cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးစိုက်တောင်သူများအတွက် ပြင်ပ ဈေးနှုန်းထက် သက်သာစွာဖြင့် ဓာတ်မြေသြဇာအိတ် ၃၁၀၀၀ ကျော် ဖြန့်ဖြူး ရောင်းချပေးထား

. သတင်းစုံ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ဧကများအတွက် သွင်းအားစုများပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ် ၃၁၀၀၀ ကျော် ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက် ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
  • မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ဧကများအတွက် သွင်းအားစုများပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ် ၃၁၀၀၀ ကျော် ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက် ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

    အဆိုပါ တောင်သူများ၏ စပါးစိုက်ဧကများအတွက် အပင်၏အဟာရ ဓာတ်များပြည့်ဝစွာသုံးစွဲနိုင်ရန် ယူရီးယားဓာတ်မြေသြဇာများကို ဈေး နှုန်းသက်သာစွာဖြင့် စိုက်ပျိုးရေးတောင်သူများကို ဖြန့်ဖြူးရောင်းချပေး သွားရန် စီစဉ်ထားရှိကြောင်း၊ ရောင်းချပေးပြီးသည့် စပါးစိုက်ဧကများ အတွက် အိတ်ပေါင်း ၃၁၀၀၀ ကျော်အိတ်တို့ကို ဖြန့်ဖြူးရောင်းချပေး ထားကြောင်း သိရသည်။

    " ပြည်ပကတင်သွင်းတဲ့ မြေသြဇာတွေ ဈေးနှုန်းတွေကြီးမြင့်တဲ့ အ တွက် ပြည်တွင်းမှာ ထုတ်တဲ့စက်ရုံတွေက ဖြန့်ဝေရောင်းချပေးတာ ကြောင့် တောင်သူတွေ သက်သာသောနှုန်းထားနဲ့ရမယ်။ အရေးကြီး နေတဲ့ ဆန်၊ စပါးထုတ်လုပ်မှုတိုးတက်ဖို့နဲ့ ဆီထွက်သီးနှံတွေ တိုး တက်ထုတ်လုပ်ဖို့ကို ရည်ရွယ်ပြီး သက်သာသောနှုန်းထားနဲ့ ရောင်း ချပေးပါတယ်။ အဓိကတော့ စပါးကိုအဓိကဦးစားပေး ရောင်းချပါ တယ်။ မိုးရာသီမှာလည်း ဖြန့်ဖြူးရောင်းချပေးပါတယ်။ ယူရီးယား ဓာတ်မြေသြဇာအိတ်တွေကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက်ကို ပေးပြီးပါပြီ။ သူတို့ကမှတစ်ဆင့် တောင်သူတွေဆီကို ဖြန့်ဖြူးရောင်း ချပေးသွားမှာပါ။ ခုလိုဆောင်ရွက်ပေးတာကလည်း ပြင်ပပေါက်ဈေး ထက် ဈေးနှုန်းသက်သာစွာနဲ့ တောင်သူတွေ ဝယ်ယူအသုံးပြုနိုင်စေဖို့ ရည်ရွယ်တာပါ" ဟု ၎င်း က ​ပြောသည်။

    အဆိုပါ ယူရီးယားဓာတ်မြေသြဇာများကို ရောင်းချပေးမည့် ခရိုင်များ မှာ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ တံတားဦးခရိုင်၊ ပြင်ဦးလွင်ခ ရိုင်၊ မဟာအောင်မြေခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်းခ ရိုင်၊ သပိတ်ကျင်းခရိုင်၊ အမရပူရခရိုင်၊ အောင်မြေသာစံခရိုင် စသည့် ခရိုင်အလိုက် မြို့နယ်များရှိ တောင်သူများကို ယူရီးယားဓာတ်မြေသြ ဇာများကို ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    မကွေးဂျာနယ် မှကူးယူဖော်ပြပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes7comments4
views1291