ပဲခူးတိုင်းဒေသကြီး အတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် ရေနှစ်မြုပ်စပါးခင်းများ အတွက် အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့မှ သြဂုတ်လ (၅) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်မှာ ဇူလိုင်လ ၃၀ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ မိုးရွာရန် ရာနှုန်း ၉၁ မှ ၉၆ အထိ ရှိနိုင်ပါတယ်။ သြဂုတ်လ ၄ ရက်တွင် မိုးရွာရန် ၆၆ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များမှာ ၇၉ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၁°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၈°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့ အထိ မိုးရွာရန် ရာနှုန်း ၉၄ နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၆၁ မှ ၇၄ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၉ °C မှ အမြင့်ဆုံးအပူချိန် ၃၀.၇°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့ အထိ မိုးရွာရန် ရာနှုန်း ၉၄ နှင့် အထက်မှာ ရှိနိုင်ပါတယ်။ သြဂုတ်လ ၄၊၅ ရက်များတွင် မိုးရွာရန် ၆၁ မှ ၆၆ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၉ °C မှ အမြင့်ဆုံးအပူချိန် ၃၀.၇°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
ရေနှစ်မြုပ်စပါးခင်းများ ပြန်လည်ပြုပြင်ကြပါစို့
၂၅ ရာခိုင်နှုန်းပျက်စီးပါက
-ကန်သင်းလုံအောင် ပြုပြင်ပါ
-ကျန်ခဲ့တဲ့စပါးပင်များထဲက သားခွဲပြီး ပြန်ဖာပေးပါ
-ကောက်ပင်လှန်ချိန် NPK ကွန်ပေါင်းဓါတ်မြေဩဇာကျွေးပါ
အခင်းတစ်ဝက်ပျက်စီးပါက
-တစ်ခင်းလုံးပြန်နှုတ်ပြီး ထွန်တစ်စက်မွှေပြီး ပျိုးပင်အဖြစ်ပြန်လည်စိုက်ပျိုးပါ။
-NPK ကွန်ပေါင်းဓါတ်မြေဩဇာ တစ်ဧက တစ်အိတ်နှုန်း ထွန်မွှေချိန်မှာ ထည့်သွင်းပါ။
တစ်ခင်းလုံးပျက်စီးပါက
-NPK ကွန်ပေါင်းဓါတ်မြေဩဇာ တစ်ဧက တစ်အိတ်နှုန်းထည့်၍ ထွန်မွှေပြီး မြေပြင်ပါ
-ရေမမြုပ်တဲ့အခင်းများမှ တစ်လခွဲသားအရွယ်ပျိုးသားခွဲများကို ခွဲယူ၍ ပြန်လည်စိုက်ပျိုးပါ
-နှစ်စဉ်ရေနှစ်မြုပ်ဖြစ်ပေါ်နေတာကြောင့် နောက်ရာသီတွေမှာ ရေမမြုပ်နိုင်တဲ့ကုန်းမြင့်မှာ သက်ငယ်စပါးမျိုးများကို ဘောင်စနစ်နဲ့ ကြိုတင်ပျိုးထောင်ပေးပါ
-ရေနှစ်မြုပ်ပြီးပါက ထိုပျိုးသားများကို ကောက်စိုက်ပေးပါ
-ကြဲခင်းဖြစ်ပါ ရေနှစ်မြုပ်ပြီးရင် သက်ငယ်စပါးမျိုးများကို သမန်းပြင်၊သမန်းညှိပြီး ထပ်မံကြဲပက်ပါ
-ရေနှစ်မြုပ်ပြီး ပြန်လည်ပြုပြင်ထားတဲ့ စပါးခင်းမျာကို ယမ်းစိမ်းပက်ဖျန်းပေးပါ
-ယမ်းစိမ်းကို အပင်ပွားချိန်၊ မှို့ကပ်ချိန်နဲ့ အနှံစုံချိန်တွေမှာ တစ်ကြိမ်စီ ပက်ဖျန်းပေးပါ
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မိုးဆက်တိုက်ရွာသွန်းလာတဲ့အတွက် ငါးကန်အတွင်း ရေဩဇာများလည်း တက်လာနိုင်ပါတယ်။ တစ်ချိန် တည်းမှာဘဲ ကန်ရေအပူချိန်ကျဆင်းလာသဖြင့် ကန်အတွင်းရှိငါးများ အစာစားနှုန်းလျော့ကျ နိုင်ပါတယ်။ ဒါကြောင့်မို့ အစာကို လျော့ကျွေးဖို့ တိုက်တွန်း လိုပါတယ်။ နောက်တစ်ချက်ကတော့ မိုးရွာသွန်းသဖြင့် ကန်အောက်ရေ တိုးလာပြီး ကန်ရေလျှံခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများဆောင်ရွက် ထားဖို့လိုပါတယ်။ ငါးသားဖောက်မွေးမြူတဲ့ ငါး တောင်သူများ အနေဖြင့် မိုးရွာချိန် ရေချဉ်ဖန်နှုန်းကျသွား တက်ပြီး ယင်းအခြေအနေဟာ အချို့ငါးသားပေါက်လေးများကို သေစေနိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ မြစ်ချောင်း၊ အင်းအိုင်၊ အစရှိတဲ့ အနီးအနားရှိ သဘာဝရေ အရင်းအမြစ်များမှ ရေကို ထည့်ပေးသင့်ပါတယ်။
Weather Source: CIAT
-----
မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download