တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာ မြို့နယ်များတွင် အစောပိုင်းပိုင်းရက်များဖြစ်သည့် ၇ရက်နေ့မှ ၉ ရက်နေ့အထိ နေ့ရက်များတွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းရက်များတွင် မိုးရွာနိုင်ခြေ နည်းပါးကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းရှိပါတယ်။
အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၄.၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
ပွင့်ဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ (၃၁)ရက်နေ့နဲ့ ဩဂုတ်လ (၁)ရက်နေ့တို့တွင် အစောပိုင်းပိုင်းရက်များဖြစ်သည့် ၇ရက် နေ့မှ ၉ ရက်နေ့အထိ နေ့ရက်များတွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းရက်များတွင် မိုးရွာနိုင်ခြေ နည်းပါးကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်း ရှိပါတယ်။
အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၄.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
မင်းဘူးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် အစောပိုင်းပိုင်းရက်များဖြစ်သည့် ၇ရက်နေ့မှ ၉ ရက်နေ့အထိ နေ့ရက်များတွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းရက်များတွင် မိုးရွာနိုင်ခြေ နည်းပါးကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းရှိပါတယ်။
အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၄.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
စလင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် အစောပိုင်းပိုင်းရက်များဖြစ်သည့် ၇ရက်နေ့မှ ၉ ရက်နေ့အထိ နေ့ရက်များတွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းရက်များတွင် မိုးရွာနိုင်ခြေ နည်းပါးကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၄ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းရှိပါတယ်။
အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၄.၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် အစောပိုင်းပိုင်းရက်များဖြစ်သည့် ဩဂုတ်လ ၇ ရက်နေ့တွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကျန်ရက်များတွင် မိုးရွာနိုင်ခြေ နည်းပါးကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းရှိပါတယ်။
အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
စိုက်ပျိုးရေး အကြံပြုချက်
ယခုတစ်ပတ်မှာတော့ မိုးလယ်ကာလဖြစ်တဲ့အတွက် ပဲတီစိမ်း/မတ်ပဲစိုက် တောင်သူဦးကြီးများအနေနဲ့ မိမိတို့ရဲ့ စိုက်ခင်းတွေကို ကောင်းကောင်းပြုစုဖို့ အောက်ပါအချက်လေးတွေကို အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ-
- ပဲခင်း ရေမဝပ်ကြစေဖို့ ပတ်မြောင်းများ၊ ရေထုတ်မြောင်းများ ပြုလုပ်ထားပါ
- မိုးလယ်စိုက် ပဲတီစိမ်း စိုက်ချိန်နောက် မကျစေဖို့ သတိပြုပါ
- စိုက်ချိန် နောက်ကျသွားပါက သီးတောင့် ဖြစ်ထွန်းချိန် မိုးပြတ်ကာလနဲ့ ကြုံရတတ်ပါတယ်
- စက်တင်ဘာလ မကုန်မီ စိုက်ဖြစ်အောင်စိုက်ပါ
- မိုးလယ်ရာသီဟာ အပူချိန်မြင့်ပြီး စိုထိုင်းဆများတတ်လို့ ပင်ပိုင်း ဖြစ်ထွန်းမှု
- လွန်ကဲတတ်သဖြင့် မျိုးစေ့နှုန်းကိုလျှော့စိုက်ပါ
- ကြဲခင်းလုပ်မယ်ဆိုပါက မျိုးစေ့နှုန်းကို ၄-၆ ပြည်သာ သုံးပါ
- မြေချဉ်ငန်ဓာတ် ၅ ထက်လျော့နည်းတဲ့မြေ ဖြစ်နေပါက မြေပြင်ချိန်မှာ
- ဂျပ်ဆန်ကျောက်မှုန့်မြေသြဇာ တစ်ဧက ငါးအိတ်နှုန်း၊ တီစူပါ၁/၄ အိတ်နှုန်း ထည့်ပါ
- မစိုက်ပျိုးမီ ပဲစေ့ကို ရေရှစ်နာရီစိမ်၍ ပြန်ဆယ်ယူ အခြောက်ခံပြီးမှ စိုက်ပါ။
- ပဲမြစ်ဖု ဇီဝမြေသြဇာကို တစ်ဧကကို သုံးထုပ်နှုန်း မစိုက်မီ ပဲစေ့နဲ့ လူးနယ်ပြီးမှ စိုက်ပျိုးပါ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မုန်းချောင်း မြစ်ရေ စိုးရိမ်မှတ်အောက် ပြန်လည်ကျဆင်းနေပြီဖြစ်၍ ငါး/ပုဇွန်တောင်သူဦးကြီးများ အနေဖြင့် အောက်ပါအချက်တွေ ဆောင်ရွက်ပေးဖို့ တိုက်တွန်းအပ်ပါတယ်-
-ကန်အတွင်း အမှိုက်၊ အပင်အကြွင်းအကျန် စသည်တို့ကို ဖယ်ရှားရန်၊
-ရေချဉ်ဖန်နှုန်း တိုင်းတာရန်၊
-သဘာဝရေအရင်းအမြစ်ဖြစ်သော မြစ်ချောင်း၊ ကန်များမှ ရေဖြင့် ရေလှယ်ပေးရန်၊
-ကန်အတွင်း ငါးရိုင်းရှိ/မရှိ စစ်ဆေးပြီး ဖယ်ရှားရေးဆောင်ရွက်ရန်၊
-ရေဩဇာ ရှိ/မရှိ စစ်ဆေး၍ လိုအပ်ပါက ဖြည့်ပေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။