cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေကြီးနစ်မြုပ်ပြီးနောက် စပါးခင်းထဲတွင်အတွေ့များလာရတဲ့ ဆစ်ပိုး

. ပိုးမွှား
စပါးပင် အပင်ပွားစည်းချိန် ဆစ်ပိုးလက္ခဏာအူပုပ်သည်ကိုစတင်တွေ့ရှိပါက ရေသွင်းရေထုတ် ပြုလုပ်ပေးရပါမည်။
  • ဖျက်ဆီးမှုလက္ခဏာ

    ဆစ်ပိုးသည် ပင်စည်ထဲကို ဝင်ပြီး အပင်၏ အစာရေကြောစည်းကို စားသောက်ဖျက်ဆီးသည်။

    ဆစ်ပိုးအပေါက်များကို ရေနှင့်ပင်စည်ထိစပ်နေသော နေရာတွင် တွေ့ရသည်။

    ကြက်သွန်မြိတ်ကဲ့သို့ လိမ်နေသော စပါးအရွက်များကို တွေ့ရသည်။

    ဆစ်ပိုးဥများကို စပါးအရွက်များပေါ်တွင် တွေ့ရသည်။

    ပင်စည်ကို ခွဲကြည့်ပါက စားသောက်ဖျက်ဆီးနေသည့် ဆစ်ပိုးလောက်ကောင်ကို တွေ့ရသည်။

    ဆစ်ပိုးဖလံကောင်၏ အတောင်ပံတွင် အနက်ရောင် အစက် ၂ စက်ပါရှိသည်။

    စပါးနှံထွက်ချိန်တွင် ဆစ်ပိုးကျပါက အနှံဖြူများကို တွေ့ရသည်။

    ကာကွယ်နှိမ်နင်းနည်းများ

    စပါးစိုက်ပျိုးချိန်ကို မိမိဒေသအလိုက်ချိန်ဆ၍စိုက်ပါ။

    ဒေသနှင့်ကိုက်ညီသောမျိုးများကိုရွေးချယ်စိုက်ပျိုးပါ။

    စပါးခင်းအတွင်း နှင့် စိုက်ခင်းပတ်ဝန်းကျင်ရှိပေါင်းမြက်များကိုသုတ်သင်ရှင်းလင်းပါ။

    စပါးပင် အပင်ပွားစည်းချိန် ဆစ်ပိုးလက္ခဏာအူပုပ်သည်ကိုစတင်တွေ့ရှိပါက ရေသွင်းရေထုတ် ပြုလုပ်ပေးရပါမည်။

    ရေထုတ်လွယ်သောနေရာများတွင် တစ်ရက်နှစ်ရက်ခန့်ရေထုတ်၍ ဆစ်ပိုးပွားများ မှုကို ကာကွယ်နိုင်ပါသည်။

    နိုက်ထရိုဂျင်ပုလဲဓာတ်မြေဩဇာကိုအချိုးကျသုံး၍ ပိုတက်စီယမ်ဓာတ်မြေဩဇာကို မဖြစ်မနေအသုံးပြုပေးပါ။

    အသုံးပြုနိုင်သော ဓာတုဆေးများ- Cartap hydrochloride, Chlorantraniliprole, Carbosulfan, Profenofos

    ကာကွယ်နှိမ်နှင်းနည်းများနှင့် ဆစ်ပိုးအကြောင်းအပြည့်အစုံအတွက် လင့်ကိုနှိပ်ပြီး -https://youtu.be/JAicYFoR-oM?si=82706r7B0kiu4f-t လေ့လာနိုင်ပါသည်။

    Reference- DOA

    -----

    !! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာအဖြေရှာနည်း - https://htwettoe.com/post/42799

    ထွက်တိုး Telegram - https://t.me/htwettoe

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe

    ထွက်တိုး Tik Tok -https://www.tiktok.com/@htwettoe?is_from_webapp=1...


  • article
likes13comments0
views2539