cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာစိုက်ခင်းတွင် ဂျူလိုင်၊ ဩဂုတ်လအတွင်း ဆောင်ရွက်သင့်သည့်အချက်များ

. စိုက်ပျိုးနည်းစနစ်များ
ရော်ဘာစေ့သည် ရှင်သန်နိုင်မှုတိုတောင်းသော်လည်း အနည်း ငယ်စိုစွတ်သော မီးသွေးမှုန့်နှင့်ရောနှော၍ ဂုံနီအိတ်နှစ်ထပ်ဖြင့် ထုတ်ပိုးထားပါက တစ်လကြာသည်အထိ ရှင်သန်နိုင်ပါ သည်။
  • ရော်ဘာအပင်ငယ်စိုက်ခြင်း

    ရော်ဘာပင် ဖာထေး စိုက်ပျိုး ခြင်းကို ရာသီဥတု သင့်တင့် ကောင်းမွန်လျှင် ပြုလုပ်နိုင် ပါသည်။ စိုက်ခင်းထဲ အပင်များ အမြစ် စွဲမှုကောင်းစေ ပါသည်။ အပင် မစိုက်ပျိုးမီ စိုက်ကွင်း၏ မြေဆီ သြဇာ ထက်သန်မှု အခြေ အနေကို ထိုစိုက်ကွင်းမှ မြေနေရာနမူနာကိုခွဲစမ်းသပ်ခြင်းဖြင့် ရသောအချက်များပေါ် တွင် အခြေခံပါသည်။ လေးနှစ်အတော အတွင်း မြေနမူနာများ၊ အရွက်များကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် ထည့်သွင်းရမည့် မြေ သြဇာထောက်ခံသတ်မှတ်ချက်ကို ရရှိနိုင် ပါသည်။ ငါးနှစ်သားမှစ၍ နှစ်စဉ် နှစ်တိုင်းမြေနမူနာဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် ကျွေးရ မည့်မြေသြဇာသတ်မှတ်ချက်ကို ရပါသည်။ မြေနမူနာယူခြင်းကို အနည်းဆုံးသုံးနှစ် တစ်ကြိမ် ပြုလုပ်သင့်ပါသည်။

    မျိုးစေ့အစို့ဖောက်ခြင်း

    တချို့ ဒေသ များတွင် ရော်ဘာစေ့များ ကို အများအားဖြင့် ဇူလိုင်လကုန်တွင် စု ဆောင်းရရှိပါမည်။ ရော်ဘာစေ့သည် ရှင်သန်နိုင်မှုတိုတောင်းသော်လည်း အနည်း ငယ်စိုစွတ်သော မီးသွေးမှုန့်နှင့်ရောနှော၍ ဂုံနီအိတ်နှစ်ထပ်ဖြင့် ထုတ်ပိုးထားပါက တစ်လကြာသည်အထိ ရှင်သန်နိုင်ပါ သည်။ ရော်ဘာစေ့များကို ရလျှင်ရခြင်း အစို့ ဖောက်ဘောင်တွင် တင်၍ အစို့ဖောက်ခြင်း ဖြင့် အစို့ဖောက်နှုန်းပို၍ ကောင်းမွန်စေပါ သည်။ အစို့ဖောက်ဘောင်ကို ကြိုတင်ပြု လုပ်ထားရပါမည်။ အစို့ဖောက်ဘောင်ကို မြေပြင်ညီတွင် ရွေးချယ်ပြုလုပ်သင့်ပါသည်။ အစို့ဖောက် ဘောင်၏ အရွယ်အစားကို မြေအနေအထား ကိုမူတည်၍ ပြုလုပ်နိုင်ပါသည်။ အစို့ဖောက်ရန် မြစ်သဲသည် အကောင်းဆုံးဖြစ်ပါ သည်။ စက်ဖွဲပြာကိုလည်း အသုံးပြုနိုင်ပါ သည်။ အစို့ဖောက်ဘောင်၏ မျက်နှာပြင် သည်ရေအလွန်စိုစွတ်မှုမှ ကာကွယ်ရန် မြေပြင်မှ ခြောက်လက်မခန့် မြင့်ရပါမည်။ မျိုးစေ့များအား တစ်စေ့နှင့်တစ်စေ့ထိစပ်၍ တစ်ထပ်တည်း သဲပြင်တွင် နှိပ်ရပါမည်။ အစေ့၏ မျက်နှာပြင်သည် သဲဘောင်တွင် ပေါ်ရုံမျှသာ နှိပ်ရပါမည်။

    မျိုးစေ့ဖောက်ဘောင်များအား အုန်း ဆံမျှင်ပါးနှင့် ယက်လုပ်ထားသော ဖျာ၊ သို့မဟုတ် အုန်းရွက်များဖြင့် ဖုံးအုပ်ပေးရပါမည်။ အစိုဓာတ်ထိန်းနိုင်ရန် နံနက်စောစော နှင့် ညနေပိုင်းအချိန်များတွင် ရေဖျန်းပေး သင့်ပါသည်။ အစို့ဖောက်ဘောင်သည် ပူလွန်းခြင်း၊အေးလွန်းခြင်း မရှိစေရပါ။ ဘောင်တင်ပြီး နောက်ခုနစ်ရက်ကြာလျှင် မျိုးစေ့များ စတင်အစို့ပေါက်ပါသည်။ နေ့ စဉ်အစို့ပေါက်များဖော်ယူ၍ စိုက်ပျိုးနိုင်ပါသည်။ ပြောင်းရွှေ့စိုက်ပျိုးရာတွင် နောက် ကျပါက ရေသောက်မြစ်နုအား အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းဖြင့် အပင်စိုက်ပျိုးရာတွင် ကွေ့ကောက်သော အမြစ်များ ဖြစ်ပေါ်စေပါသည်။ မြေဘောင်နှင့် ပိုလီဘက်အိတ်ပျိုးခင်းတွင်အပင်သေး အပင်ညှပ်ခြင်းနှင့် အရွက်ဖြူပျိုးပင်များကို ဖယ်ရှားပြီး အစို့ပေါက်စေ့နှင့် အချိန်မီ ပြန်လည်ဖာထေးပေးရပါမည်။

    ပျိုးခင်းတည်ထောင်ခြင်း

    မျိုးစေ့စိုက်ပျိုးခင်း တည်ထောင်ရန် အစို့ပေါက်စေ့များကို ပျိုးခင်းတွင် ပျိုး ထောင်ရပါသည်။ အပင်အကွာအဝေးကို စိုက်ပျိုးသည့်ပျိုးပင် အမျိုးအစားပေါ် မူ တည်၍ ထားရပါမည်။ အစို့ပေါက်စေ့များ ကို ၁၀ လက်မ _ ၁၀လက်မတြိဂံပုံစံ စိုက် ပျိုးနိုင်ပါသည်။ ဖူးစိမ်းကူးမည်ဆိုပါက ကိုးလက်မတြိဂံစိုက်၍ အဖူးညိုကူးပါက ၁၀ လက်မတြိဂံစိုက်ရပါမည်။ ရေလောင်း၊ ပေါင်းရင်း၊ အဖူးကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တစ်ဘောင်နှင့်တစ်ဘောင် အနည်းဆုံး နှစ်ပေခြားရပါမည်။ တစ်ဧက တွင် ပျိုးပင် ၃၅ç၀၀၀ ခန့် ဝင်ဆံ့ပါသည်။

    ပိုလီဘက်အိတ်ပျိုးခင်း ထူထောင် ပါက တစ်တန်နှင့် တစ်တန်း နှစ်ပေခြား ၍ တစ်ပေအကျယ်၊ တစ်ပေအနက် မြောင်း ဖော်ပြီး ပျိုးအိတ်နှစ်အိတ်စီရပါသည်။ တစ်ဧက ပျိုးအိတ် ၅၈,၀၀၀ ခန့် ဝင်ဆံ့ပါ သည်။ ကိုင်းပွားခြင်း နိုဝင်ဘာလ အဖူးကူးချိန်တွင် မျိုးကိုင်းရရှိရန်အတွက် ယခုလမှစ၍ မျိုးကိုင်း မွေးမြူရပါသည်။ ဇန်နဝါရီလက လေးဖုံ နှင့် ငါးဖုံမြင့်သော ပျိုးပင်များကို စိုက်ပျိုးခဲ့ပါက နှစ်ချင်းမျိုးကိုင်းရနိုင်ပါသည်။ နှစ်ဖုံနှင့် သုံးဖုံအပင်များကို စိုက်ပျိုးပါက တစ်နှစ်နှစ်လသား(နောက်နှစ်သြဂုတ်လ) မှသာမျိုးကိုင်းယူနိုင်ပါသည်။ မျိုးကိုင်းယူရာတွင် စိုက်ပျိုးခဲ့သော အပင်ကို လေးဖုံ အထက်မှ ဖြတ်၍ နှစ်ဖုံနှင့် အောက်ဖက် ကိုင်းတက်များကို ဖြတ်ရပါမည်။ အပင်ကို လေးဖုံအထက်မှဖြတ်၍ နှစ်ဖုံနှင့်အောက် ဖက်ကိုင်းတက်များကို ဖြတ်ရပါမည်။ အဖူးစိမ်းယူပါကတစ်ပင် ငါးကိုင်းချန်ပြီး အဖူး ညိုယူပါက နှစ်ကိုင်းမှ သုံးကိုင်းသာ ချန်ထားရပါမည်။

    အပင်ရောဂါကာကွယ်ခြင်းလုပ်ငန်းစဉ်များ

    ရော်ဘာပင် ငယ်စဉ်တွင် အရွက် ရောဂါများမှ ကာကွယ်ရန် တစ်ရာခိုင်နှုန်း ဘော်ဒိုမစ်ချာအား မျက်နှာပြင်များကို နှံစပ်အောင်ဖျန်းပေးရပါမည်။ မုတ်သုံရာသီ အတွင်း အစေးလှီးမျက်နှာပြင် အနည်းငယ် စိုစွတ်သဖြင့် Rainguard ဖြင့်လည်းကောင်း ၊Rain-guard မပါဘဲလည်းကောင်း၊ စဉ်ဆက်မပြတ် အစေးလှီးပါက အခေါက် ပုပ်ရောဂါ ဖြစ်စေနိုင်ပါသည်။ ထိုရောဂါမှ ကာကွယ်ရန်မှိုသတ်ဆေးရည်အား အစေး လှီးလမ်းကြောင်း အထက်ဖက်၌ဖျန်း၍ ဖြစ်စေ၊ သုတ်လိမ်း၍ဖြစ်စေ အသုံးပြုနိုင် ပါသည်။Mancozeb (Dithane/Indofilm M-45) 0.375 % (5 L of water) သို့မဟုတ် Phosphoros Acid (Akomin/Phojet) 0.08 % (2 ml/L) ဆေးအား အခေါက်ပုပ်ရောဂါ အတွက် ထိရောက်သောဆေးအဖြစ် သုံးနိုင် ပါသည်။

    ပန်းရောင်ရောဂါ

    အနောက်တောင် မုတ်သုံရာသီ အတွင်း ပန်းရောင်ရောဂါ ဖြစ်ပွားတတ်ပါ သည်။ အပတ်စဉ် ရောဂါစစ်ဆေးခြင်းကို အပင်ငယ်များတွင် နေသာသောနေ့များ တွင် ဆောင်ရွက်နိုင်ပါသည်။ အထူးသဖြင့် အပင်ငယ်များတွင် အစပိုင်း၌ အဖြူရောင်၊ သို့မဟုတ် ပန်းရောင်ပင့်ကူမျှင်ပုံမှိုမျှင်များ အခေါက်မျက်နှာပြင်တွင် ပေါ်လာပြီး နောက် ကြီးထွားလာပြီး အစေးအနည်းငယ် ထွက်လာပါသည်။ ပုပ်၍ အက်ကွဲသော ရောဂါဝင်ရောက်သည့် အခေါက်တွင် အောက်ပါအတိုင်း ဆောင်ရွက်ရပါသည်။ ရောဂါဝင်ရောက်ကာစတွင်မှိုမျှင် များ ပေါ်လာသောအခါ ဘော်ဒိုပေ့စ်အား ရောဂါဝင်သည့် ပိုင်းပေါ်အထက်အောက် တစ်ပေအကွာတွင် အသုံးပြုရပါမည်။ ရောဂါဖြစ်စေသော မှိုမျှင်သည် အခေါက် တွင် ဝင်ရောက်ပြီး အခေါက်အက်ကွဲကာ အစေးများ ထွက်လာပါသည်။ ထိုအခြေ အနေတွင် ဘော်ဒိုပေ့စ်ကို သုတ်လိမ်းနိုင် ပါသည်။ ထို့နောက် ခြောက်နေသော တစ် ရှူးများကို ရောဂါဖြစ်နေသောနေရာမှ ဖယ် ထုတ်ပြီးဘော်ဒိုပေ့စ်ကို နောက်တစ်ကြိမ် သုတ်လိမ်းပေးရပါမည်။

    ဘော်ဒိုပေ့စ်အစား Organic Sulphur Fungicide, Thiride စသော ဆေးများကို ၁၀ ဂရမ်ကို ရေနံဆီ ၁၀ ကီလိုဂရမ်နှုန်းဖြင့် ရော၍ ရောဂါဝင်ရောက်သော အပိုင်းတွင် သုတ်လိမ်းခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ထောက်ကန်ပေးခြင်း အပင်ငယ်များ၏ ပင်စည်သည် လေပြင်းဒဏ်ကြောင့် ကျိုးတတ်ပါသည်။ လိုအပ်ပါက သစ်သား၊ တိုင်၊ သို့မဟုတ် ဝါးတိုင်းများဖြင့် ထောက်ကန်၍ အပင်ကို ထောင်မတ်စေရန် လုပ်ပေးထားရပါသည်။

    မြေသြဇာကျွေးခြင်း

    မျိုးစေ့စိုက်ပျိုးခင်း မြေသြဇာကျွေးခြင်း တစ်ဧကလျှင် မြေဆွေး၊ သို့မဟုတ် နွားချေးဆွေး တစ်တန်နှင့် ကျောက်မှုန့် ၁၅၀ ကီလိုဂရမ်ကျွေးရပါမည်။ ၁၀၀ စတု ရန်းပေအတွက် မြေဆွေး၊ သို့မဟုတ် နွား ချေးဆွေး၁၀ ကီလိုဂရမ်နှင့် ကျောက်မှုန့် ၁ ဒသမ ၅ ကီလိုဂရမ်ကို ရောနှော၍ ကျွေး နိုင်ပါသည်။ ပျိုးဘောင်များအားလုံးကို ကျွေးရပါမည်။ သစ်တောအတွင်းမှာ တည် ထားသော ပျိုးခင်းဖြစ်ပါက ပထမနှစ် အတွင်း မြေဆွေး၊ သို့မဟုတ် နွားချေးဆွေး ကျွေးရန် မလိုဘဲ သုံးနှစ်လျှင် တစ်ကြိမ်သာ ကျောက်မှုန့်ကျွေးရပါမည်။

    မြေဆီလွတ် ဓာတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော အာဟာရဓာတ်လိုအပ်ချက်များ အတိုင်း မြေသြဇာကျွေးသင့်ပါသည်။ မြေဆီထိန်းပဲစိုက်ခြင်း အမြစ်စွဲမြန်သော ပဲမျိုးရင်းဝင်မြေဆီ ထိန်းပဲများကို စိုက်ခင်းများတွင် စိုက်ပျိုးရ ပါမည်။ တစ်ဧကလျှင် ကျောက်မှုန့် ၅၀ဂရမ် မြေဆထိန်းပဲ သုံးပြည်တို့အား ရော နှော၍ စိုက်သင့်ပါသည်။ ပထမအကြိမ် မြေသြဇာကို မြေဆီထိန်းပဲ စိုက်ပျိုးပြီး တစ်လအကြာတွင်လည်းကောင်း၊ ဒုတိယ အကြိမ်ကို မြေဆီထိန်းပဲစိုက်ပျိုးပြီးနောက် နှစ်လအကြာတွင် ကျွေးနိုင်ပါသည်။ စိုက် ပျိုးသည့်မြေတွင် ပိုတက်စီယမ်ဓာတ် မလုံ လောက်ပါက ကျောက်မှုန့်နှင့် ပိုတက်ရှ်ကို ၃း၁ ဖြင့် တစ်ဧကလျှင် ၄၀ ကီလိုဂရမ်ထည့် ရန် သတ်မှတ်ထားပါသည်။

    ကျွဲ၊ နွားများ လွှတ်ကျောင်းခြင်းနှင့် တိရစ္ဆာန်အစာအတွက် ပဲနွယ်များအား ဖြတ် ယူခြင်းသည် ပဲပင်ကြီးထွားရန်နှင့် မြေပြင် တွင်တွားသွားပွားများရန် ထိခိုက်စေပါ သည်။ စိုက်ခင်းတွင် မြေဆီထိန်းပဲနှင့် ရော် ဘာပင်ငယ် ယှဉ်ပြိုင်ပေါက်ရောက်ခြင်းမှ ကာကွယ်ရန် စိုက်ပျိုးပင်ပတ်လည် ခြောက် ပေအတွင်း၊ သို့မဟုတ် ကွန်တိုတစ်လျှောက် မြေဆီထိန်း၌ မစိုက်သင့်ပါ။ စိုက်ခင်းသစ်စိုက်ခြင်း၊ ပြန်စိုက်ခြင်း၊ အပင်ဖာခြင်း အသစ်စိုက်ခြင်း၊ ပြန်စိုက်ခြင်း၊ အပင် ဖာခြင်းတို့အား အိတ်သွပ်အဖူးက ပျိုးပင် များဖြင့် မြေတွင် အစိုဓာတ်လုံလောက်စွာ ရှိချိန်တွင် ပြုလုပ်ရပါမည်။

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2

    ရော်ဘာစိုက်ပျိုးကြသူများအဖွဲ့ထဲသို့ဝင်ရန်- https://www.facebook.com/groups/2432746880363676/


  • article
  • article
  • article
  • article
  • article
  • article
likes
5
comments
0
views
4572