ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း
ရေသွင်းရေထုတ်ညံ့ဖျင်းသောမြေများ၊ ပုလဲမြေဩဇာ သုံးစွဲမှုများသောမြေများ၊ ဖော့စ်ဖိတ်ဓာတ်ပါဝင်တဲ့မြေဩဇာများသုံးစွဲမှုများသောမြေများ၊ မြေချဉ်နေတဲ့လယ်မြေ တွေမှာရေညှိပင်တွေကို အများဆုံးတွေ့ရပါတယ်။ ဒါကြောင့် နှစ်စဥ်ဖြစ်လေ့ဖြစ်ထရှိတဲ့ လယ်မြေတွေမှာဆိုရင်တော့ စပါးမစိုက်ခင်မှာထုံးကိုမြေခံထည့်ပေးခြင်း၊ စိုက်ခင်းကိုရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ သဘာဝမြေဩဇာများအသုံးပြုပေးခြင်း၊ ကော့ပါးပါတဲ့ဆေး တစ်မျိုးမျိုး အသုံးပြုခြင်းတို့ကိုပြုလုပ်ပေးနိုင်ပါတယ်။ ရေညှိပင်တွေဟာ အာဟာရတွေကို စပါးပင်တွေနဲ့ အပြိုင်စားသောက်ရုံသာမက စပါးပင်တွေရဲ့အမြစ်ကိုကုပ်တွယ်မှုအားနည်းစေတာကြောင့် စပါးပင်အလွယ်တကူကျွတ်ထွက်နိုင်စေပါတယ်။
ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (ခ) မြေချဉ် ဖြစ်ပါတယ်။
ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe