cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစောင်းခါး ကျန်းမာစေသလား

. ကျန်းမာရေးဆောင်းပါးများ
တစောင်းခါးက အမျှင်ဓာတ် ကြွယ်ဝသလို ရေဓာတ်လည်း ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။ အဆာခံစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုလည်း လောင်ကျွမ်းစေနိုင်တာကြောင့် ဝိတ်ချချင်သူတွေ ပုံမှန် စားသုံးပေးလို့ ရပါတယ်။
  • တစောင်းခါးကို အညာစာ ကြိုက်သူတော်တော်များများကတော့ သိထားပြီး ဖြစ်မှာပါ။ အရသာက ခါးသက်သက်ဆိုပေမယ့် တော်တော်လေး ထမင်းမြိန်စေတဲ့ အစားအစာ တစ်မျိုးပါ။ တစောင်းခါးကို ထုပြီး ဆားနဲ့နယ် ခဏနှပ်ထားပြီး ရေစင်အောင်ဆေးလို ပုစွန်ခြောက် ငါးနီတူ စတာတွေနဲ့ ကြက်သွန်အဖြူအနီ ဆီသတ်ပြီး ကြော်ထားတဲ့ တစောင်းခါးကြော်လေးက တော်တော်လေး စားလို့ ကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ထမင်းမြိန်စေတဲ့ တစောင်းခါးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    တစောင်းခါး ဆိုတာ

    တစောင်းခါး ဆိုတာက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အရွက်လေးတွေက ရှားစောင်းလက်ပပ်ပင်လိုပဲ အထဲမှာ အနှစ်သားလေးတွေပါတဲ့ အစိမ်းရောင် ရှည်ရှည် အတောင့်လေးတွေပါ။ ဘေးအနားသတ်လေးတွေမှာ ဆူးလေးတွေပါတတ်ပါတယ်။ မြေမှာကပ်ပေါက်တတ်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရသာက ဖန်ခါးခါးလေးပါ။

    တစောင်းခါးမှာ ဘာတွေပါ

    အရသာ ခါးသက်သက်လေး ရှိတဲ့ တစောင်းခါးမှာ

    • ဓာတ်တိုးဆန့်ကျင်ပစ္စည်း
    • ကယ်လ်ဆီယမ်
    • မဂ္ဂနီဆီယမ်
    • ပိုတက်ဆီယမ်
    • အမျှင်ဓာတ်
    • ရေဓာတ်တို့ ပါဝင်နေပါတယ်။

    တစောင်းခါး ကျန်းမာစေသလား

    တစောင်းခါး ကျန်းမာစေသလား ဆိုတော့ အခုလို ကျန်းမာစေပါတယ်။

    • ဝိတ်ကျစေနိုင်တယ်

    တစောင်းခါးက အမျှင်ဓာတ် ကြွယ်ဝသလို ရေဓာတ်လည်း ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။ အဆာခံစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုလည်း လောင်ကျွမ်းစေနိုင်တာကြောင့် ဝိတ်ချချင်သူတွေ ပုံမှန် စားသုံးပေးလို့ ရပါတယ်။ တစောင်းခါး မှာပါတဲ့ အင်ဇိုင်းတွေက အဆီတွေကို ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • အင်အားပြည့်စေတယ်

    တစောင်းခါးမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက မလိုတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကြွက်သားတွေထဲက အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကို တိုးစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

    • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

    တစောင်းခါးမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။ ဆဲလ်တွေရဲ့ ဂလူးကို့စ် အသုံးပြုမှုကို တိုးမြှင့်ပေးပြီး သွေးထဲမှာ သကြားဓာတ် မြင့်တက်နေတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့အတွက် စားပေးလို့ ရပါတယ်။

    • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

    တ​စောင်းခါးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေထိခိုက်မှု ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

    • ကျောက်ကပ် ကျန်းမာစေတယ်

    ကျောက်ကပ်က ကိုယ်တွင်းက အညစ်အကြေးတွေကို ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ တစောင်းခါးမှာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကျောက်ကပ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    • မျိုးအောင်နိုင်ခြေ မြင့်စေတယ်


    တစောင်းခါးက အဆီတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အမျိုးသားတွေမှာ သုက်ပိုးပမာဏ တိုးစေဖို့ လုပ်ဆောင်ပေးသလို သုက်ပိုးတွေကို ဓာတ်တိုးပျက်စီးတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    • အသည်း ကျန်းမာစေတယ်

    အဆီပါဝင်မှု များတဲ့ အစားအစာတွေက အသည်းမှာ အဆီတွေစုစေနိုင်ပါတယ်။ တစောင်းခါးက အသည်းမှာ အဆီတွေစုတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အသည်းဆဲလ်တွေ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။

    • ကြွက်သားတက်စေတယ်

    တစောင်းခါးက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေသလို ကိုယ်အလေးချိန်ကို ချပေးပြီး အဆီတွေကျစေတာက ကြွက်သားတက်စေဖို့ ထောက်ကူပေးပါတယ်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာက ကြွက်သားတွေကို ပြေလျော့စေပြီး ကြွက်တက်တာမျိုး မဖြစ်စေဖို့ရော ကြွက်သားဒဏ်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ပါ ထောက်ကူပေးပါတယ်။

    • အစာခြေစနစ် ကျန်းမာစေတယ်

    အမျှင်ဓာတ် ပါဝင်နေတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေသလို အူတွေရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။

    • သွေးတွင်းအဆီ ကျစေတယ်

    တစောင်းခါးမှာ ပါတဲ့ အမျှင်ဓာတ်က သည်းခြေရည် ထွက်ရှိစေဖို့ ထောက်ကူပေးပြီး သွေးတွင်းမှာ အဆီဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီများသူတွေ စားပေးလို့ ရပါတယ်။

    • ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးတယ်

    တစောင်းခါးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး မှိုပိုးတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    • နှလုံးကျန်းမာစေတယ်

    ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ထောက်ကူပေးသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကြွက်သားတွေ သန်မာစေဖို့ ထောက်ကူပေးပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    တစောင်းခါးက လူတိုင်းနဲ့ တည့်ပေမယ့် ဓာတ်မတည့်မှု ခံစားရဖူးသူတွေ၊ ရောဂါအခံ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုင်မိခင်တွေရောပါ။

    ဘာတွေသတိထားရမလဲ

    တစောင်းခါးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အလွန်အကျွံ စားမယ်ဆိုရင်တော့

    • လေထိုးလေအောင့်တာ
    • ဝမ်းချုပ်တာ
    • အစာအိမ်ရောင်တာ
    • မအီမသာဖြစ်တာ
    • လျှာတွေရောင်တာ
    • အိပ်မပျော်တာ

    Hello ဆရာဝန်မှ ကူးယူဖော်ပြပါသည်။


  • article
likes4comments0
views2140