cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာပင်နှင့်သီးနှံမျိုးစုံ တွဲဖက်စိုက်ပျိုးရာတွင် စဥ်းစားသင့်သည့် အခြေခံအချက်များ

. စိုက်ပျိုးနည်းစနစ်များ
ဥပမာ-တစ်နှစ်ခံပင် (ပီလောပီနံ, ပြောင်း)၊ နှစ်ရှည်ပင် (ကော်ဖီ၊ ကိုကိုးပင်)၊ သစ်သီးပင် (မင်းဂွတ်သီး၊ လိမ္မော်သီး)၊ သစ်မာပင် (ကျွန်းပင်၊ မဟော်ဂနီပင်)၊ ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်ပင်၊ မှိုနှင့် တခြားသီးနှံများကို ရောနှောစိုက်ပျိုးနိုင်ပါသည်။ သီးနှံများကို ရော်ဘာပင်နှင့် တွဲဖက်စိုက်ပျိုးတဲ့အခါ နှစ်ရှည်ပင်နှင့် တွဲဖက်စိုက်ပျိုးခြင်းနှင့် နှစ်တိုသီးနှံ တွဲဖက်စိုက်ပျိုးခြင်း စနစ်တို့သည် ကွဲပြားခြားနားနိုင်ပါသည်။
  • ကမ္ဘာတစ်ဝန်း ရော်ဘာထုတ်လုပ်ရေးတွင် အဓိက စိန်ခေါ်သည့် အချက်မှာ ရှည်လျားသော အစေးခြစ်နိုင်သည့် အပင်သက်တမ်းကို စောင့်ရသည့် အချိန်ဖြစ်သည်။ အစေးမထုတ်နိုင်သေးသော အရွယ်မရောက်သေးသည့် ရော်ဘာပင်သက်တမ်း ခြောက်နှစ် ကာလအတွင်း စိုက်ပျိုးသူများအား ဝင်ငွေ ဆုံးရှုံးစေနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ရော်ဘာစိုက်ပျိုးရေးတွင် ပထမနှစ်နှစ်အတွင်း ဝင်ငွေ ရရှိစေရန် တခြားသီးနှံတစ်မျိုးနှင့်အတူ တွဲဖက်စိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်သည်။ ပထမနှစ်နှစ် အစောပိုင်းတွင် ရော်ဘာစိုက်ခင်းအတွင်း တွဲဖက်စိုက်ပျိုးနိုင်သော သီးနှံများတွင် ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် အခြားတန်ဖိုးမြင့်သော ကောက်ပဲသီးနှံများ ပါဝင်သည်။ ထို့အပြင် ဂျင်း၊ နနွင်း၊ ဟင်းသီးဟင်းရွက်၊ ဝဥ၊ နာနတ်သီး၊ ငှက်ပျောသီးနှင့် ဆေးဖက်ဝင်အပင်များလည်း စိုက်ပျိုးနိုင်သည်။

    သီးနှံမျိုးစုံကို ရော်ဘာပင်နှင့် တွဲဖက်စိုက်ပျိုးနိုင်သည်။ ဥပမာ-တစ်နှစ်ခံပင် (ပီလောပီနံ, ပြောင်း)၊ နှစ်ရှည်ပင် (ကော်ဖီ၊ ကိုကိုးပင်)၊ သစ်သီးပင် (မင်းဂွတ်သီး၊ လိမ္မော်သီး)၊ သစ်မာပင် (ကျွန်းပင်၊ မဟော်ဂနီပင်)၊ ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်ပင်၊ မှိုနှင့် တခြားသီးနှံများကို ရောနှောစိုက်ပျိုးနိုင်ပါသည်။ သီးနှံများကို ရော်ဘာပင်နှင့် တွဲဖက်စိုက်ပျိုးတဲ့အခါ နှစ်ရှည်ပင်နှင့် တွဲဖက်စိုက်ပျိုးခြင်းနှင့် နှစ်တိုသီးနှံ တွဲဖက်စိုက်ပျိုးခြင်း စနစ်တို့သည် ကွဲပြားခြားနားနိုင်ပါသည်။

    သက်တမ်းတို အပင်များကို ပထမ တစ်နှစ်၊ နှစ်နှစ်အတွင်းတွင်သာ ရော်ဘာနှင့်တွဲဖက် စိုက်ပျိုးကြသည်။ အကြောင်းရင်းမှာ ရော်ဘာပင်များ ကြီးလာပြီး အရွက်များကြောင့် အရိပ်ကျကာ နေရောင်ပိတ်ခြင်းကို ဖြစ်စေနိုင်သည့်အတွက် ဖြစ်သည်။

    နှစ်ရှည်သီးနှံများနှင့် တွဲဖက်စိုက်ပျိုးရာတွင် ရော်ဘာပင်စိုက်ချိန်တွင် တစ်ချိန်တည်း စိုက်ပျိုးခြင်း (သို့မဟုတ်) ရော်ဘာပင် စိုက်ပျိုးပြီးနောက် အပင်ရိပ်ကျရောက်မှု ရှိမရှိ၊ နေရောင် ကျရောက်မှု ရှိမရှိ စသည့်အချက်များပေါ်တွင် မူတည်ပီး စိုက်ပျိုးနိုင်သည်။ ယေဘုယျအားဖြင့် သီးနှံအမျိုးအစား အများစုအား အစေးမခြစ်နိုင်သေးသော ရော်ဘာပင် အစောပိုင်းအဆင့်များအတွင်း စိုက်ပျိုးရန် သင့်တော်သည်။ ရာသီဥတုအချက်အလက်များနှင့် ဈေးကွက်ပေါ်မူတည်ပီး စိုက်ပျိုးမည့် သီးနှံကို ရွေးချယ်နိုင်ပါသည်။

    Source: Rubber Based Farming System; Rubber Agro Forestry

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2

    ရော်ဘာစိုက်ပျိုးကြသူများအဖွဲ့ထဲသို့ဝင်ရန်- https://www.facebook.com/groups/2432746880363676/


  • article
likes9comments0
views3534