှင့်အတူ ပါလာတတ်သော မြွေအန္တရာယ်

    မြွေတွေဟာ မုန်တိုင်း၊ရေကြီးရေလျှံမှုများ ဖြစ်ပြီးသည့်အခါတိုင်း မကြာခဏ နေရာရွှေ့ပြောင်းတတ်ကြပါတယ်။ ထို့သို့ မိုးကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် များစွာသော တိရိစ္ဆာန်တွေဟာ လုံခြုံတဲ့အမိုးအကာတွေအောက်မှာ ပြောင်းရွှေ့ ရင်း လူတွေနဲ့နီးကပ်တဲ့ နေရာကိုရောက်ရှိတတ်ကြပါတယ်။ ရေလွှမ်းမိုးပြီးနောက် ရေမြင့်တဲ့လမ်းမဘေးက အိမ်များ၊ ဂိုထောင်များ၊ စပါးကျီများ၊ တင်းကုပ်အိမ်များ နှင့် ပျက်စီးနေတဲ့ အဆောက်အဦးပျက်တွေဟာ မြွေတွေခိုအောင်းနေနိုင်အောင် အဓိကဆွဲဆောင်နေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းကြောင့် ပြန့်ကျဲနေသော အပျက်အစီးများအောက်တွင် မြွေများ ခိုအောင်းနေနိုင်တာကြောင့် အပျက်အစီးများဖယ်ရှားရှင်းလင်းရာတွင် မြွေအန္တရာယ်ကို များစွာ သတိထားသင့်ပါတယ်။

    မြွေအန္တရာယ်မှ ကာကွယ်ရန်

    မုန်တိုင်းတိုက်/ရေမြုပ်နေစဉ်အတွင်းမှာ

    ၁။ ညဘက်ခြံထဲဆင်းလျှင် ကြည်လင်စွာမြင်ရသော ထိန်လင်းသော ဓါတ်မီးသုံးဆင်းပါ

    ၂။ ရေမြုပ်နေတဲ့ နေရာကို ခြေဗလာနဲ့ဆင်းတာတွေမပြုလုပ်ပါနဲ့ (ရာဘာဖိနပ်ရှည်ဖြစ်နိုင်ရင်သုံးပေးပါ အခုလေးတင် admin အသိရေ မြုပ်နေတဲ့နေရာခဏဆင်းတာမြွေကိုက်ခံလိုက်ရလို့ပါ)

    ၃။ ရေတွင်မျောပါလာသော သစ်တုံးများ တခြားအရာဝတ္တုများကို မကိုင်တွယ်ပါနဲ့ မတက်နင်းပါနဲ့မြွေတွေပါလာတတ်ပါတယ်

    ၄။ မိမိတို့ရဲ့ အိမ်တံခါးများ မြွေခိုအောင်းနိုင်သောနေရာများကို စစ်ဆေးပါ

    ၅။ ရေနဲ့မျောပါလာတဲ့အမှိုက်တွေရှင်းတဲ့အခါ လက်နဲ့ကောက်ယူရှင်းတာမျိုးတွေမလုပ်ပါနဲ့ မြွေခိုအောင်းနေနိုင်ပါတယ်

    ၆။ ညဖက်အိပ်လျှင်ခြင်ထောင်အနားများကို ဖြာအောက်ကိုထည့်ပြီး အိပ်ပါ ဘေးပတ်ပတ်လည်တွင်ဖက်လုံးများ ဖြင့်ထပ်ဖိထားပြိီး အိပ်ပါ

    ၇။ မြွေကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရန်လိုအပ်ပါတယ်

    မြွေပုံရလိုက်ပါက Snakes of Myanmar groupမှာလာမေးပါ ဆရာဝန်adminတွေက ညွှန်ကြားချက်ပေးပြီး ကူညီပေးပါလိမ့်မယ်။

    မိမိတို့အိမ်မှာမြွေတွေ့ခဲ့ရင် ဓာတ်ပုံကြည်လင်စွာရိုက်ထားပြီး Snakes of Myanmarမြန်မာ) group မှာ id လာမေးလို့ရပါတယ် အဆိပ်မရှိမြွေဆိုလျှင် ကိုယ်တိုင်ခြောက်ထုတ်နိုင်ပြီး အဆိပ်ရှိမြွေဆိုလျှင် မြွေဖမ်းကျွမ်းကျင်သော မီးသတ်တပ်ဖွဲ့ဝင်များအားအကူအညီတောင်းရန်လိုအပ်ပါတယ်။

    မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။

    ----


  • article
  • article
likes
9
comments
3
views
1444